ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား

HIV ဆိုတာ လိင်ဆက်ဆံခြင်း ကနေ အများဆုံး ကူးစက်တဲ့ ရောဂါဖြစ်ပြီး လိင်အင်္ဂါကထွက်တဲ့ အရည်၊ သွေးတွေကို ထိတွေ့မိရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီးဖြစ်စေ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာကဖြစ်စေ၊ မိခင်က သန္ဓေသားကိုဖြစ်စေ ကူးစက်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတော်တော်များများ မေးတတ်ကြတဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ HIV ပိုး ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလား ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဆိုတာ ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး ယောက်ျားတွေရဲ့ လိင်တံ၊ မိန်းမတွေရဲ့ ယောနိ ဒါမှမဟုတ် စအိုဝကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံကြတဲ့ အမျိုးသားတွေ သဘောကျနှစ်သက်ကြပြီး အမျိုးသမီးတချို့လည်း ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို နှစ်သက်ကြပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ HIV […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ

အမျိုးသားတွေအတွက် လိင်မှုဘဝဆိုတာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အိမ်ထောင်ရေးသုခပြီးပြည့်စုံမှုအပြင် ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်လေး ဖွားမြင်နိုင်ဖို့ အမျိုးသားတွေရဲ့ သုက်ကောင်တွေဟာ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သုက်ကောင်ရေ နဲ့ ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ ကျန်းမာတဲ့ ရင်သွေးငယ်လေး ရရှိစေဖို့အတွက် သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ ကို လေ့လာလိုက်ရအောင်နော်။ သုက်ကောင်ရေတိုးပြီး မျိုးအောင်စေမယ့် သဘာဝနည်းလမ်းတွေ မျိုးအောင်ဖို့အတွက် သုက်ကောင်ရေ ပမာဏ များရမယ်။ သုက်ပိုးတွေ ကျန်းမာရမယ်။ ဒါဆိုရင် အမျိုးသားတွေ မျိုးအောင်ဖို့ ဘာတွေ လုပ်သင့်လဲ။ သုက်ကောင်ရေ ပမာဏတိုးစေဖို့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေနဲ့ သဘာဝနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ လေ့ကျင့်ခန်းလုပ်ပါ။ စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ ကျန်းမာပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး၊ လိင်မှုဘဝကို ပိုင်ဆိုင်ကြတဲ့ အမျိုးသားတွေဟာ […]


သားဆက်ခြားခြင်း

အလုပ်များတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း

တစ်နေ့တာမှာလုပ်စရာတွေများလွန်းလို့ ကိုယ့်ကိုကိုယ်တောင်ဂရုစိုက်မကြည့်မိဘူး။ မိုးလင်းတာနဲ့ ချက်ရပြုတ်ရ၊ ရှင်းလင်းရနဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေထမ်းဆောင်ရတယ်။ ပြီးရင် ပြင်ဆင်ပြီး ရုံးသွားလို့ ရုံးဝန်ထမ်းအဖြစ် တစ်နေ့တာကို ကုန်ဆုံးရပြန်တယ်နော်။ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်ရင်းပေါ့။ ဒီနေ့ခေတ်မှာဆိုရင် အမျိုးသမီးတွေက အရင်တုန်းကလို အိမ်မှာနေ၊ကလေးထိန်း အိမ်မှုကိစ္စလုပ်ရုံတင်မဟုတ်တော့ဘဲ အပြင်ထွက်အလုပ်လုပ်ရတဲ့အတွက် အလုပ်ပိုများလာတာတော့အမှန်ပါပဲ။ ဒီလိုအလုပ်များတဲ့လေဒီတွေအနေနဲ့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတဲ့အခါ တစ်ပူပေါ်တစ်ပူဆင့် အလုပ်ပိုများလာမှာဖြစ်တာကြောင့် မအားတဲ့ကြားထဲကနေပဲ သားဆက်ခြားဖို့ကိုလည်း လုပ်ရပြန်ပါသေးတယ်။ သားဆက်ခြားနည်းအမျိုးမျိုးကို သုံးရပြီလေ။ အလုပ်များတဲ့အမျိုးသမီးတွေအတွက် သားဆက်ခြားနည်းတွေကို ထပ်သုံးရတာကလည်း နောက်ထပ်အလုပ်ပိုတစ်ခုပါ။ လေဒီတို့ရွေးချယ်နိုင်တဲ့သားဆက်ခြားနည်းတွေက အမျိုးသားသုံးကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးသုံးကွန်ဒုံး သန္ဓေတားသောက်ဆေး (mini-pill) သန္ဓေတားထိုးဆေး လက်မောင်းတွင်းထည့်ပစ္စည်း သားအိမ်တွင်းထည့်ပစ္စည်း (IUD)ထည့်တာရော အမျိုးမျိုးပါပဲ။ အလုပ်များတဲ့သူတွေအတွက် ရွေးချယ်စရာနည်းလမ်းနှစ်ခု။ ဒီနည်းလမ်းတွေက တစ်မျိုးစီမှာအားသာချက်တွေအသီးသီးရှိကြပေမယ့် အချိန်ပေးရတာကတော့အမှန်ပါပဲ။ဆေးသောက်မယ်ဆိုရင်လည်း တစ်ရက်မပျက်သောက်ရမှာဖြစ်သလိုဆေးထိုးမယ်ဆိုရင်လည်း သတ်မှတ်ရက်မှာ ဆရာဝန်ဆီသွားပြီး ရက်အတိအကျနဲ့ဆေးထိုးရမှာပါ။ ကွန်ဒုံးဆိုရင်လည်း ဆက်ဆံမှုပြုတိုင်းမှာ သတိထားပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်

