ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် …

သားဆက်ခြားဖို့၊ ပဋိသန္ဓေတားဖို့နဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံး ကို အသုံးချတာက နည်းလမ်းကောင်းတစ်ခုဆိုတာကို လူတိုင်းနီးပါး သိနားလည်နေကြပါပြီ။ ဒါပေမယ့် သိထားနားလည်ထားရုံသက်သက်နဲ့တော့ အရာရာအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ တချို့က သိနားလည်ထားတယ်၊ ဒါပေမယ့် နည်းမှန်လမ်းအမှန်အသုံးမချတတ်ကြတာမျိုးလည်း ရှိပါရဲ့။ ကွန်ဒုံးတော့ သုံးပါရဲ့၊ ဒါပေမယ့် … ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် … တချို့များဆို ကွန်ဒုံး ဖြစ်ရင်ပြီးရော သုံးလိုက်ကြတယ်။ ပြီးတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေ ဖြစ်လာချိန်မှာ မရှူနိုင် မကယ်နိုင်တွေ ဖြစ်ကြပါလေရော။ ကွန်ဒုံးတော့ သုံးပါရဲ့ ကိုယ်ဝန်ရလာတယ်တို့၊ ရောဂါကူးသွားတယ်တို့ ဆိုတာမျိုးတွေပေါ့။ ဒီလိုတွေဖြစ်ရတဲ့ အကြောင်းအရင်းက အသုံးပြုရာမှာ မှားယွင်းစွာ သိနားလည်ထားတဲ့ အချက်တွေနဲ့ အသုံးပြုပုံ အမှားတွေ၊ ပေါ့လျော့မှုတွေကြောင့်ပါပဲ။ ဘယ်အချက်တွေကြောင့် ခုလိုပြဿနာတွေဖြစ်လာရတာလဲဆိုတာကို သိနားလည်ထားရင် ကိုယ်လည်း မမှားမိအောင် ရှောင်ကြဉ်လို့ရတာပေါ။ ကဲ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိပ်ရာပေါ်မှာ ကျေနပ်မှု လိုချင်တယ်ဆိုရင် အတွေးအခေါ်ကို အရင်ပြောင်းပါ

ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းမြောက်များစွာက လိင်ကိစ္စကို ရိုးရိုးရှင်းရှင်းတွေးတတ်ကြပါတယ်။ တည့်တိုးတွေးတယ် ဆိုရမလားပဲ။ ထိတွေ့မယ်၊ ဆက်ဆံမယ်။ ပြီးမြောက်မယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လို ဆန်းပြားစွာ ပြုမူကြတယ်ဆိုဆို သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပြီးမြောက်ဖို့ပါပဲ။ ပြီးမြောက်သွားရင် ပင်ပန်းနွမ်းနယ်စွာနဲ့ အနားယူကြမယ်။ ဒါက လိင်ကိစ္စရဲ့ အဓိက ရည်မှန်းချက်လား။ လိင်မှုဆိုင်ရာသဘောသဘာဝမှာ ဒီနည်းလမ်းက သင့်ကို ပြဿနာတွေ အများကြီးဖန်တီးနိုင်တယ်လို့ ဆိုထားပါတယ်။ Psychologist တွေနဲ့ Sex Therapist တွေရဲ့ အဆိုအရ လူတွေ လိင်ကို စွဲလမ်းတိမ်းညွတ်ကြ၊ ဆက်ဆံကြတာဟာ ပြီးမြောက်မှုအတွက် မဟုတ်ပါဘူး။ တကယ့် စိတ်ကျေနပ်မှုကို ရှာဖွေဖို့ပါတဲ့။ ဒီလိုမဟုတ်ပဲ တစ်ဦးချင်းပြီးမြောက်မှုကိုသာ ဦးတည်နေမယ်ဆိုရင် လူတွေအမှန်တကယ်လိုချင်တဲ့ အိပ်ရာပေါ်မှာ ကျေနပ်မှု နဲ့ ကင်းကွာနေလိမ့်မယ်လို့ ဆိုပါတယ်။ နီးနီးလေးနဲ့ ဝေး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ခိုင်မြဲဖို့ဆိုရင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ

ဆန္ဒရှိပြီး အမျိုးသားနဲ့ဆက်ဆံပေမဲ့ လေဒီလေးတွေက ပြီးမြောက်ဖို့ အခက်အခဲဖြစ်တတ်ကြပါတယ်။ လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ ။ “လိင်” ဆိုတဲ့စကားကြားတာနဲ့ အတော်များများက ညစ်ညမ်းစကားလို့ အထင်မှားနေကြတုန်းပါ။ တကယ်တော့ လိင်စိတ်ဆိုတာ သွေးသားဆန္ဒနဲ့ ဆက်စပ်နေတာမို့ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ဘာမှအလွန်အကျူးရှက်စရာ၊ ကြောက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ယောကျ်ားလေးရော၊ မိန်းကလေးရောအတွက် တစ်ကိုယ်ရည်အာသာဖြေတယ်၊ သွေးသားဆန္ဒဖြေဖျောက်တယ် ဆိုတာလည်း သဘာဝပါပဲ။ ဒါပေမဲ့ တချို့တွေမှာတော့ အာသာဖြေရင်းပဲဖြစ်ဖြစ်၊ လိင်ဆက်ဆံရင်းပဲဖြစ်ဖြစ် လိင်ဆန္ဒပြီးမြောက်သွားဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။ ယောကျ်ားလေးတွေမှာလည်း အလားတူအခြေအနေ ဖြစ်တတ်ပေမဲ့ ဒီဆောင်းပါးကတော့ မိန်းကလေးတွေအတွက် အဓိကရည်ရွယ်ပါတယ်။ လိင်စိတ်အထွတ်အထိပ်ရောက်တယ် (ဒါမှမဟုတ်) ဆန္ဒပြည့်မြောက်တယ်ဆိုတာ  စာတစ်ကြောင်းတည်းနဲ့ အတိုဆုံးပြောရင် မိမိဖာသာ အာသာဖြေရင်း (ဒါမှမဟုတ်) လိင်ဆက်ဆံရင်း လိင်စိတ်ထကြွမှု အဆုံးစွန်ရောက်ပြီး အလွန်အမင်း ကျေနပ်ပျော်ရွှင်သွားတဲ့ အခိုက်အတန့်လို့ဆိုရမှာပါ။ ဒါပေမဲ့ တကယ်တမ်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။

လိင်ပညာပေး ကို သင်မယ်ဆိုရင် သင့်စိတ်ထဲမှာ ဘာကို အရင်တွေးမိကြလဲ။ ဟင် ကလေးတွေကို လိင်ဆက်ဆံနည်း သင်ပေးတော့မလို့လား။ သားဆက်ခြားနည်းတွေ သင်ပေးတော့မှာလား။ ကလေးတွေတော့ အတတ်ကောင်းတွေ တတ်တော့မှာပဲလို့ တွေးနေမိတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေမှာ sex education အကြောင်းပြောရင် ဒီလိုပဲ စတွေးကြပါတယ်။ ဒါကြောင့်ပဲ လိင်ပညာပေးကို သင်ကြားတဲ့နေရာမှာ အခက်တွေ့နေကြတာပါ။ ဒီဆောင်းပါးမှာ လိင်ပညာပေးနဲ့ ပတ်သတ်ပြီး လူတွေ အထင်မှားတတ်တာကို ပညာရှင်တွေက ဘယ်လို ဖြေရှင်းထားလဲဆိုတာ ကြည့်ကြည့်ရအောင်။ လိင်ပညာပေးသင်လို့ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံတတ်ကုန်မယ်။ ဘာကြောင့်လည်း မသိ။ လိင်ပညာပေးလို့ ပြောရင် ဒါကိုပဲ ပြေးပြေးမြင်ကြတယ်။ တကယ် လက်တွေ့ကျကျ လေ့လာကြည့်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ လိင်ပညာပေးကို သင်ကြားခံထားရတဲ့ […]


