ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) ဆိုတာဘာလဲ။
ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) ဆိုတာက လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့အဖော်ကို နှိပ်စက်ညှင်းပန်းလိုတဲ့ ဆန္ဒနဲ့ လုပ်တဲ့အပြုအမူပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ပြင်းထန်လွန်းတဲ့ လိင်စိတ်ဖြေဖျောက်ခြင်းမှာ ပါဝင်ပြီး တစ်ဖက်သားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဘယ်လိုအရာဝတ္ထုတွေကို အဓိကအသုံးပြုလဲ။
ချွန်ထက်တဲ့ အရာဝတ္ထုတိုင်းကို အသုံးပြုနိုင်ပါတယ်။ အပ်၊ လက်သည်း၊ ဓား၊ သင်တုန်းဓား၊ တွယ်ချိတ်၊ ကပ်ကြေး၊ ဘောပင်၊ ခဲတံစတာတွေကို အများဆုံးအသုံးပြုတတ်ကြပါတယ်။ အသားကို ဖြည်းဖြည်းချင်းလှီးရတာ၊ သွေးထွက်အောင် လုပ်တာ၊ နာကျင်အောင် ထိုးဆွနေရင် လိင်စိတ်ထကြွလာပါတယ်။
ဘယ်နေရာတွေကို အများဆုံးထိခိုက်ကြလဲ။
လိင်စိတ် ဖြေဖျောက်တဲ့ အမူအကျင့်ဖြစ်တာကြောင့် အမျိုးသား လိင်အင်္ဂါ၊ ပေါင်ခြံ၊ မိန်းမကိုယ်၊ တင်ပါး၊ ရင်သားတွေပေါ်မှာ အများဆုံးထိခိုက်အောင် လုပ်တတ်ပါတယ်။ တချို့လူတွေအတွက်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်စက်ညှင်းပန်းလိုစိတ်ရှိတတ်ပြီး ဒီလိုလုပ်တာဟာ သူတို့အတွက် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကိုရောက်ဖို့ ပိုမြန်တတ်ပါတယ်။
ဘာကြောင့် ဒီလိုပုံမှန်မဟုတ်တဲ့ လိင်စိတ်ဆန္ဒဖြစ်ပေါ်လာရတာလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။