ကလေးလိုချင်တဲ့ စုံတွဲတွေအတွက် ကိုယ်ဝန်ဆိုတာ ဘုရားက ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါပေမယ့် မရည်ရွယ်ဘဲ၊ မလိုချင်ဘဲ ကိုယ်ဝန်ရ သွားပြီဆိုရင်တော့ စိတ်သောကတွေ ရောက်ရပါတယ်။ ဒီနိုင်ငံမှာဆိုရင်တော့ သမီးရည်းစားဘဝမှာတင် ကိုယ်ဝန်ရသွားတဲ့အခါ ပတ်ဝန်းကျင်အမြင်၊ ဘဝတက်လမ်း စတာတွေကို စဉ်းစားရတာလည်း ပါတာပေါ့။ ဒီလိုနဲ့ တရားမဝင် ကိုယ်ဝန်တွေ ဖျက်ချကြပြီး အသက်ဆုံးရှုံးကြတာတွေဖြစ်လာပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လိင်မှုကိစ္စနဲ့ ပက်သက်ပြီး လူငယ်တွေ သိပ်ဗဟုသုတ မရှိတာကို လက်ညှိုးထိုးစရာရှိပါတယ်။ ဒါကြောင့် မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ် ကို သိထားဖို့ လိုကို လိုလာပါပြီ။ မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ် တစ်ခုကောင်းတာက အရင်တုန်းကထက် ပိုပြီးပွင့်လင်း မြင်သာရှိလာတဲ့ အခုခေတ်ကြီးမှာ ကိုယ်သိချင်တာတွေကို အင်တာနက်မှာ ချက်ချင်းတင်မေးလို့ရပြီး အဖြေ ချက်ချင်းသိရတဲ့ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ။

လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ (STDs) တော်တော်များများက လိင်အင်္ဂါမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံး (သို့မဟုတ်) dental dam လို့ခေါ်တဲ့ ၆ လက်မ ပတ်လည်ခန့် စတုရန်းပုံ ရော်ဘာ အပြားလေးတွေလို အကာကွယ် နည်းလမ်းသုံးခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကူးစက်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ တခြား လိင်ဆက်ဆံမှု ပုံစံတွေထက် HIV ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ နည်းတယ်ဆိုပေမဲ့ မကြာခဏ အကာကွယ်မဲ့ဆက်ဆံမိနေရင် ကူးစက်နိုင်ခြေကို ပိုများလာစေနိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာတို့ကို အသုံးပြုပြီး လိင်တံကို လှုံဆော်ပေးခြင်း (fellatio) နဲ့ အမျိုးသမီး အင်္ဂါကို လှုံ့ဆော်ပေးခြင်း (cunnilingus) နဲ့ စအိုကို လှုံ့ဆော်ပေးခြင်း (anilingus) တို့ပါဝင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ လိင်ပိုင်းဆိုင်ရာ […]


