၄။ ရေယုန်ရောဂါ (Herpes)
ရေယုန်သည် HSV ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး အမျိုးအစား ၂မျိုးရှိပြီး HSV-1 ကတော့ ပါးစပ်မှာ ရေယုန်ဖြစ်စေကာ၊ HSV-2 သည် လိင်အင်္ဂါရေယုန်ကို ဖြစ်စေပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းသာမက နှုတ်ခမ်းခြင်းနမ်းရုံဖြင့်လည်း အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ လက်ရှိအချိန်မှာ ရေယုန်ဗိုင်းရပ်စ်ကို အပြီးသတ်နှိမ်နင်းနိုင်တဲ့ ဆေးတော့ မထွက်ပေါ်သေးပါဘူး။ ကိုယ်ခန္ဓာထဲရှိနေချိန်မှာ ဘာမှမလုပ်နိုင်ပေမယ့် တခြားသူကို ကူးစက်နိုင်တယ်။ ကိုယ်ခံအားနည်းနေတဲ့အခါ
- ပါးစပ် သို့မဟုတ် လိင်အင်္ဂါအရေပြား၊ ဝှေးစေ့၊ စအို၊ ပေါင်ခြံမှာ အဖုသေးသေးလေးတွေ ပေါက်လာမယ်
- အဖုလေးတွေက ယားပြီး အသားထဲက ပူစပ်ပူလောင်ဖြစ်ကာ စူးသလို ခံစားရမယ်
- အဖုပေါက်သွားတဲ့အခါ အရမ်းစပ်မယ်
- ပေါက်သွားတဲ့နေရာမှာ အနာကွက်ကျန်ခဲ့မယ်
- အဖျားတက်မယ်
- အနာပေါက်နေတဲ့နေရာက နေရထိုင်ရခက်သလို ဖြစ်စေတယ်
- အစားအသောက်ပျက်မယ်
- အဖျားတက်မယ်
- ပြန်ရည်ကြောတွေ ရောင်နေမှာဖြစ်ပါတယ်။
၅။ လိင်အင်္ဂါကြွက်နို့ (Human Papillomavirus)
လိင်အင်္ဂါကြွက်နို့ဟာလည်း အလွယ်တကူ ကူးစက်ခံရနိုင်တဲ့ လိင်မှတစ်ဆင့် ရောဂါတွေထဲမှာပါဝင်ပါတယ်။ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးဝင်ရာမှ ကူးစက်ခံရခြင်းဖြစ်ပြီး အရေပြားချင်းထိတွေ့ရာမှ ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါအရေပြားပေါ်မှာ ကြွက်နို့ပုံစံကဲ့သို့ ဖြစ်နေတာကို အများဆုံးတွေ့ရပါတယ်။ ကြွက်နို့အဖုတွေက အနည်းငယ်ပြားချပ်နေပြီး ဂေါ်ဖီပန်းပွင့်ပုံစံလိုမျိုး ဖြစ်နေတတ်ပါတယ်။ ပါးစပ်ဖြင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံတဲ့အခါမှာလည်း ခံတွင်း၊ အာခေါင်၊ လည်ချောင်းပေါ်မှာ ကြွက်နို့ပေါက်နိုင်ပါတယ်။ လိင်အင်္ဂါကြွက်နို့ကို ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခြင်းဖြင့် ကာကွယ်နိုင်သလို HPV ကာကွယ်ဆေးဖြင့်လည်း ကာကွယ်ပေးနိုင်ပါတယ်။
၆။ ကာလသားရောဂါ (Syphilis)
အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ ကူးစက်ရောဂါများထဲမှာ ပါဝင်ပြီး ဒီရောဂါပိုးရှိနေတဲ့အခါ တခြားသော အရေပြားပြဿနာတွေ၊ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်ခံရဖို့ အခွင့်အလမ်းပိုမြင့်လာပါတယ်။ ကာလသားရောဂါပိုးကူးစက်ခံရတဲ့အခါ အမျိုးသားတွေမှာ
- အလွန်သေးငယ်ပြီး နာကျင်မှုမရှိသော အဖုအပိမ့်များ နေရာအနှံ့ထွက်နေခြင်း
- များသောအားဖြင့် လိင်အင်္ဂါ၊ စအိုနဲ့ နှုတ်ခမ်းအရေပြားတွေမှာ အဖုပိုထွက်ခြင်း
