နောက်တစ်ချက်ကတော့ လိင်စိတ်ဆန္ဒပါ။ အသက်ကြီးလာရင် လိင်စိတ်ဆန္ဒနည်းသွားတတ်တယ်ဆိုပေမယ့် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေ၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ငွေရေးကြေးရေး အဆင်မပြေတာတွေ၊ ကျန်းမာရေးပြဿနာတွေဟာ လိင်စိတ်ဆန္ဒကို သွားပြီးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးလုံး ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖွင့်ဟပြောဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီမှ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ရမှာပါ။
- လိင်စိတ်ဆန္ဒက အလျား၊ အနံညီမှ ဖြစ်မှာလား။
အိမ်ထောင်ကျပြီး ၁နှစ် ၂နှစ်လောက်မှာ ကိုယ့်ချစ်သူက အရင်ကလောက် လိင်ဆက်ဆံဖို့ စိတ်မပါတော့ဘူးဆိုတာတွေ၊ ကိုယ်က လိင်ပိုင်းဆိုင်ရာမှာ အရမ်းစိတ်အားထက်သန်ပေမယ့် ကိုယ့်အိမ်ထောင်ဖက်က ကိုယ်စိတ်တိုင်းကျရလောက်တဲ့အထိ သာယာမှု မပေးနိုင်တဲ့ ကိစ္စမှာတော့ နှစ်ဦးနှစ်ဖက် သူ့အကြိုက်၊ ကိုယ့်အကြိုက်ကို သေချာညှိနှိုင်းကြည့်တာ အကောင်းဆုံးပါပဲ။
လိင်မှုကိစ္စမှာ ပိုပြီးစွမ်းဆောင်နိုင်ဖို့နဲ့ လိင်စိတ်ဆန္ဒတက်စေဖို့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကိုလည်း ပြင်ဖို့တော့ လိုပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အကျင့်ကို ဖျောက်ပါ။ အမျိုးသားဆိုရင် အားကစားလုပ်ပါ၊ Gym သေချာကစားပါ။
အမျိုးသမီးတွေဆိုရင်လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုး လုပ်ပေးပါ။ ကျန်းမာပြီး အာဟာရရှိတဲ့ အစားအစာတွေကို အဓိကစားပေးပါ။ ကိုယ်အလေးချိန်ကို ထိန်းပါ။ လင်မယားကြား ဆက်ဆံရေး သွေးမအေးသွားစေဖို့ ပုံမှန်ကြင်ကြင်နာနာ စကားပြောဆက်ဆံပါ။ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီပါ။ ပြဿနာတွေကို တစ်ယောက်တည်းမျိုသိပ်လိုက်တာထက် ဖွင့်ပြောပြီး အတူဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။