• နေ့တိုင်း PrEPဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။
• ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။
• မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။
• ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။
• PrEPဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။
• ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။
• ၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။
ဒီဆေးဟာ HIV ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပေမယ့် ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ခြင်း မဟုတ်တဲ့အတွက် တတ်နိုင်ရင်တော့ ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံဖို့၊ လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုပြီး မများစေဖို့ကို ထပ်ပြီး အကြံပေးချင်ပါတယ်။ လိင်တူဆက်ဆံတဲ့သူတွေဟာ စအိုကို အသုံးပြုတာဖြစ်တဲ့အတွက် ပွန်းပဲ့ထိခိုက်မိပြီး ရောဂါပိုး ကူးစက်ခံရဖို့ အလားအလာ ပိုများတာကြောင့် တတ်နိုင်သလောက် ကိုယ့်ဘက်က ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။