ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

မုဒိမ်းမှုနဲ့ ပတ်သက်လို့ လူသိနည်းနေသေးတဲ့ ဖြစ်ရပ်တချို့

မုဒိမ်းမှု တစ်နည်းအားဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အဓမ္မ ပြုကျင့်ခံရမှုနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ မှားယွင်းစွာ သိထားတဲ့ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒီလို လိင်အကြမ်းဖက်မှုတွေကို နိုင်နင်းစွာ ကိုင်တွယ်နိုင်တဲ့ တရားဥပဒေ မရှိတာ၊ လူတွေရဲ့ ထိန်းချုပ်မှု၊ အသိစိတ် ကင်းမဲ့တာ စတဲ့အချက်တွေကြောင့်လည်း ခုချိန်ထိ ကမ္ဘာမှာ ထိန်းချုပ်မရတဲ့ အဖြစ်အများဆုံး ပြစ်မှုတွေထဲမှာ မုဒိမ်းမှုဟာ ထိပ်ဆုံးမှာ ရှိနေရခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ အချက်တွေအကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ ၁။ မုဒိမ်းမှုကို သူစိမ်းတွေသာ ကျူးလွန်တတ်ကြတယ်။ ပြန်လည် စစ်တမ်းကောက်ယူလိုက်တဲ့အခါ မုဒိမ်းမှု ကျူးလွန်သူတွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ သူစိမ်းတွေ ဖြစ်ကြပြီး ကျန်တဲ့ ပြစ်မှုကျူးလွန်သူတွေဟာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

ဓမ္မတာလာချိန် မှာ လိင်ဆက်ဆံခြင်း မပြုလုပ်သင့်ဘူး ဆိုတဲ့ သက်သေအထောက်အထား ယနေ့အချိန်ထိ မရှိသေးပါဘူး။ တချို့စုံတွဲတွေက ကြောက်တတ်ကြသလို တချို့ကတော့ ဓမ္မတာလာချိန် ကာမဆက်ဆံခြင်းဟာ စိတ်ကျေနပ်မှုကို ပိုမိုပေးစွမ်းနိုင်တယ်လို့  ထင်ကြပါတယ်။ လစဉ်ဓမ္မတာလာချိန်မှာ ချစ်တင်းနှောတာဟာ ကလေးမရနိုင်ဘူးလို့တော့ ယောင်လို့တောင် မထင်လိုက်ပါနဲ့။ ကိုယ်ဝန်ရနိုင်ပါသေးတယ်။ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်နိုင်မှုနှုန်းဟာလည်း တခြားအချိန်တွေနဲ့ အတူတူပါပဲနော်။ ဓမ္မတာလာချိန် မှာ ချစ်တင်းနှောခြင်းရဲ့ အကျိုးကျေးဇူးများ ရာသီလာချိန်ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်ပျက်မှုတွေများတာကြောင့် ဖိုမ ဆက်ဆံတဲ့အခါမှာ ကောင်းတာတွေရှိပါတယ်။ ကိုက်ခဲမှုသက်သာခြင်း ဓမ္မတာလာတယ်ဆိုတာ သားဥအိမ်က ဥကြွေပြီး သားအိမ်နံရံတွေကွာကျတာပါ။ သားအိမ်နံရံ ကွာကျဖို့ရန်အတွက် သားအိမ်ကြွက်သားဟာ ညှစ်ရပါတယ်။ ဒါကြောင့် နာကျင်ရတာပါ။ လိင်ဆက်ဆံ လိုက်လို့ ဆန္ဒပြီးမြောက်ခြင်း (Orgasm)ဟာ နာကျင်ကိုက်ခဲမှုတွေကို ဖြေဖျောက်ပေးနိုင်တယ်လို့ အမျိုးသမီးအများစုက ဖြေထားကြပါတယ်။ ဆန္ဒပြီးမြောက်ချိန်မှာ သားအိမ်ကြွက်သားက ညှစ်ပြီးဖြေလျော့လိုက်တဲ့အတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာ

ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲ ညည်းညူနေတတ်တဲ့ အမျိုးသားတွေ အများအပြားရှိပါတယ်။ တကယ်တမ်း လိင်ဆက်ဆံရေးမှာ လိင်အင်္ဂါ အရွယ်အစားထက် စွမ်းဆောင်ရည်ဟာ ပိုပြီး အရေးကြီးပါတယ်။ စွမ်းဆောင်ရည်ကောင်းမှ၊ သက်လုံကောင်းမှသာ ကိုယ့်ဆက်ဆံဖော်အတွက် အကောင်းဆုံးသော ကာမသုခကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရွယ်အစား သေးလိုက်တာဆိုပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ပစ္စည်းကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ။ ဘယ်လို Position အနေအထားမျိုးနဲ့ ဆက်ဆံတာ ထိရောက်လဲ စတဲ့ လိင်ပညာပေး ဗဟုသုတတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ကဲ ..... လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာကို ကြည့်လိုက်ကြရအောင်လား။ လိင်တံ သေးတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ။ လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ အရာတွေက အမျိုးသားတွေရဲ့ ၈၀ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မပျို့မအန်ဘဲ Blow Job ဘယ်လိုပေးနိုင်မလဲ

ချစ်သူစုံတွဲတွေ ချစ်တင်းနှောကြရင်း မိမိချစ်သူရဲ့ ဆန္ဒကို ဖြည့်စည်းဖို့ ပါးစပ်နဲ့ လိင်ဆက်ဆံ ကြတဲ့အခါမျိုးတွေရှိကြမှာပါ။ ဒီအခါ လိင်အင်္ဂါဟာ ပါးစပ်ထဲရောက်တဲ့အခါ ပျို့အန်ချင်စိတ်တွေ ပေါ်ပေါက်လာပြီး အဆင်မပြေတော့ပါဘူး။ အဖြစ်အများဆုံးက ချစ်သူရဲ့ စိတ်ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးချင်ဇောနဲ့ လိင်အင်္ဂါကို လည်ချောင်းထဲထိရောက်အောင် ပါးစပ်တဆုံးသွင်းမိခြင်းပါပဲ(Deep throating)။ ဒါဟာ ရုပ်ရှင်ကား ထဲကအတိုင်း လိုက်လုပ်တာပါ။ လည်ချောင်းထဲကို လက်ညှိုးထိုးထည့်တဲ့အခါမျိုးမှာတောင် ပျို့အန်ချင်စိတ်ဖြစ်နိုင်တာမို့ Blow Job လုပ်တဲ့အခါ ပျို့အန်ချင်တာ မဆန်းပါဘူး။ Deep throating လုပ်မှ ဆန္ဒပြည့်ဝတာမဟုတ်ပါဘူး။ ကောင်းမွန်ပြီး ပညာသားပါလှတဲ့ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (Excellent Blow Job)ဆိုတာ လည်ချောင်းတဆုံးထိ ရောက်စရာမလိုပါဘူး။ နည်းစနစ်မှန်ကန်ဖို့သာ အရေးကြီးတာပါ။ ဘယ်လိုနည်းတွေလဲ။ (၁)    အသက်မှန်မှန်ရှူပါ။ (Breathe) ပါးစပ်ထဲမှာ လိင်အင်္ဂါနဲ့ ပြည့်သွားတဲ့အခါ အသက်ရှူဖို့ ခက်ခဲလာမှာပါ။ နှာခေါင်း […]


သားဆက်ခြားခြင်း

ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်း များ

အိမ်ထောင်ကျလို့ သားဆက်ခြားနည်း သုံးတော့မယ်ဆိုရင် ခုခေတ်မှာက အမျိုးအစားအစုံ ရှိပါတယ်။ အမျိုးသား သုံးလား။ အမျိုးသမီးသုံးလား။ သောက်ဆေးလား၊ ထိုးဆေးလား၊ သားအိမ်ထဲထည့်မှာလား၊ လက်မောင်းအောက်ထဲ ထည့်မှာလား စသဖြင့် အမျိုးအစား စုံပါတယ်။ သားဆက်ခြားနည်းက နှစ်ယောက်လုံးအတွက် ရှိပေမယ့် တကယ်တမ်း အမျိုးသမီးတွေကပဲ သုံးတာများပါတယ်။ သူတို့သုံးတဲ့ထဲမှာ အများစုက ဟော်မုန်းနဲ့ သားဆက်ခြားတဲ့ နည်းက ပိုများပါတယ်။ ဒါပေမယ့် တချို့သော အမျိုးသမီးတွေက ဟော်မုန်းပါတာတွေကို သိပ်မကြိုက်ကြပါဘူး။ ရာသီပုံမှန်မလာလို့၊ ဝလာလို့၊ အသားအရည်တွေ ညစ်လာလို့ စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပါ။ တစ်ဆက်တည်းမှာပဲ သူတို့တွေ မေးကြတာက ဟော်မုန်းမပါတဲ့ သားဆက်ခြား နည်းလမ်းတွေ မရှိဘူးလား ဆိုတာပါပဲ။ သိပ်ရှိတာပေါ့။ ဟော်မုန်းမပါဘဲလည်း သားဆက်ခြားလို့ ရတာပေါ့။ ဒါတွေက ဘာနည်းလမ်းတွေလဲ ဆိုတာကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား ။ လိင်ဆက်ဆံခြင်းဟာ သင့်ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လို့ ဒီအချက်တွေကြောင့် ပြောရတာပါ။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေအဖြစ်နည်းမယ်။ ပျော်ရွှင်ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင် ထားသူတစ်ယောက်ဟာ တစ်နာရီမှာ (၄)မိုင်ကနေ (၆)မိုင်ထိ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်နေသူတစ်ယောက်နဲ့ ညီမျှပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ မျိုး၊ လေဖြတ်တာမျိုးတွေဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။ လိင်ဆက်ဆံနေစဉ် လှုပ်လှုပ်ရှားရှား ရှိနေမယ့်အတွက် နှလုံးခုန်နှုန်း မြင့်တက်နေမှာပါ။ ဒါဟာနှလုံး ကျန်းမာရေးအတွက် အထူးကောင်း မွန်ပြီး သက်လုံလည်း ကောင်းစေပါတယ်။ ဒါ့အပြင် ကျားဟော်မုန်း (testosterone)နဲ့ မဟော်မုန်း (estrogen)ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။ နာကျင်မှုကို လျော့နည်းသက်သာစေပါတယ်။ သင့်ရဲ့ အိမ်ထောင်ဖက် (သို့) ချစ်သူ (သို့) ပါတနာဟာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အရက်သောက်ခြင်းဟာ သင့်လိင်မှုဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲ

အရက်သောက်ခြင်းဟာ သင့်လိင်မှုဘဝအတွက် ကောင်းကျိုးပေးမှာလား။ ဆိုးကျိုးဖြစ်စေသလား။ ဒီမေးခွန်းတွေအတွက် တိတိကျကျအဖြေပေးဖို့ ခက်ပါတယ်။ အကောင်းရော အဆိုးပါ ဒွန်တွဲနေတယ်ဆိုပေမဲ့ သေချာတာကတော့ သက်ရောက်မှုက ရှိကိုရှိနေပါတယ်။ ဒါဆိုရင် ဘယ်လိုသက်ရောက်မှုတွေများ ဖြစ်နေနိုင်မလဲ။ ၁. အရက်ကြောင့် အတားအဆီး‌၊ အဟန့်အတားတွေ လျော့နည်းသွားစေပါတယ်။ အရက်သောက်ခြင်းကြောင့် လိင်ဆက်ဆံလိုစိတ်နိုးကြွလာတာမျိုးမဟုတ်ပါဘူး။ စိတ်ပူပန်မှုတွေ ‌စိုးရိမ်ကြောင့်ကြမှုတွေ လျော့နည်းသွားတဲ့ အခြေအနေဟာ အတူတူနေဖို့ ၊ ကိုယ့်ရဲ့ ပါတနာကို စိတ်ကျေနပ်မှုပေးဖို့ ပိုပြီး အသင့်ဖြစ်နေစေပါတယ်။ ဒါ့အပြင် အချို့အမျိုးသားများဟာ အတူတူနေစဉ် မိမိရဲ့စွမ်းဆောင်ရည်အတွက် စိုးရိမ်ပူပန်မှုရှိတတ်ပါတယ်။ ထိုအခါ အရက် အနည်းငယ်သောက်ပြီး ရဲဆေးတင်ခြင်းအားဖြင့် သူတို့ရဲ့ စိုးရိမ်သောကကို လျော့နည်းသွားစေတဲ့အတွက် လိင်မှုစွမ်းဆောင်ရည်လည်း ပိုကောင်းလာကြတယ်လို့ ဆိုပါတယ်။ ၂. အရက်ဟာ လက်ရှိပစ္စုပ္ပန်ကိုပဲ အာရုံရောက်စေပါတယ်။ အိမ်ထောင်သည်တွေမှာ အတူတူနေတဲ့ အကြိမ်ရေနည်းလာခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ "Stress" ဆိုတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မျက်လုံးထဲ သုက်ရည် ဝင်သွားတဲ့အခါ

လိင်ကိစ္စနဲ့ ပတ်သက်လာရင် ဒါသည်လည်း တော်တော်များများ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စထဲမှာ ပါပါတယ်။ တချို့ယောက်ျားလေးတွေမှာက ထိုးသွင်းဆက်ဆံပြီးသွားရင် မျက်နှာပေါ်ကို သုက်လွှတ်ချင်တဲ့ အာသီသမျိုးတွေ ရှိတတ်ပါတယ်။ ဒီအတိုင်းက ကိစ္စမရှိပေမဲ့ မတော်တဆ မျက်လုံးထဲ သုက်ရည် ဝင်သွားခဲ့ရင်တော့ ခံရသူက မသက်သာဘူးပေါ့။ တချို့ကျတော့လည်း သုက်ရည်က မျက်လုံးထဲ ဝင်သွားလို့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရသွားနိုင်လားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ခုဆောင်းပါးမှာ မျက်လုံးထဲ သုက်ရည်ဝင်ခြင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ မျက်လုံးကို ပွတ်လို့ ရလား။ ကိုယ့်မျက်လုံးထဲ တစ်ခုခု ဝင်သွားပြီဆိုရင် အရင်ဆုံး လုပ်တတ်ကြတာက မျက်လုံးကို လက်နဲ့ ပွတ်လိုက်တာပဲ ဖြစ်မှာပါ။ ဒီအခြေအနေမျိုးမှာတော့ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝင်တဲ့ သုက်ရည်ပမာဏက သိပ်မများဘူးဆိုရင် လက်နဲ့ ပွတ်လိုက်တဲ့အခါ အဲ့ဒီ အရည်တွေက […]


