backup og meta

Trichomoniasis ရောဂါအကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Trichomoniasis ရောဂါအကြောင်း သိကောင်းစရာ

    Trichomoniasis ဆိုတာ လိင်ကတဆင့်ကူးစက်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့် ဖြစ်ရတဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး ဘယ်လောက်အကြာမှာ ရောဂါကူးစက်ခံရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးပေမယ့် ၅ရက်ကနေ ၂၈ရက်ကြား ဖြစ်လိမ့်မယ်လိုတော့ အကြမ်းဖျင်းခန့်မှန်းထားပါတယ်။

    ရောဂါကူးစက်ခံထားရသူ အမျိုးသမီးတွေမှာ မိန်းမကိုယ်မှ အနံ့နံတဲ့အရည် ဆင်းခြင်း၊ မိန်းမကိုယ်ယားယံခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်း စတဲ့ လက္ခဏာတွေ ပြလေ့ရှိပြီး အမျိုးသားတွေမှာတော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒီရောဂါကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေ များပါတယ်။

    Trichomoniasis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

    ဒီရောဂါကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြတတ်ပေမယ့် အမျိုးသမီးတွေအနေနဲ့ အောက်ဖော်ပြပါ လက္ခဏာများရှိမရှိ မိမိကိုယ်ကိုယ် သတိပြုစစ်ဆေးသင့်ပါတယ်။

    • မိန်းမကိုယ်မှ အဖြူရောင်၊ မီးခိုးရောင်၊ အဝါရောင် သို့မဟုတ် အစိမ်းရောင် အနံ့ဆိုးဆိုးအရည် အများအပြားဆင်းခြင်း
    • မိန်းမကိုယ်တဝိုက် နီရဲခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ယားယံခြင်း
    • ဆီးသွားစဉ်နှင့် လိင်ဆက်ဆံစဉ် နာကျင်မှုဝေဒနာ ခံစားရခြင်း
    • ရှားရှားပါးပါးဆိုသလို အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့
    • လိင်တံအတွင်း ကျိန်းစပ်စပ်ခံစားရခြင်း
    • ဆီးသွားချိန်နှင့် သုတ်လွှတ်ပြီးချိန်များတွင် ပူစပ်ပူလောင် ခံစားရခြင်း
    • လိင်တံမှ အရည်ထွက်ခြင်း

    ဘယ်အချက်တွေက Trichomoniasis ရောဂါ ကူးစက်ခံရနိုင်ခြေကို မြင့်စေသလဲ

    အောက်ပါအခြေအနေတွေက Trichomoniasis ရောဂါကူးစက်နိုင်ခြေကို မြင့်စေပါတယ်။

    Trichomoniasis ရောဂါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အောက်ပါကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    • လမစေ့ဘဲမီးဖွားခြင်း
    • ပေါင်မပြည့်သည့်ကလေးမွေးဖွားခြင်း
    • မီးဖွားချိန်တွင် ကလေးဆီရောဂါကူးစက်ခြင်

    အထူးသတိပြုရမယ့်အချက်ကတော့ Trichomoniasis ရောဂါရှိသူ အမျိုးသမီးတွေဟာ အိတ်ခ်ျအိုင်ဗွီပိုး အလွယ်တကူကူးစက်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

    Trichomoniasis ရောဂါကို ဘယ်လိုကုသရမလဲ

    အမျိုးသမီးတွေအနေနဲ့ ကျွမ်းကျင်သူဆရာဝန်ဆီမှာ မျိုးပွားအင်္ဂါ စစ်ဆေးစမ်းသပ်မှုခံယူပြီး မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို ဓါတ်ခွဲစမ်းသပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် အတည်ပြုခြင်း

    အကယ်၍ သင်ဟာ အမျိုးသမီးတစ်ဦးဖြစ်မယ်ဆိုရင် ဒီရောဂါရှိမရှိ မိန်းမကိုယ်ကထွက်တဲ့အရည်ကို နမူနာယူပြီး အဏုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးရမှာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ အမျိုးသားတစ်ဦးဖြစ်မယ်ဆိုရင်တော့ သင့်ဆီးနမူနာကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ Rapid antigen test နဲ့ nucleic acid amplification တို့လို ပိုမိုမြန်ဆန်တဲ့ စစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

    ရောဂါကုသခြင်း

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် Trichomoniasis ရောဂါကူးစက်ခံထားရသူ အများစုဟာ metronidazole (Flagyl) ဒါမှမဟုတ် tinidazole (Tindamax) ကို တစ်ကြိမ်ထဲ ပမာဏများများ သောက်သုံးရုံနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။ ရောဂါရှိသူရော သူ့ရဲ့အဖော်ပါ နှစ်ဦးစလုံး ကုသမှုခံယူရမှာဖြစ်ပြီး ရောဂါပျောက်ကင်းလို့ အနည်းဆုံးတစ်ပတ်ကြာတဲ့အထိ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

    Metronidazole နဲ့ Tinidazole တို့ဟာ အရက်သေစာနဲ့ဓါတ်ပြုပြီး ပြင်းပြင်းထန်ထန် ပျို့အန်စေတတ်တဲ့အတွက် Metronidazole သောက်သုံးပြီး အနည်းဆုံး ၂၄နာရီ၊ Tinidazole သောက်သုံးပြီး အနည်းဆုံး ၇၂နာရီ ကြာတဲ့အထိ အရက်သေစာသောက်စားခြင်းမှ သတိပြုရှောင်ကြဉ်သင့်ပါတယ်။

    ရောဂါကာကွယ်ခြင်း

    Trichomoniasis ရောဂါ ကူးစက်မခံရအောင် ကာကွယ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်းပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါတိုင်း သင်ရောသင့်အဖော်ပါ အကာအကွယ် (ကွန်ဒုံး) အသုံးပြုခြင်းအားဖြင့်လည်း ရောဂါကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement