လိင်ဆက်ဆံအပြီး မိနစ် ၃၀ အတွင်း ဆီးသွားရင်တော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မဖြစ်စေဖို့ ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ ဒီထက်စောရင် ပိုကောင်းပါတယ်။ ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်၊ ပြုပြီးတဲ့အချိန် ရေများများသောက်ပေးဖို့ လိုပါတယ်။
လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား လိုက်ရင် ကိုယ်ဝန်ကို တားဆီးပေးနိုင်လား။
စိတ်မကောင်းစွာနဲ့ပဲ ဒါကတော့ လုံးဝမဖြစ်နိုင်ပါဘူးလို့ ပြောပါရစေ။ သုက်ထွက်ပြီးပြီးချင်း ဆီးသွားလိုက်မယ်ဆိုရင်တောင် ကိုယ်ဝန်ကိုတော့ လုံးဝမတားဆီးပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်ပြီဆိုတာနဲ့ သုက်ပိုးတွေဟာ မိန်းမကိုယ်ထဲကို ဝင်သွားတာကြောင့်ပါ။
အကယ်လို့ ကိုယ်က ကိုယ်ဝန်ရဖို့ ရည်စူးထားတာဆိုရင်တော့ လိင်ဆက်ဆံပြီးပြီးချင်း ခဏလောက်လှဲပြီးမှ ဆီးသွားသင့်ပါတယ်။ အမျိုးသားရဲ့ သုက်ပိုးတွေက ကျန်းမာသင့်သလောက် မကျန်းမာတာ၊ မျိုးဥဆီသို့ ကူးခတ်နှုန်းနှေးကွေးတာတွေ ရှိနိုင်တာကြောင့်ပါ။ လှဲနေတဲ့အခါ သုက်ပိုးတွေက ပိုပြီး မြန်မြန်လှုပ်ရှားနိုင်လို့ပါ။ တကယ်လို့ သုက်ပိုးတွေက ကျန်းမာပြီး မြန်မြန်ကူးနိုင်တယ်ဆိုရင်တော့ ဒီအချက်က မလိုပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။