backup og meta

လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ

    ဒီလိုအဖြစ်အပျက်တွေဟာ အမြဲတမ်းဖြစ်နေကျ ကိစ္စတွေမို့ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာက တစ်ခုခု ထိတ်လန့်စရာပေါ်လာရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တာ သဘာဝပဲလေ။ ဒါကြောင့် မတော်တဆဆိုသလို လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

    လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ

    လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ ဆိုတော့

    • အရင်ဆုံး အခြေအနေကို သေချာလေ့လာကြည့်ပါ။
    • ကွန်ဒုံး ပေါက်ပြဲသွားတာ သိတာနဲ့ ချက်ချင်းထုတ်ပြီး အသစ်တစ်ခုလဲပါ။
    • ကွန်ဒုံးက လိင်တံပေါ်မှာ မကျန်နေဘဲ မိန်းမကိုယ်အတွင်းမှာ ညှပ်ကျန်နေခဲ့ရင် ဂရုစိုက်ပြီး ဆွဲထုတ်ပေးပါ။

    သုက်မလွှတ်ခင် ပေါက်ပြဲသွားရင် လဲလိုက်ရုံနဲ့ အဆင်ပြေပေမယ့် သုက်လွှတ်ပြီးမှ သိတာဆိုရင်တော့ နည်းနည်းဂရုစိုက်ဖို့ လိုပါတယ်။ မိန်းကလေးအနေနဲ့ အမြန်ဆုံးလုပ်သင့်တာကတော့

  • အိမ်သာထဲကို အမြန်ဆုံးဝင်ပြီး ထိုင်ချလိုက်ပါ။ အထဲမှာရှိနေတဲ့ သုက်ရည်တွေ အပြင်ပြန်ထွက်လာအောင် မိန်းမကိုယ်ကြွက်သားကို ဖြည်းဖြည်းချင်းညှစ်ကြည့်ပါ။
  • ပြီးသွားရင် အိမ်သာမှာထိုင်နေရင်းနဲ့ပဲ ဆီးအမြန်သွားလိုက်ပါ။ အနည်းဆုံးတဲ့ မိန်းမကိုယ်မှာ ကပ်ကျန်နေတဲ့ သုက်ရည်တွေ ဆီးနဲ့အတူ ထွက်သွားမှာပါ။
  • ရေအမြန်ချိုးပါ။ ရေပန်းနဲ့ မိန်းမကိုယ်အတွင်း သေချာလေးဆေးကြောပေးပါ။
  • ယားယံတာတွေ မဖြစ်စေဖို့ ရေနွေးနဲ့ပဲ ဆေးကြောသင့်ပါတယ်။
  • လက်နဲ့ထိုးတာ၊ ပစ္စည်းတစ်ခုခုနဲ့ ထိုးထည့်ပြီး ဆေးကြောတာမျိုးတွေ မလုပ်သင့်ပါဘူး။
  • လုပ်သင့်တာတွေ အကုန်လုပ်ပြီးသွားရင်တော့ စိတ်ပူတတ်ကြတဲ့ အရာ နှစ်ခုက ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေပါပဲ။ ကွန်ဒုံးသုံးထားတာမှန်ပေမယ့် ပေါက်ပြဲသွားတဲ့အခါ အထဲမှာသိုလှောင်ထားတဲ့ သုက်ရည်တွေ အပြင်ကို ထွက်လာနိုင်လို့ပါပဲ။

    ကိုယ်ဝန်အတွက်က ကိုယ်တိုင် တားဆေးပုံမှန်သောက်ထားရင် ပြဿနာမရှိပေမဲ့ ဘာတားဆေးမှမသောက်ထားဘူးဆိုရင်တော့ အရေးပေါ်တားဆေး သောက်ဖို့လိုအပ်ပါတယ်။ အရေးပေါ်တားဆေးကို ဆေးဆိုင်၊ ဆေးခန်းတွေမှာ အလွယ်တကူ ဝယ်လို့ရပြီး ၇၂ နာရီအတွင်း သောက်ပေးဖို့ လိုပါတယ်။ ၂၄နာရီအတွင်းဆိုရင် ကိုယ်ဝန်တားပေးနိုင်တဲ့ အာနိသင် အမြင့်ဆုံး အချိန်မှာရှိပါတယ်။