- သွေးကြောများ၊ ပြန်ရည်ကြောများ ရောင်နေခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်းကိုက်ခြင်းဖြစ်တတ်ပြီး မကုသဘဲပစ်ထားလိုက်မယ်ဆိုရင်တော့
- နှလုံးနဲ့ အာရုံကြောစနစ် ချို့ယွင်းလာမယ်
- ဦးနှောက်ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာ
- အရိုးအဆစ်နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေပါ ပျက်စီးလာပြီး
- အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။
ကာလသားရောဂါကို ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံခြင်းနည်းလမ်းနဲ့ပဲ ကာကွယ်နိုင်ပါသေးတယ်။ ပိုးရှိနေကြောင်း စောစီးစွာ သိရမယ်ဆိုရင် ဆေးထိုးရုံနဲ့ အမြစ်ပြတ်ပျောက်ကင်းနိုင်ပါတယ်။
၇။ HIV ပိုး
တစ်ကမ္ဘာလုံး အများဆုံးကူးစက်ခံရတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ပိုးကို အမြစ်သတ်ပျောက်ကင်းကုသပေးနိုင်တဲ့ ဆေးဝါးများပေါ်ထွက်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ ကွန်ဒုံးဖြင့် လိင်ဆက်ဆံခြင်းဖြင့် ကာကွယ်ပေးနိုင်သလို ရောဂါပိုးကူးစက်ခံရတဲ့အခါမှာလည်း ART ဆေးနဲ့ ပိုးတွေဆက်မပြန့်ပွားအောင် ထိန်းထားလို့ရပါတယ်။ HIV ပိုးကူးစက်ခံရတဲ့အခါ
- တစ်ပတ်လောက်ထိ အပြင်းဖျားမယ်
- ပါးစပ်ထဲမှာ အဖြူကွက်အနာတွေ ပေါက်မယ်
- တစ်ကိုယ်လုံး အနီကွက်အင်ပြင်တွေ ထလာမယ်
- လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေ ကြီးလာမယ်
- အရိုးအဆစ်တွေ ကိုက်ခဲနေမယ်
- ညဘက်အိပ်ချိန်မှာ ချွေးစေးပြန်နေမှာပါ။
ပိုးရှိမှန်းသိပြီးတာနဲ့ ART ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့လိုအပ်ပါတယ်။ ဒါမှပဲ သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ နေနိုင်သွားမှာဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကျဆင်းအောင် လုပ်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ဆေးနဲ့သာမထိန်းဘူးဆိုရင် ကိုယ်ခံအားစနစ်ဆုတ်ယုတ်ပြီး ရောဂါပေါင်းစုံဝင်လာကာ နောက်ဆုံး ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ကို ရောက်သွားမှာဖြစ်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဆိုတာ လုံးဝမပေါ့ဆသင့်တဲ့ကျန်းမာရေးပြဿနာတွေပါ။ ကိုယ့်ကိုယ်ကိုယ် ပိုးကူးစက်ခံရတယ်လို့ သံသယရှိတယ်၊ လိင်အပျော်အပါးကလည်း အမြဲလိုလို လိုက်စားတတ်တယ်ဆိုရင်တော့ ခုပြောပြခဲ့တဲ့ လက္ခဏာတွေကို အမြဲလိုလိုစောင့်ကြည့်ပြီး ၃လတစ်ကြိမ် သွေးသွားစစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘဝနဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာရှိတာမို့ သတိမမူလို့ အသိနောက်ကျသွားတာမျိုးမဖြစ်ရလေအောင် သေချာဂရုစိုက်ဖို့ အကြံထပ်ပေးလိုက်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။