၃။ တတိယ ကာလသားရောဂါ အဆင့်
ဒီအဆင့်ရောက်တဲ့အထိ ရောဂါပိုးကို ကုသမှုမပြုသေးဘူးဆိုရင် အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဦးနှောက်နဲ့ နှလုံးမှာ ပြင်းထန်တဲ့ ပြဿနာတွေဖြစ်မယ်။ အာရုံကြောထိခိုက်မိပြီး အောက်ပိုင်းသေတာ၊ မျက်စိကွယ်တာ၊ စိတ်လွတ်သွားတာ၊ နားလေးတာ၊ မျိုးမအောင်တာအပြင် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
ကာလသားရောဂါပိုးရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ။
လက်ရှိကျွန်တော်တို့နိုင်ငံမှာတော့ HIV နဲ့ ကာလသားရောဂါ စစ်ပေးတဲ့ ဆေးပေးခန်းတွေရှိသလို ဆေးရုံ၊ ဆေးခန်းတွေမှာလည်း စစ်ကြည့်လို့ရပါတယ်။ သွေးဖောက်စစ်ကြည့်ရုံနဲ့ ရက်အနည်းငယ် သို့မဟုတ် နာရီအနည်းငယ်အတွင်းမှာ သိနိုင်ပါတယ်။
ကာလသားရောဂါပိုးကို ကုသနိုင်လား။
ရောဂါပိုးကူးစက်ခံရတာ တစ်နှစ်မပြည့်သေးဘူးဆိုရင်တော့ ပင်နီဆလင် ထိုးရုံလောက်နဲ့တင် ကုသလို့ရနိုင်ပါတယ်။ ပင်နီဆလင်နဲ့ ဓာတ်မတည့်သူတွေအတွက် Tetracycline, Doxycycline အစရှိတဲ့ ပဋိဇီဝဆေးဖြင့် ကုသလို့ရပါတယ်။ ပိုးကူးစက်ခံရတာကြာလေလေ ရောဂါအဆင့် ပြင်းထန်လေဖြစ်ပြီး ဆေးအကြိမ်ရေများများ ထိုးဖို့ လိုအပ်ပါတယ်။ ကုသနေစဉ်ကာလအတွင်းမှာ လိင်အပျော်အပါးကိစ္စကို လုံးဝရပ်ထားဖို့လိုပါတယ်။
ခက်တာက လက္ခဏာအများစုက အလိုလိုပျောက်သွားတဲ့အတွက် ကိုယ့်ကိုယ်ကို ပိုးမရှိတော့ဘူးလို့ ယူဆပြီး ကုသဖို့ မေ့တတ်ကြပါတယ်။ လက္ခဏာတွေ ပျောက်သွားပေမယ့် ပိုးက ရှိနေသေးတာကြောင့် သေချာကုဖို့ လိုပါတယ်။ လက္ခဏာတွေ ပျောက်သွားပြီဆိုပြီး မပေါ့ဆပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။