    အရေးပေါ်တားဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီထိမ်တတ်ပါတယ်။ ရာသီလာရမဲ့ရက် မလာရင် ဆီးစစ်တံနဲ့ ဆီးစစ်ကြည့်ပြီး ကိုယ်ဝန်ရှိမရှိကို စစ်ကြည့်လို့ရပါတယ်။

    လိင်မှတစ်ဆင့် ရောဂါမကူးစက်အောင် ကာကွယ်ဖို့ဆိုရင်တော့

    • ထိုးသွင်းခံရတဲ့ နေရာတွေ (မိန်းမကိုယ်၊ စအို၊ ပါးစပ်) ကို ကြမ်းကြမ်းတမ်းတမ်း သန့်ရှင်းရေး မလုပ်ပါနဲ့။
    • ဆပ်ပြာ အပြင်းစားတွေ မသုံးပါနဲ့။
    • ကိုယ့်ရဲ့ အဖော်က HIVရှိမယ်လို့ ယူဆရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
    • အရေးပေါ် အနေနဲ့ သောက်လို့ရတဲ့ PEP ဆေးတွေကို ဆေးရုံမှာ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဝယ်သောက်လို့ရပါတယ်။
    • PEP ဆေးက တစ်ကြိမ်ထဲ သောက်ရတာမျိုးမဟုတ်ဘဲ အနည်းဆုံး ၂၈ ရက်အထိ မပျက်မကွက် သောက်ပေးရတဲ့ အရေးပေါ် HIV ကာကွယ်ဆေးဖြစ်ပါတယ်။
    • လိင်ဆက်ဆံပြီး ၃လကြာတဲ့အခါ ကိုယ့်မှာ လိင်မှတစ်ဆင့်ရောဂါတွေ ကူးစက်ခံရခြင်း ရှိ၊ မရှိ သွေးစစ်ကြည့်ရင် အဖြေပေါ်ပါတယ်။

    လိင်ဆက်ဆံပြီးနောက်ပိုင်းမှာ ဓမ္မတာလာတာ နောက်ကျနေတာ၊ အင်ပျဉ်ထတာ၊ အရေပြားယားယံတာ၊ လိင်အင်္ဂါကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာ၊ ဆီးသွားနေစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ အဖျား တက်တာ၊ ပါးစပ်မှာ အနာပေါက်တာ စတဲ့လက္ခဏာတွေ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်တာ အကောင်းဆုံးပါပဲ။

    နောက်ပိုင်းတွေမှာ လိင်ဆက်ဆံနေတုန်း ကွန်ဒုံးပေါက်ပြဲသွားတာမျိုး မဖြစ်စေဖို့

    • ကိုယ့်ပစ္စည်းနဲ့ တော်တဲ့ ကွန်ဒုံး အရွယ်အစားကို သေချာရွေးဝယ်ပါ။ အရွယ်အစားမတော်တဲ့အခါ အလွယ်တကူပေါက်ပြဲတာ၊ ဆက်ဆံနေရင်း ကျွတ်ထွက်သွားတာ ဖြစ်နိုင်ပါတယ်။
    • ရက်လွန်နေတဲ့ ကွန်ဒုံး ကို လုံးဝအသုံးမပြုပါနဲ့။
    • ကွန်ဒုံး ကို ဖောက်တဲ့အခါ သွားနဲ့ ကိုက်မဖောက်ပါနဲ့။ ကပ်ကြေး၊ ဓါးအသုံးမပြုပါနဲ့။
    • ချောဆီရွေးတဲ့အခါ ရေအခြေပြု ချောဆီကိုပဲ သုံးပေးပါ။
    • ကွန်ဒုံး ၂ထပ်ခံတာမျိုး မလုပ်ပါနဲ့။ အလွယ်တကူ ပေါက်ပြဲသွားရင် အကာအကွယ်မသုံးဘဲ လုပ်တာနဲ့ ဘာမှမထူးပါဘူး။
    • ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတဲ့ အပြုအမူတွေ တတ်နိုင်သလောက်ရှောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement