ကွန်ဒုံးကို ဘာလို့ အသုံးပြုသင့်လဲ။
လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုသင့်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါများနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့ အသုံးပြုရခြင်း ဖြစ်ပါတယ်။ တစ်ကြိမ် လိင်ဆက်ဆံရင် ကွန်ဒုံး တစ်ခုသာ အသုံးပြုရပြီး သုက်လွှတ်ပြီးတာနဲ့ ဂရုတစိုက် လွှတ်ပစ်ဖို့ လိုပါတယ်။ လိင်ဆက်ဆံနေစဉ် ပေါက်ပြဲသွားခဲ့ရင် အသစ်တစ်ခုကို အမြန်ဖြုတ်လဲဖို့ အရေးကြီးပါတယ်။ ကွန်ဒုံး ဝယ်တဲ့အခါ သက်တမ်းကုန်ဆုံးနေခြင်း ရှိမရှိကို သေချာစစ်ဆေးပါ။