သားဆက်ခြားခြင်း

သားကြောဖြတ်တာနဲ့ ပက်သက်လို့ လေဒီတို့ အမေးများတဲ့ မေးခွန်းများ ။ ။

သားဆက်ခြားတဲ့ နည်းတွေထဲမှာ သားကြောဖြတ်တဲ့ နည်းဟာ နာမည်ကြီးတဲ့ သားဆက်ခြားနည်းတစ်ခုပါ။ ကလေး မလိုချင်လို့သာ လုပ်လိုက်ရပေမယ့် သားကြောဖြတ်တာနဲ့ ပက်သက်လို့ မရှင်းတာတော်တော်များများရှိကြပါတယ်။ လေဒီတို့ စိတ်ထဲ မရှင်းလို့ မေးချင်နေကြတဲ့ မေးခွန်းတွေက ဘာများပါလိမ့်။ ။ ၁။ သားကြောဖြတ်တယ်ဆိုတာ ဘာလဲ ။ ။ သားကြောဖြတ်တယ်ဆိုတာ ကလေးယူဖို့ အစီအစဉ် မရှိတော့တဲ့ အမျိုးသမီးတွေမှာ သားဥဆင်းတဲ့ လမ်းကြောင်းဖြစ်တဲ့ သားဥပြွန်ကို ချည်တဲ့နည်းနဲ့ ကိုယ်ဝန် မရတော့အောင် လုပ်ပေးတဲ့ သားဆက်ခြားနည်းတစ်ခုပါ။ ဒါမှသားအိမ်ထဲ သားဥ မဆင်းတော့၊ သုက်ပိုးလည်း သားဥနဲ့ မတွေ့တော့လို့ ကိုယ်ဝန် တစ်ခုဖြစ်မလာတော့ပါဘူး။ ၂။ သားကြောဖြတ်ပြီး ကလေးပြန်ယူလို့ရသေးလား။ ။ သားကြောဖြတ်တယ်ဆိုတာ သားဥပြွန်ကို ချည်လိုက်တာဆိုတော့ ချည်ထားတာကို ပြန်ဖြည်လိုက်ရင် ကလေးပြန်ယူလို့ ရတယ်လို့ထင်တတ်ကြပါတယ်။ တကယ်က မရတော့ပါဘူး။ သားကြောဖြတ်တယ်ဆိုတာ […]


HIV နှင့် AIDS ရောဂါ

ကိုယ့်မှာ HIV ပိုးရှိမှန်း သိပြီးသွားရင် ဘာဆက်လုပ်မလဲ

HIV ဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပြီး ကိုယ်ခံအားကို အဓိကထား တိုက်ခိုက်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။ မိခင်မှတစ်ဆင့်၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာမှ ဖြစ်စေ၊ ရောဂါပိုးရှိသူရဲ့ သုက်၊ သွေးကို ထိတွေ့မိရာကနေ ကူးစက်ပါတယ်။ HIV ပိုးဟာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 လို့ ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ သေချာမကုသတဲ့အခါမှာ ကိုယ်ခံအားစနစ်ဟာ ကျဆင်းလာပြီး တခြားရောဂါတွေ အလွယ်တကူဝယ်လာနိုင်ပါတယ်။ နောက်ဆုံးမှာ ခုခံအားကျဆင်းမှုရောဂါ AIDS အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သွေးစစ်ကြည့်လိုက်တယ်။ ကိုယ့်မှာ HIV ရောဂါပိုးရှိတယ် ဆိုတဲ့ ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအရ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ၊ ရှေ့ဆက် ဘာတွေ ဆက်လုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။ ၁။ ART ဆေး စတင်သောက်ပါ။ လက်ရှိမှာတော့ […]


သားဆက်ခြားခြင်း

အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ

အရေးပေါ်တားဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးတဲ့နောက် ဒါမှမဟုတ် ပုံမှန်သုံးနေကျ သန္ဓေတားနည်းက တစ်ခုခု ချို့ယွင်းသွားလို့ (ဥပမာ ကွန်ဒုံးပေါက်သွားတာမျိုး) ဒါမှမဟုတ် တစ်နေ့တစ်လုံးသောက်နေကျ သောက်ဆေးသောက်ဖို့ မေ့သွားတဲ့အခါမျိုးမှာ သုံးလို့ ရပါတယ်။ အရေးပေါ်သန္ဓေတားနည်းအနေနဲ့ သောက်ဆေးနဲ့ အရေးပေါ်သားအိမ်အတွင်းထည့်နည်းဆိုပြီး နှစ်မျိုးရှိပေမယ့် အသုံးများတာက သောက်ဆေးဖြစ်တဲ့အတွက် သောက်ဆေးအကြောင်းကိုပဲ ပိုဆွေးနွေးလိုပါတယ်။ အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ အကြောင်းအရာလေးတွေကို ပြောပြပေးသွားပါမယ်။ အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ အရေးပေါ်တားဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး နောက် သုံးရက် (တချို့ဆေးတွေက ငါးရက် ) အတွင်း သောက်လို့ ရပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံမှု ပြီးပြီးချင်း စောစောသောက်လေ ပိုသန္ဓေတားနိုင်လေဖြစ်ပြီး ပိုစိတ်ချရပါတယ်။ နောက်ကျလေ သန္ဓေတားနိုင်စွမ်း ပိုနည်းပါးလေဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်ခြင်း  ဗိုက်အောင့်ခြင်း မအီမသာဖြစ်ခြင်း  ပျို့အန်ခြင်းတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ရာသီရက်ပြောင်းခြင်း၊ ရာသီမမှန်ခြင်း၊ […]