HIV နှင့် AIDS ရောဂါ

လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့

အိပ်၊ စား၊ ကာမ ဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါနေတဲ့ အရာတွေပါ။ ကာမ ကိစ္စနဲ့ ပတ်သက်လာရင်လည်း လူတိုင်းက ကာမသုခကို အပြည့်အဝ ခံစားချင်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့နောက်က ကပ်ပါလာနိုင်တဲ့ HIV လို ရောဂါပိုးတွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေတော့ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုဆောင်းပါးမှာတော့ HIV ပိုးကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် နည်းလမ်း ၃ ခု အကြောင်း ရှင်းပြပေးချင်ပါတယ်။ ၁။ ကွန်ဒုံး အသုံးပြုခြင်း ဒါကတော့ အမြဲတမ်းလိုလို ကြားနေတတ်တဲ့ အရာပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ ကွန်ဒုံးတွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ၉၅ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို လျော့နည်းသက်သာစေဖို့

တကယ်တမ်းမှာ ပထမဆုံး အကြိမ်ကလွဲရင် နောက်ပိုင်း လိင်ဆက်ဆံတဲ့ အကြိမ်တွေမှာ နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ရှိမနေသင့်တော့ပါဘူး။ အကယ်လို့ လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ဝေဒနာကို အမြဲတမ်း ခံစားနေရတယ်ဆိုရင်တော့ လိင်ဆက်ဆံနေတဲ့ အနေအထား မှားယွင်းတာ၊ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက် ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံနေတဲ့ အချိန်မှာ နာကျင်ခြင်း၊ ရှက်ရွံ့ခြင်းတွေထက် သာယာတဲ့ ခံစားချက်မျိုးကို ကာယကံရှင်က ခံစားရမှပဲ လိင်ဆက်ဆံရတာ ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုမှန်း နားလည်နိုင်မှာပါ။ လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို ခံစားရရင် ဒီအချက်တွေ ပြန်စစ်ကြည့်ပါ။ ၁။ ချောဆီ သုံးရဲ့လား။ မိန်းမကိုယ်က သဘာဝ ချောဆီ ထွက်တယ်ဆိုပေမယ့် အပြင်က ချောဆီအကူ ထပ်ဖြည့်ပေးရင် အဝင်အထွက် ပိုချောင်တော့ နာကျင်တာ သက်သာသွားမှာပေါ့။ အထူးသဖြင့် မိန်းမကိုယ်တင် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးများ သက်တမ်းကုန်ဆုံးခြင်း

ကွန်ဒုံးကို ဘာလို့ အသုံးပြုသင့်လဲ။ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုသင့်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါများနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့ အသုံးပြုရခြင်း ဖြစ်ပါတယ်။ တစ်ကြိမ် လိင်ဆက်ဆံရင် ကွန်ဒုံး တစ်ခုသာ အသုံးပြုရပြီး သုက်လွှတ်ပြီးတာနဲ့ ဂရုတစိုက် လွှတ်ပစ်ဖို့ လိုပါတယ်။ လိင်ဆက်ဆံနေစဉ် ပေါက်ပြဲသွားခဲ့ရင် အသစ်တစ်ခုကို အမြန်ဖြုတ်လဲဖို့ အရေးကြီးပါတယ်။ ကွန်ဒုံး ဝယ်တဲ့အခါ သက်တမ်းကုန်ဆုံးနေခြင်း ရှိမရှိကို သေချာစစ်ဆေးပါ။ သက်တမ်းကုန်ဆုံးတဲ့ ကွန်ဒုံးကို ဘာလို့ အသုံးမပြုသင့်တာလဲ။ ကွန်ဒုံးတစ်ခု သက်တမ်းကုန်ဆုံးသွားတဲ့အခါ ထည့်သွင်းထားတဲ့ ချောဆီတွေဟာလည်း ခမ်းခြောက်သွားပြီး ပါးသွားတတ်ပါတယ်။ ဒီအခါ လိင်ဆက်ဆံနေရင်း ပေါက်ပြဲသွားနိုင်ခြေ ပိုများပါတယ်။ အဲဒီအခါ ကိုယ်ဝန်၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိတော့ပါဘူး။ ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးခြင်းအကြောင်း များသောအားဖြင့် ကွန်ဒုံးတွေသည် စတင်ထုတ်လုပ်ပြီးတဲ့အချိန်မှ စတင်၍ ၃ နှစ်မှ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကမ္ဘာတစ်ဝှမ်းက ကွန်ဒုံးအမျိုးအစား ဒီဇိုင်းအဆန်းများ

