ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ

HIV ပိုးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိပါ လူတွေ မှားယွင်းစွာသိထားတဲ့ အလွဲတွေ အများကြီးရှိပါတယ်။ ဒီအလွဲတွေကြောင့်ပဲ HIV ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေရဲ့ အကြောက်တရားက ပိုလာသလို ပတ်ဝန်းကျင်ရဲ့ နှိမ့်ချဆက်ဆံမှုတွေဟာလည်း ဆိုးသထက် ဆိုးလာပါတယ်။ ဒီဆောင်းပါးလေးမှာ HIV ပိုးကူးစက်ပုံတွေ၊ ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေသိထားတဲ့အလွဲတွေအကြောင်း ဖြေရှင်းပေးချင်ပါတယ်။ ကဲ .... HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ အကြောင်း လေ့လာလိုက်ဦးစို့နော်။ HIV ဆိုတာဘာလဲ။ ခုခံအားစနစ်ကို အားနည်းအောင် တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ HIV ပိုးဟာ သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်၊ မိခင်နို့ရည်မှာ ပါရှိတတ်ပြီး ဒီအရည်တွေက တခြားသူတစ်ယောက်ရဲ့ သွေးထဲကို တိုက်ရိုက်ဝင်မှသာ ရောဂါပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ HIV […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ

ဆန်းဆန်းပြားပြား မတော်တဆမှုတွေထဲမှာ ဒီကိစ္စဟာလည်း စုံတွဲတွေကြားမှာ တော်တော်လေး အဖြစ်များတယ်လို့ ဆိုရမှာပါ။ ကွန်ဒုံး ကိုယ်တိုင်က အမျိုးသမီးတွေအတွက် ပြဿနာမရှိပေမဲ့ သူ့ထဲမှာ သိုလှောင်ထားတဲ့ သုက်ရည်တွေက အဓိကပြဿနာပါ။ ဒီသုက်ရည်ကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်တာကိုး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် ပျာယာမခတ်ဘဲ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ကဲ ...... မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာ ​ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ အရင်ဆုံး ပြဿနာကို ဖြေရှင်းမယ်။ ၁။ မိန်းမကိုယ်ထဲ လက်ချောင်းအရင်ထည့်ကြည့်ပြီး ကွန်ဒုံး ကျန်နေလားဆိုတာကို စမ်းပါ။ ၂။ ကွန်ဒုံးက အထဲသိပ်မရောက်နေဘူးဆိုရင် ကိုယ်တိုင် လက်မ၊ လက်ညှိုးနဲ့ ညှပ်ပြီး ဆွဲထုတ်လို့ ရမှာပါ။ ၃။ ဆွဲထုတ်လိုက်တဲ့အခါ […]


