- လိင်စွမ်းဆောင်မှုပိုင်းကို ထိခိုက်နိုင်လား။
ခွဲစိတ်မှုကြောင့် လိင်စွမ်းဆောင်မှုပိုင်းကို မထိခိုက်နိုင်ပေမဲ့ မတော်တဆ ကိုယ်ဝန်ရသွားမှာ စိုးရိမ်တာ၊ မမျှော်လင့်ဘဲ ရလာတဲ့ ကိုယ်ဝန်ကြောင့် တာဝန်ယူရတော့မယ်ဆိုတဲ့ ဝန်ပိတဲ့ စိတ်တွေ၊ သန္ဓေတားဖို့ ကုန်ကျစရိတ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ နောက်ဆက်တွဲ လိင်မှုကိစ္စမှာပါ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် သားကြောဖြတ်ပြီးတဲ့အမျိုးသားတစ်ယောက်မှာ အရင်ကထက် စိုးရိမ်စိတ်နည်းသွားတတ်ပြီး လိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်တာကို တွေ့ရှိရပါတယ်။
- လိင်တံမထောင်မတ်နိုင်တာမျိုးတွေ ရှိလား။
လိင်တံထောင်မတ်နိုင်စွမ်းဟာ အမျိုးသားတစ်ယောက်ရဲ့ ကျားဟော်မုန်းနဲ့ ကျန်းမာရေးအခြေအနေပေါ်မှာ မူတည်တာဖြစ်ပါတယ်။ သားကြောဖြတ်ခြင်းဟာ သုက်ပိုးကောင်ကို သုက်ရည်ထဲမဝင်စေဖို့ ထိန်းပေးတာဖြစ်ပြီး ကျားဟော်မုန်းအပြောင်းအလဲ မဖြစ်စေတာကြောင့် ခွဲစိတ်မှုမပြုခင်မှာ ကောင်းကောင်းထောင်မတ်နိုင်တယ်ဆိုရင် ဘာမှစိတ်ပူဖို့ မလိုပါဘူး။
- သုက်ရည်လွှတ်တဲ့အခါမှာရော ပြောင်းလဲမှုရှိနိုင်လား။
အထက်မှာပြောခဲ့သလိုပါပဲ၊ သားကြောဖြတ်ခြင်းဟာ သုက်ရည်ထဲကို သုက်ပိုးမဝင်သွားစေဖို့ ကာကွယ်ပေးတာဖြစ်ပြီး သုက်ရည်ရဲ့ ပမာဏ၊ အရောင်၊ အနံ့၊ သုက်လွှတ်လိုက်တဲ့ ခံစားချက် ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်စေပါဘူး။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အမျိုးသားအများစု စိုးရိမ်နေကြသလို သားကြောဖြတ်ခြင်းကြောင့် လိင်စွမ်းဆောင်ရည်၊ လိင်စိတ်ဆန္ဒ၊ လိင်တံထောင်မတ်နိုင်စွမ်းနဲ့ သုက်လွှတ်တဲ့နေရာမှာ ဆိုးကျိုးမဖြစ်စေပါဘူး။ ပုံမှန်အားဖြင့် ခွဲစိတ်အပြီး တစ်ပတ် ၂ပတ်အကြာ ခွဲထားတဲ့အနာကျက်ပြီဆိုရင် ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံလို့ ရပါပြီ။ သုက်ရည်ကို စစ်ဆေးကြည့်တဲ့အခါ သုက်ပိုးကောင်ရေ ကင်းရှင်းကြောင်းထောက်ခံချက်ရလာပြီဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံလို့ ရပါပြီ။ သားကြောဖြတ်ခြင်းဟာ ကိုယ်ဝန်ကို အဓိကတားဆီးပေးတဲ့ အမျိုးသားသန္ဓေတား နည်းလမ်းဖြစ်ပြီး လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ခွဲစိတ်မှုအပြီး ၂ပတ်အကြာအထိ အလွန်အမင်းနာကျင်တာ၊ ဖောရောင်နေတာ အစရှိတဲ့ လက္ခဏာတွေ ရှိနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။