HIV နှင့် AIDS ရောဂါ

အိပ်ချ်အိုင်ဗီ ကူးစက်မှု ယုံတမ်းစကားများ

အိပ်ချ်အိုင်ဗီပိုး ကူးစက်တာနဲ့ပတ်သက်ပြီး အမှတ်မှားနေကြတဲ့ ယုံတမ်းစကားတချို့ကို ရှင်းပြပေးချင်ပါတယ်။ ဆေးပညာတိုးတက်မှုကြောင့် အခုချိန်မှာ အိပ်ချ်အိုင်ဗီပိုး ရှိမရှိအချိန်တိုတိုနဲ့ စမ်းသပ်နိုင်နေပြီဖြစ်သလို ရောဂါပိုး ထိန်းချုပ်မှုမှာလည်း အများကြီးတိုးတက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လုံးဝပျောက်ကင်းအောင်မကုသနိုင်သေးတဲ့ အတွက် ရောဂါကူးစက်မခံရအောင်ကာကွယ်ဖို့အတွက် မှန်ကန်တဲ့အသိရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ အိပ်ချ်အိုင်ဗီပိုးကူးစက်မှုနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို ဖြေရှင်းပေးချင်ပါတယ်။ ၁ - အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့ ထိတွေ့မိလိုက်ရုံနဲ့ရောဂါပိုးကူးစက်သွားတယ် အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ လိုထိတွေ့မှုတွေလုပ်ရုံနဲ့ ရောဂါမကူးပါဘူး။ ရောဂါပိုး ရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေမှာတော့  (သွေး၊ နို့ရည်၊ မစင်ရည်၊ လိင်ဆက်ဆံတဲ့အခါထွက်တဲ့ အရည်များ၊ သုက်ရည်) မှာတော့ အိပ်ချ်အိုင်ဗီပိုးပါဝင်တယ်။ ဒီလိုအရည်တွေက နောက်လူတစ်ယောက်ရဲ့ စအို၊ လိင်အင်္ဂါ၊ ပါးစပ် လိုနေရာတွေနဲ့ ထိတွေ့မိရင်တော့ အိပ်ချ်အိုင်ဗီ ပိုးကူးစက်ခံရနိုင်ပါတယ်။ တံတွေးကနေ အိပ်ချ်အိုင်ဗီပိုးမကူးစက်ပါဘူး။ ၂ - အိပ်ချ်အိုင်ဗီပိုးက ခြင်ကနေတဆင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖုန်းနဲ့ ချစ်တင်းနှောခြင်းရဲ့ အံ့သြဖွယ်အချက်များ

ဖုန်းနဲ့ ချစ်တင်းနှောခြင်းဟာ ယနေ့ခေတ်မှာ အလွန်ခေတ်စားလာတဲ့ အလေ့အထ တစ်ခုပါ။ အထူးသဖြင့် LDRS ဝေးကွာနေတဲ့ ချစ်သူရည်းစားတွေ အသုံးပြုတာများပါတယ်။ ဒါပေမဲ့ Phone Sex (Sex Chat)ခြင်းဟာ ငယ်ရွယ်သေးတဲ့ (အသက်မပြည့်သေးသူ)ဆယ်ကျော်သက် တွေအတွက်တော့ အနှုတ်သဘော ဆောင်တဲ့ဆိုးကျိုးတွေ ရှိလာပါတယ်။ Sex chat ခြင်းကို တလွဲ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ သမီးရည်းစား ဆက်ဆံရေးမှာ ဆိုးရွားတဲ့ အကျိုးသက် ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ Sex chat ခြင်းသာမကပါဘူး၊ လူတွေဟာ မိမိတို့ရဲ့ လိင်စိတ်ဆန္ဒတွေကို ပြည့်ဝစေဖို့ လိင် ကိရိယာ (Sex toy) တွေကိုတောင် အသုံးပြုလာကြပါတယ်။ ဒါဟာ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်ခြင်းပါ။ လူငယ်တွေမှာ ခေတ်စားလာတဲ့ ဖုန်းထဲကနေ လိင်ဆက်ဆံခြင်း (Sex Chat)လို့ပြော […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း