သားဆက်ခြားခြင်း

တခြားသန္ဓေတား နည်းလမ်းတွေထက် ပိုကောင်းမွန်တဲ့ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း

အိမ်ထောင်ပြုပြီးခါစ အမျိုးသမီးတိုင်း ခေါင်းစားကြတဲ့ကိစ္စတစ်ခုရှိပါတယ်။ ကိုယ်ဝန်တန်းယူမှာလား၊ ကြားထဲမှာ ကိုယ်ဝန်မရအောင်သားဆက်ခြားရမလား ဆိုတဲ့ ကိစ္စကြီးပါ။ အိမ်ထောင်ကျသွားလို့ ကိုယ်ဝန်ရတာ သဘာဝဖြစ်စဉ်ဖြစ်တဲ့အတွက် ကိုယ်ဝန်တန်းယူတာနဲ့ ပက်သက်လို့ အထွေအထူးပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် သဘာဝဖြစ်စဉ်ကို ဆန့်ကျင်တဲ့ ကိုယ်ဝန်ကိုတားဖို့ အတွက်ကတော့ အနည်းငယ် ခေါင်းစားပါလိမ့်မယ် ။ ကိုယ်နဲ့ ဘယ်သားဆက်ခြားနည်းကသင့်တော်တာလဲ။ ကိုယ်သုံးမယ့်သားဆက်ခြားနည်းတွေမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိလဲ။ စတာတွေပေါ့။ သားဆက်ခြားနည်းတွေထဲမှာ အထိရောက်ဆုံးနဲ့ ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ သားဆက်ခြားနည်းရှိလား။ ။ ရှိပါတယ်။ ကိုယ်ဝန်ကိုလည်း အမှန်တကယ်ထိထိရောက်ရောက်တားပေးပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ သန္ဓေတားနည်းရှိပါတယ်။ ခုဆောင်းပါးလေးထဲမှာအကောင်းဆုံး သန္ဓေတားနည်းတွေထဲက တစ်ခုဖြစ်တဲ့ လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်းအကြောင်းကို ပြောပြပေးသွားမှာပါ ။ သူက ကိုယ်ဝန်ကို ဘယ်လိုတားပေးလဲ ။ တစ်ခြား သန္ဓေတားနည်းတွေထက် ဘာကြောင့်ပိုကောင်းရလဲဆိုတာတွေကိုလည်း ပြောပြပေးမယ်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ ဘာလဲ။ ။ လက်မောင်းတွင်းထည့်သန္ဓေတား […]


သားဆက်ခြားခြင်း

သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ

တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးသမီးတွေလည်း အမျိုးသားတွေနည်းတူ အိမ်ထောင်မှုတာဝန်တွေကို နိုင်တဲ့ဘက်ကနေ လုပ်ဆောင်နေကြရပါတယ်။ ဒီလိုမျိုးအလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် အဆင်သင့်မဖြစ်သေးချိန်မှာ ကလေးရရှိသွားတာမျိုးမဖြစ်စေဖို့ သန္ဓေတားနည်းတွေက အမျိုးမျိုးရှိပါတယ်။ ဒီထဲမှာမှ အခုတစ်ခေါက်တော့ Hello ဆရာဝန်ရဲ့ အမျိုးသမီးပရိသတ်ကြီးအတွက် သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ တွေကို ပြောပြပေးပါမယ်နော်။ သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ ကတော့ ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သန္ဓေတားသောက်ဆေးက ဘာတွေလုပ်ပေးလဲ သန္ဓေတားနည်းကဆေးထိုးရတာနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD)၊ လက်မောင်းတွင်းထည့်ပစ္စည်း (implant) တို့ကို မနှစ်သက်တဲ့အမျိုးသမီးတွေ အဖို့တော့သောက်ဆေးရှိပါတယ်နော်။ နေ့တိုင်းပုံမှန်သောက်ရတာဖြစ်ပြီး ကိုယ်ဝန်မရရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ သန္ဓေတားဆေးထဲမှာပါတဲ့ဟော်မုန်းက သားဥတွေကို သားဥအိမ်ထဲကနေထွက်မသွားအောင်တားဆီးပေးပါတယ်။ သားဥအိမ်ထဲကနေ မျိုးဥတွေကို ထွက်မသွားစေဘူးဆိုမှတော့ မျိုးအောင်နိုင်ခြေက မရှိတော့ဘူးလေ။ ဒီတော့ မထင်မှတ်ဘဲ ကိုယ်ဝန်ရရှိတာမျိုးမရှိတော့ဘူးပေါ့။ သန္ဓေတား သောက်ဆေးတွေထဲမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုးကို ပေါင်းစပ်ထားတဲ့ ပေါင်းစပ်သန္ဓေတားဆေးနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း