ကွန်ဒုံးကို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့အတွက် လိင်ဆက်ဆံတဲ့အခါ အသုံးပြုရပါတယ်။ များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာတော့ ကွန်ဒုံးဆိုရင် ဝယ်ရမှာ သိပ်ရှက်ကြတယ်။ ဝယ်ပြီဆိုရင်လည်း စတိုးဆိုင်မှာ တွေ့တဲ့ တံဆိပ်လှမ်းဆွဲပြီး ဝယ်လိုက်တာပဲလေ။ ဒါက သိပ်ပြဿနာမရှိပေမဲ့ အသစ်အဆန်းလေးတွေ ကြိုက်တတ်တဲ့ ကိုယ့်လူတွေအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ သိထားသင့်တဲ့ ကွန်ဒုံး ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေကို ပြောပြပေးချင်ပါတယ်။ ၁။ မီးရောင်လက်တဲ့ ကွန်ဒုံး (Glow-In-The-Dark Condoms) အမှောင်ထဲမှာ ကြိုက်တယ်ဆိုပေမယ့် လုံးဝမှောင်နေတာမျိုး မကြိုက်တဲ့သူတွေအတွက် ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ကွန်ဒုံးကတော့ သာမန်ကွန်ဒုံးတွေလို ပုံစံပါပဲ။ ဘာကွာသွားလဲဆိုတော့ နေရောင် သို့မဟုတ် မီးရောင်အလင်းထဲမှာ စက္ကန့် ၃၀ လောက် ထားပြီးမှ စွပ်ပြီး အမှောင်ထဲ ဝင်လိုက်ရင် ကွန်ဒုံးက နီယွန်မီးရောင် […]


HIV နှင့် AIDS ရောဂါ

လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့ PrEP ဆေး

ကာမကိစ္စတွေနဲ့ ကင်းဝေးနိုင်တဲ့ လူသားတွေဆိုတာ တော်တော်လေးကို ရှားပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာ မှားယွင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အန္တရာယ်ကင်းစွာ လိင်ဆက်ဆံနိုင်ဖို့တော့ လိုအပ်တာပေါ့။ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဆိုရင် ပိုပြီးတောင် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် • စအိုကို အသုံးပြုပြီး လိင်ဆက်ဆံခြင်း • လိင်ဆက်ဆံဖော် တစ်ဦးထက် များနေတတ်ခြင်း • အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း • မူးယစ်ဆေးများ အသုံးပြုမိတဲ့အခါ ကွန်ဒုံးသုံးဖို့ကို မေ့လျော့တတ်ခြင်း စတဲ့ အချက်တွေကြောင့် HIV အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါရဖို့ အခွင့်အလမ်း အရမ်းများပါတယ်။ ဒါကြောင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း PrEP ဆေးအကြောင်းကို နားလည်ထားဖို့ လိုပါတယ်။ PrEP ဆေးဆိုတာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ […]


သားဆက်ခြားခြင်း

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ တစ်နေ့တစ်လုံး သောက်ရတဲ့ ဟော်မုန်းနှစ်မျိုးပါဝင်သော သားဆက်ခြား စားဆေးတွေဟာ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပြီး ဆေးရုံဆေးခန်းသွားစရာ မလိုတဲ့အတွက် အမျိုးသမီး တော်တော်များများ သုံးစွဲကြပါတယ်။ အဓိကကတော့ ကိုယ်ဝန်တားဖို့အတွက် သောက်သုံးကြတာ ဖြစ်ပေမဲ့ ရာသီမမှန်တဲ့ ပြဿနာ‌တွေ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတွေကို ကုစားဖို့ အတွက်ပါ သုံးကြပါတယ်။ ‌ သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ ကတော့ ဘယ်အရာတွေက ရာသီမှန်အောင် ပြုလုပ်ပေးနေတာလဲ သားဆက်ခြားစားဆေး ၂ မျိုး ရှိတဲ့အနက် ဟော်မုန်း ၂ မျိုး ပါဝင်တဲ့ သောက်ဆေးကပဲ အထက်ပါ ပြဿနာတွေကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း