ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ

ဒီလိုအဖြစ်အပျက်တွေဟာ အမြဲတမ်းဖြစ်နေကျ ကိစ္စတွေမို့ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာက တစ်ခုခု ထိတ်လန့်စရာပေါ်လာရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တာ သဘာဝပဲလေ။ ဒါကြောင့် မတော်တဆဆိုသလို လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ ဆိုတော့ အရင်ဆုံး အခြေအနေကို သေချာလေ့လာကြည့်ပါ။ ကွန်ဒုံး ပေါက်ပြဲသွားတာ သိတာနဲ့ ချက်ချင်းထုတ်ပြီး အသစ်တစ်ခုလဲပါ။ ကွန်ဒုံးက လိင်တံပေါ်မှာ မကျန်နေဘဲ မိန်းမကိုယ်အတွင်းမှာ ညှပ်ကျန်နေခဲ့ရင် ဂရုစိုက်ပြီး ဆွဲထုတ်ပေးပါ။ သုက်မလွှတ်ခင် ပေါက်ပြဲသွားရင် လဲလိုက်ရုံနဲ့ အဆင်ပြေပေမယ့် သုက်လွှတ်ပြီးမှ သိတာဆိုရင်တော့ နည်းနည်းဂရုစိုက်ဖို့ လိုပါတယ်။ မိန်းကလေးအနေနဲ့ အမြန်ဆုံးလုပ်သင့်တာကတော့ အိမ်သာထဲကို အမြန်ဆုံးဝင်ပြီး ထိုင်ချလိုက်ပါ။ အထဲမှာရှိနေတဲ့ သုက်ရည်တွေ အပြင်ပြန်ထွက်လာအောင် မိန်းမကိုယ်ကြွက်သားကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား ..... လိင်ဆက်ဆံနေချိန်မှာတော့ ဘာကိုမှ မတွေးဘဲ ဖြစ်ချင်သလို ဖြစ်လိုက်ပေမယ့် ဆန္ဒပြီးမြောက်သွားချိန်မှာ ပုံမှန်အသိစိတ်ဝင်လာပြီး သန့်ရှင်းရေးလုပ်ဖို့ကို အရမ်းတာဆူတတ်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ အသန့် အရမ်းကြိုက်တဲ့သူတွေပေါ့။ တကယ်တော့ ဆက်ဆံပြီးတဲ့အချိန်လေးမှာ အလျင်အမြန်ထပြီး သန့်ရှင်းရေးလုပ်တာမျိုးထက် အိပ်ရာလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ပွန်းတသီးနေတာ၊ အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာမျိုး လုပ်ပေးနိုင်ရင် နှစ်ဦးကြား သံယောဇဉ် ပိုတိုးစေနိုင်တယ်နော်။ ဒီတော့ ဘယ်လိုအခြေအနေမှာ သန့်ရှင်းရေးအမြန်လုပ်သင့်လဲ၊ ဘာတွေကို ဦးစားပေးမလဲ၊ လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုသင့်၊ မလိုသင့်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား ဒါလေးကို အရင်ဖတ်ကြည့်လိုက်နော်။ ၁။ မိန်းမကိုယ်ကို အမြန်သန့်ရှင်းရေးလုပ်ဖို့ မလိုပါဘူး။ ဥပမာ အမျိုးသားက အထဲမှာ သုက်ရည်လွှတ်လိုက်တယ်ဆိုပါတော့၊ ကိုယ်ဝန်ရသွားမှာ၊ ရောဂါပိုးကူးသွားမှာ အစရှိတဲ့အကြောင်းပြချက်တွေနဲ့ ရေချိုးခန်းကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism)

လူတော်တော်များများမှာ Fetish လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေ ရှိတတ်ကြပါတယ်။ ကိုယ့်မှာရှိမှန်း သိတဲ့သူနဲ့ မသိတဲ့သူဆိုပြီးတော့ပဲ ကွာသွားတာပါ။ ဒီနေ့ပြောပြပေးမှာကတော့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေထဲကမှ ချွန်ထက်တဲ့ အရာဝတ္ထုတွေနဲ့ အသားနာအောင် ထိုးဆွမှ လိင်စိတ်ဆန္ဒအမြင့်ဆုံးရောက်တဲ့သူတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအခြေအနေကို ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) လို့ ခေါ်ပါတယ်။ ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) ဆိုတာဘာလဲ။ ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) ဆိုတာက လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့အဖော်ကို နှိပ်စက်ညှင်းပန်းလိုတဲ့ ဆန္ဒနဲ့ လုပ်တဲ့အပြုအမူပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ပြင်းထန်လွန်းတဲ့ လိင်စိတ်ဖြေဖျောက်ခြင်းမှာ ပါဝင်ပြီး တစ်ဖက်သားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအရာဝတ္ထုတွေကို အဓိကအသုံးပြုလဲ။ ချွန်ထက်တဲ့ အရာဝတ္ထုတိုင်းကို အသုံးပြုနိုင်ပါတယ်။ အပ်၊ လက်သည်း၊ ဓား၊ သင်တုန်းဓား၊ တွယ်ချိတ်၊ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ

အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ ..... Inhibited Sexual Desire (ISD) ဆိုတာ လိင်စိတ်ဆန္ဒကို အောက်ဆုံးအခြေအနေထိ လျော့နည်းသွားစေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ Low Libido - လိင်စိတ်ဆန္ဒလျော့နည်းလာခြင်းနဲ့ Asexual Orientation - မွေးကတည်းက လိင်မှုကိစ္စကို စိတ်မပါဝင်စားခြင်း၊ လိင်စိတ်တိမ်းညွတ်မှုမရှိခြင်းနဲ့ လက္ခဏာချင်းဆင်တူပေမယ့် အနည်းငယ်ကွဲပြားမှုတွေတော့ ရှိနိုင်ပါတယ်။ အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ISD ဘယ်နှစ်မျိုးရှိသလဲ။ အခြေအနေနဲ့ ဝေဒနာရှင်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာတော့ လိင်စိတ်မဖြစ်ပေါ်ဘဲ တခြားသူတွေနဲ့သာ လိင်ဆက်ဆံလိုစိတ် ပြင်းပြတာ ဘယ်သူ့အပေါ်ကိုမှ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်ခြင်းမရှိတာ အိမ်ထောင်ကျကာစမှာ မကြာခဏချစ်တင်းနှောတတ်ပြီး နောက်ပိုင်းမှာ အသားတောင်အထိမခံချင်တော့အထိ ဖြစ်တာ အိမ်ထောင်ဖက်နှစ်ဦးမှာ တစ်ဦးက […]


ရေယုန်

နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်

များသောအားဖြင့် ရေယုန်ဆိုတာ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်တတ်ပြီး ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ လိင်အင်္ဂါမှာသာမက တခြားအရေပြားပေါ်မှာလည်း ကူးစက်နိုင်ပါတယ်။ HIV နဲ့ မတူဘဲ တံတွေးကတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ရေယုန်ပေါက်နေတဲ့ သူနဲ့ နမ်းမိတာ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတဲ့အခါ ရေယုန်ဗိုင်းရပ်စ်က တံတွေးကနေ ကိုယ်ထဲကိုကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်လာစေပါတယ်။ အခုတစ်ခေါက်တော့ နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/infectious-diseases/herpes/%E1%80%94%E1%80%BE%E1%80%AF%E1%80%90%E1%80%BA%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%80%9B/ နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ် ရေယုန်ဗိုင်းရပ်စ်လို့ ပြောရင် လိင်အင်္ဂါမှာ ရေယုန်ဖြစ်စေတဲ့ HSV 2ဗိုင်းရပ်စ်ရယ်၊ နှုတ်ခမ်းတစ်ဝိုက်မှာ ဖြစ်စေတဲ့ HSV 1ဗိုင်းရပ်စ်ရယ်ဆိုပြီး ၂မျိုး ရှိပါတယ်။ နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ဖြစ်တယ်ဆိုရင် ရောဂါပိုးရှိသူရဲ့ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတာကြောင့်လည်း ဖြစ်နိုင်သလို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ

ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ မကြာခဏ လိင်ဆက်ဆံမှုပြုတာ သဘာဝပဲဆိုပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ ပေါင်းသင်းနေထိုင်ပြီးတဲ့ စုံတွဲတွေမှာတော့ ညားကာစလောက်တော့ လက်ပွန်းတသီးနေတာမျိုး သိပ်မရှိတော့ဘူးပေါ့။ ဒါပေမယ့်လည်း ဇနီးမောင်နှံရယ်လို့ ဖြစ်လာတဲ့အခါ လုံးဝလိင်မှုကိစ္စကို ရှောင်တာမျိုးထက် အကြိမ်ရေ သတ်မှတ်ထားတာတော့ ပိုကောင်းပါတယ်။ ဒီတစ်ခေါက်တော့ စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ ဆိုတာကို ပြောပြပေးသွားပေးပါမယ်။ စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ ဆိုတော့ ပြောကြတာကတော့ အမျိုးမျိုးပါပဲ။ တစ်ပတ်တစ်ကြိမ် လိင်ဆက်ဆံတာက အကောင်းဆုံး၊ တစ်လကို တစ်ကြိမ်ဆက်ဆံတာက ပုံမှန်ဖြစ်တယ် အစရှိသဖြင့်ပေါ့။ တကယ်တမ်းမှာ အိမ်ထောက်ဖက် တစ်ဦးနဲ့ တစ်ဦး လိင်မှုကိစ္စမှာ စိတ်ပါပုံချင်း၊ စွမ်းဆောင်ပုံချင်းက မတူညီတာကြောင့် ပုံမှန်လိင်ဆက်ဆံတဲ့ အကြိမ်ရေကို တိတိကျကျ တွက်ဆလို့ မရပါဘူး။ ညားကာစမှာဖြစ်စေ၊ […]


သားဆက်ခြားခြင်း

ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ

သားကြောဖြတ်ခြင်း (Vasectomy) ဆိုတာ သုက်ရည်ထဲသို့ သုက်ပိုးများဝင်ရောက်လာအောင် ပို့ဆောင်ပေးတဲ့ ပြွန်ကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ သုက်ရည်ထဲမှာ သုက်ပိုးများ မပါရှိတော့တာကြောင့် သုက်လွှတ်ပြီးနောက်မှာလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိတော့ပါဘူး။ ဒီနည်းလမ်းဟာ အမျိုးသားတွေအတွက် အထိရောက်ဆုံး သန္ဓေတားနည်းဆိုလည်း မမှားပါဘူး။ ခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ သားကြောဖြတ်ခြင်းနှင့် လိင်မှုဘဝ သက်ရောက်မှုအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကဲ ..... ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ ဆိုတော့ သားကြောဖြတ်ဖို့ ခွဲစိတ်ထားတဲ့ နေရာမှာ အနာမကျက်မချင်း လိင်ဆက်ဆံမှုကို ရှောင်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ပြီး အနည်းဆုံး တစ်ပတ်အထိ သို့မဟုတ် ခွဲထားတဲ့နေရာမှာ ရောင်နေတာ၊ နာကျင်နေတာမျိုး လုံးဝမခံစားရတော့တဲ့အချိန်မှ လိင်ဆက်ဆံမှု […]


HIV နှင့် AIDS ရောဂါ

HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော်

HIV ပိုး သင့်မှာရှိနေနိုင်လား။ ဒါဆိုရင်တော့ ပုံမှန်သွေးစစ်ပြီး စစ်ဆေးဖို့ လိုမယ်နော်။ ဘာကြောင့်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ HIV ဆိုတာ ကိုယ်ခံအားစနစ်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် HIVပိုးကူးခံရတဲ့အခါ လက္ခဏာတွေက မသိသာတာကြောင့် ကိုယ့်မှာပိုးရှိလို့ ရှိနေမှန်းတောင် မသိတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ကိုယ့်မှာ HIV ရှိမှန်းမသိတဲ့အခါ ဆေးဝါးကုသမှုမခံယူတော့ ပိုးတွေက သွေးထဲမှာ အမြဲပွားများနေတာပေါ့။ အချိန်ကြာလာတဲ့အခါ သွေးထဲမှာရှိနေတဲ့ CD4 လို့ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ဆဲလ်တွေက နည်းလာတယ်။ ကိုယ်ခံအားစနစ် ဆုတ်ယုတ်လာတဲ့အခါ ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတယ်။ နောက်ဆုံး AIDS ခုခံအားကျဆင်းမှုရောဂါ အခြေအနေကို ရောက်လာတဲ့အခါ လူက ပိန်ချုံးချိနဲ့ပြီး အသက်ဆုံးပါးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော် ဒါဆို HIV […]


HIV နှင့် AIDS ရောဂါ

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး

PrEP နဲ့ PEP ဆေး တွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။ လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေးအကြောင်းလေး ဆက်ကြည့်လိုက်ရအောင်နော်။ PrEP ဆေးဆိုတာဘာလဲ။ ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။ အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုး ရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း