HIV နှင့် AIDS ရောဂါ

အိတ်ခ်ျအိုင်ဗီရှိနေသူတွေအတွက် အန္တရာယ်ကင်းတဲ့ စားသောက်နေထိုင်နည်း

အိတ်ခ်ျအိုင်ဗီရောဂါပိုးရှိနေပြီဆိုတာနဲ့ ဘဝဆုံးပြီလို့ စိတ်ဓာတ်ကျစရာမလိုပါဘူး။ အစားအသောက်၊ အနေအထိုင်ဆင်ခြင်နိုင်ရင် ရောဂါပိုးမရှိသူတွေထက်တောင် သက်တမ်းစေ့နေသွားနိုင်တာ သင်သိပါသလား။ သူများတွေထက် ကိုယ်ခံအားနည်းလို့ ရောဂါပိုးမဝင်အောင် ဂရုစိုက်နိုင်ဖို့ပဲလိုပါတယ်။ အစားအသောက်နဲ့ ပတ်သက်တဲ့ ဆင်ခြင်စရာအချက်လေးတွေကို ဒီဆောင်းပါးထဲမှာ အကြံပေးလိုက်ပါမယ်။ မီးဖိုချောင်ကို သန့်ရှင်းအောင်ထားပါ အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကျဆင်းတာကြောင့် ဘက်တီးရီးယားတွေရန်က ကာကွယ်နိုင်ဖို့ ခက်ပါတယ်။ ချက်တဲ့ပြုတ်တဲ့နေရာတွေနဲ့ မီးဖိုခန်း၊ ထမင်းစားပွဲ စတဲ့မျက်နှာပြင်တွေကို ပွတ်တိုက်သန့်စင်ပါ။ သန့်စင်တဲ့ ဇွန်း၊ ပန်းကန်၊ အိုးတွေပဲသုံးပါ။ ဘယ်အစားအစာကိုပဲဖြစ်ဖြစ် မထိတွေ့ရသေးခင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။ ဘူဖေးဆိုင်တွေ သိပ်မသွားနဲ့ ဒီလိုနေရာတွေမှာ အရသာရှိတဲ့စားကောင်းသောက်ဖွယ်တွေ အဝစားနိုင်သလို လူလည်းစုံ၊ ရောဂါပိုးမွှားလည်းစုံ နိုင်ပါတယ်။ ဘယ်သူကိုင်ထားမှန်းမသိတဲ့ ဇွန်း၊ ညှပ်တွေရဲ့ လက်ကိုင်တွေကနေ ရောဂါပိုးရနိုင်တယ်။ ဒါကတော့ ပါတီတွေနဲ့ အလှူပွဲတွေ၊ ကိုယ်တိုင်ယူစနစ် စားသောက်ဆိုင်တွေလည်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်တံစွပ်ကွင်း တွေက တကယ်ပဲ စိတ်ချရရဲ့လား

မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုမယ်ဆိုရင် လိင်တံစွပ်ကွင်း တွေဟာ ဘေးကင်းတဲ့ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီစွပ်ကွင်းရဲ့ အားသာချက်ကတော့  လိင်တံထဲ စီးဝင်နေတဲ့ သွေးတွေကို အထဲပြန်မဝင်သွားစေဘဲ လိင်တံတွင်း သွေးကြောတွေထဲမှာ ပိတ်လှောင်ထားတဲ့အတွက် လိင်တံမာတောင့်စေဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။ ဒီလိုသွေးတွေက အထဲပြန်မဝင်သွားတဲ့အခါ လိင်တံတစ်ရှူးတွေက ပိုမာပြီး ကြီးလာတယ်။ လိင်တံထောင်မတ်ချိန် ကြာမြင့်စေတယ်။ ဒါ့အပြင် သုက်လွှတ်မမြန်အောင် ထိန်းပေးနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတွေကြား အသုံးများလာတဲ့ လိင်တံစွပ်ကွင်းအကြောင်းနဲ့ အသုံးပြုပုံတွေ၊ အားသာချက်၊ အားနည်းချက်တွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ လိင်တံစွပ်ကွင်း က အမျိုးသားတွေအတွက် ဘာကောင်းကျိုးရှိလဲ။ ၁။ ပန်းသေပန်းညှိုးဖြစ်နေတဲ့ အမျိုးသားတွေအတွက် လိင်တံကောင်းစွာ ထောင်မတ်နိုင်စေဖို့ ကူညီပေးပါတယ်။ ၂။ လိင်တံထောင်မတ်ချိန်ကို ကြာစေပြီး ထိုးသွင်းဆက်ဆံနေစဉ် ပျော့သွားတာမျိုး မဖြစ်စေပါဘူး။ ၃။ ထောင်မတ်နေတဲ့ လိင်တံဟာ ပုံမှန်အချိန်ထက် ပိုကြီးနေတတ်ပါတယ်။ ၄။ ဆက်ဆံနေစဉ် ခံစားမှုအားကောင်းစေတယ်။ ၅။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ

စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ ...... စအိုမှ မဟုတ်ပါဘူး။ ဘယ်လိုထိုးသွင်းဆက်ဆံမှုမဆို ပြီးသွားတဲ့အချိန်မှာ အနည်းငယ်တော့ သွေးထွက်တတ်ကြပါတယ်။ ဒါဟာ ကျန်းမာရေးပြဿနာကြောင့် မဟုတ်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ စအိုအတွင်းသားနံရံမှာ ရှိတဲ့ တစ်ရှူးတွေဟာ နူးညံ့လွန်းတာကြောင့်၊ ထိုးသွင်းဆက်ဆံသူ အမျိုးသားရဲ့ လိင်အင်္ဂါက ကြီးလွန်းတာ သို့မဟုတ် ပြင်းပြင်းထန်ထန် လိင်ဆက်ဆံတာကြောင့် သွေးကတော့ ထွက်တတ်ပါတယ်။ အဲ့လိုမှမဟုတ်ဘဲ သွေးထွက်တာ အရမ်းများလွန်းတာ၊ ပန်းနုရောင် သွေးစလေးတွေ ထွက်လာတာ၊ ၂ရက်နဲ့အထက် ကြာတဲ့အထိ နေလို့ထိုင်လို့ အဆင်မပြေတာ၊ သွေးမတိတ်တော့တာ၊ ဝမ်းသွားရခက်ခဲတဲ့ အခြေအနေတွေ၊ အပြင်းအထန်ဖျားလာတာ အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ တခြား ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသကြည့်ပြီး ပြဿနာအရင်းအမြစ်ကို အဖြေရှာတာပါပဲ။ စအိုဖြင့် လိင်ဆက်ဆံပြီးနောက် […]


သားဆက်ခြားခြင်း

ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

ကွန်ဒုံး အရပ်အခေါ်အရဆိုရင် ဦးထုပ် သို့မဟုတ် အကာအကွယ်ပေါ့ဗျာ။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ မလိုချင်သေးတဲ့ ကိုယ်ဝန်ကို ထိရောက်စွာ တားဆီးပေးနိုင်တယ်။ လိင်မှတစ်ဆင့် ရောဂါတွေ ကိုယ့်ဆီကိုရော၊ ကိုယ့်အဖော်ဆီကိုပါ မကူးစက်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ဒီတော့ အဖက်ဖက်ကနေ အသုံးဝင်တဲ့ ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့၊ အသုံးပြုတဲ့နည်းလမ်းကို ပုရိသတို့အနေနဲ့ သိထားဖို့ လိုအပ်ပါတယ်။ ကဲ .... ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားဖို့ လိုပါမယ်။ ကွန်ဒုံးကို ဘယ်အချိန်မှာ အသုံးပြုဖို့ လိုအပ်လဲ။ ထိုးသွင်းမှု ပါတဲ့ လိင်ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပေးရပါမယ်။ ထိုးသွင်းဆက်ဆံမှုလို့ ဆိုရာမှာ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ

အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ လိင်မှုကိစ္စနဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ အမြဲတမ်း ပါနေပါတယ်။ ဒါဟာ မှားယွင်းမှုမဟုတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ့်လူတို့ကလည်း စိတ်ပူတတ်ကြတာ အများသား။ အာသာဖြေတာ များလွန်းရင် ဆံပင်ကျွတ်နိုင်လား၊ ဝက်ခြံတွေ အရမ်းပေါက်လာတာ အာသာဖြေမိလို့လား၊ ပန်းသေပန်းညှိုးဖြစ်နိုင်လား အစရှိသဖြင့်ပေါ့။ အဲ့လိုမေးခွန်းတွေအပေါ်မှာ လူတွေသိထားကြတဲ့ အလွဲတွေကလည်း တဖြည်းဖြည်း များလာပါတယ်။ ဒီနေ့မှာတော့ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ အကြောင်း ဖြေရှင်းပေးမှာပါ။ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ ကတော့ ၁။ အာသာဖြေရင် ဆံပင်ကျွတ်နိုင်တယ်။ (အမှား) ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် အပင် ၅၀ မှ ၁၀၀ ထိ ကျွတ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆံသားအသစ်တွေ ပြန်ထွက်လာဖို့ ဆံသားအဟောင်းတွေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အပြာရုပ်ရှင် စွဲလမ်းစိတ်အကြောင်း သိထားသင့်သမျှ

အပြာရုပ်ရှင် ဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ခေတ်စားလာခဲ့တာပါ။ ရှေးရိုးအစွဲကြီးတဲ့ လူကြီးတွေ၊ ပတ်ဝန်းကျင်ဒေသတွေမှာတော့ အပြာရုပ်ရှင်ကို ညစ်ညမ်းရုပ်ရှင်လို့ နာမည်တပ်လေ့ ရှိကြပေမယ့် တကယ်တမ်းတော့ ဒါက လိင်ဆက်ဆံမှုလိုပဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ အပြာရုပ်ရှင်တွေဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ အလွန်ရေပန်းစားပြီး လူလတ်ပိုင်းတွေနဲ့ တချို့သော လူကြီးပိုင်းတွေပါ ကျား၊ မ မရွေး ကြည့်တတ်ကြပါတယ်။ တကယ်တော့ လူတွေထင်ထားသလို အပြာရုပ်ရှင်ကြည့်ခြင်းဆိုတာ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခုဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး ဆိုသလို အမြဲတမ်းပဲ ကြည့်နေတတ်တဲ့ အကျင့်ကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာတွေဖြစ်လာပြီဆိုရင်တော့ ဒီစိတ်ကို ထိန်းချုပ်ကြည့်သင့်ပါပြီ။ ဒါဟာ တကယ်ပဲ စိတ်စွဲလမ်းခြင်းလား။ လူတိုင်း အပြာရုပ်ရှင်ကြည့်ကြပါတယ်။ တချို့တွေက တစ်လ တစ်ကြိမ်လောက်ကြည့်မယ်၊ တချို့လူတွေကတော့ တစ်ရက်ကို တစ်ကြိမ် ပုံမှန်အလုပ်တစ်ခုလို […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ

လိင်တံမှ ထွက်တဲ့ သုက်ရည်ဟာ ပုံသေအနံ့တစ်မျိုးတည်း ထွက်တာတော့ မဟုတ်ပါဘူး။ ကိုယ် နေ့စဉ်စားလိုက်တဲ့ အစားအစာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ လိင်မှုကိစ္စ အစရှိတဲ့အရာတွေပေါ် မူတည်ပြီး အနံ့အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ တချို့သော အစားအစာတွေဟာ ချိုမွှေးတဲ့ အနံ့ပေးနိုင်သလို ငါးညှီနံ့လို မကောင်းတဲ့ အနံ့မျိုးဖြစ်အောင်လည်း ပြောင်းလဲပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ ဆိုတာကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ သုက်ရည်ကထွက်တဲ့ အနံ့ကို ခွဲကြမယ်။ ပုံမှန်အားဖြင့် သုက်ရည်မှာ အစွန်းချွတ်ဆေး၊ ကလိုရင်းအနံ့မျိုး ရှိပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ ငါးညှီနံ့လို၊ ကြက်ဥပုပ်နံ့လို အနံ့ထွက်တာဆိုရင်တော့ တစ်ခုခုမှားယွင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ကညွတ်၊ အသား၊ ကြက်သွန်ဖြူ၊ ကဖင်းဓာတ်ပါတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး ဖြစ်ဖူးလား

လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး ဖြစ်ဖူးလား ...... ထိုးသွင်းဆက်ဆံမှု ပြုရာမှာ၊ ချစ်တင်းနှောရမှာကို တွေးမိတိုင်း အကြောက်အလန့် လွန်တဲ့ စိတ်ဝေဒနာကို Genophobia လို့ ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ လိင်ဆက်ဆံဖို့ကို အရမ်းကြောက်တဲ့ သူတွေပေါ့။ မိန်းကလေးတွေမှာ ပိုအဖြစ်များပြီး အကြောင်းအမျိုးမျိုးကြောင့် လိင်ဆက်ဆံဖို့ကို တွေးမိတိုင်း အကြောက်လွန်ပြီး ခါးခါးသီးသီး ငြင်းပယ်တတ်ကြပါတယ်။ လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး ဖြစ်ဖူးလား လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး Genophobia လို လိင်မှုကိစ္စကို ကြောက်တဲ့သူတွေမှာ တခြား လိင်ပိုင်းဆိုင်ရာ စိတ်ဝေဒနာတွေ ဖြစ်တဲ့ ကိုယ်လုံးတီးနေရမှာ၊ အဝတ်မဲ့နေတဲ့သူတွေကို ကြည့်ရမှာ ကြောက်လန့်ခြင်း (Gymnophobia) ဆန့်ကျင်ဘက်လိင်ကို ကြောက်လန့်ခြင်း (Heterophobia) ထိုးသွင်းဆက်ဆံခံရမှာကို ကြောက်လန့်ခြင်း (Coitophobia) သူများအသားကို ထိရမှာ၊ ကိုယ့်အသားကို လာထိမှာ မနှစ်မြို့ခြင်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း