အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ ထိုးသွင်းဆက်ဆံရာမှာ ပုံမှန်တဲ့ ပိုထူးကဲ ကောင်းမွန်တဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ ကွန်ဒုံးပါ။ တံဆိပ်အမျိုးအစားပေါ် မူတည်ပြီး ကွန်ဒုံးထိပ်၊ ပတ်လည်၊ အဖျားတွေမှာ ဘုသီးလေးတွေ ထည့်ပေးထားတာကြောင့် ထိုးသွင်းနေစဉ်မှာ အမျိုးသမီးတွေအတွက်လည်း ကာမစိတ်ကို နှိုးဆွပေးရာ ရောက်ပါတယ်။ အမျိုးသားတွေအတွက်လည်း အထဲမှာ လိင်တံကို နှိုးဆွပေးနိုင်ဖို့ ဘုသီးလေးများ ပါတာကြောင့် အဆင်ပြေစေပါတယ်။
၅။ ပူနွေးနွေး ကွန်ဒုံး (Warming Condoms)
အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရလို့ မကြိုက်ဘူးဆိုတဲ့ စုံတွဲတွေအတွက် Latex အလွှာပါးပါးလေးကိုမှ အနွေးဓာတ်ခံစားမှုမျိုး ပေးနိုင်တဲ့ ချောဆီများများ သုံးပေးထားတာဖြစ်လို့ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံရသလို နူးညံ့တဲ့ အထိအတွေ့မျိုးကို ဆက်ဆံဖော် ၂ ဦးလုံး ခံစားရမှာပါ။
၆။ ထိပ်ကြီး ကွန်ဒုံး (Pleasure-Shaped Condoms)
လုံးပတ်က ပုံမှန်အတိုင်းပဲ ဖြစ်ပြီး အမျိုးသားအင်္ဂါရဲ့ ထိပ်ဖူးနေရာမှာ ကွန်ဒုံးကို ပိုကြီးနေအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်က လိင်တံထိပ်ဖူးပေါ် ကွန်ဒုံးရဲ့ ပွတ်တိုက်မှုကြောင့် အမျိုးသားတွေကို ကာမသုခ ပိုမိုပေးစွမ်းနိုင်ပြီး သုက်လွှတ်ကြာတဲ့ သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။
၇။ အသွင်းအချွတ်လုပ်ဖို့ လွယ်ကူတဲ့ ကွန်ဒုံး (Sensis Condoms with Quik Strips)
တစ်ခါတလေ အမျိုးသားတွေ ကွန်ဒုံးစွပ်တဲ့နေရာမှာ အခက်အခဲရှိတတ်ပါတယ်။ ချောဆီကြောင့် လက်က စေးကပ်နေပြီး ကောင်းကောင်း စွပ်ချလို့ မရတာမျိုး၊ ဘက်ပြောင်းပြန်ဖြစ်တာ၊ အလယ်မှာ ကျပ်နေတဲ့ ပြဿနာမျိုးပေါ့။ ဒီကွန်ဒုံး အမျိုးအစားမှာတော့ သုက်ရည်သိုလှောင်တဲ့ အိတ်ငယ်လေးမှာ ကြိုး နှစ်ချောင်းပါပြီး လိင်အင်္ဂါရဲ့ အပေါ်မှာ ကွန်ဒုံးကို တင်ထားလိုက်ရုံပါ။ ပြီးသွားရင် ဘေးက ကြိုးနှစ်ချောင်းကို အောက်ဆွဲချလိုက်တာနဲ့ ကွန်ဒုံးစွပ်ပြီးသား ဖြစ်သွားပါပြီ။
၈။ ဝါးစားလို့ရတဲ့ ကွန်ဒုံး (Edible Condoms)
သူ့ရဲ့ အဓိက အားသာချက်က ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့နေရာမှာ အရသာတစ်မျိုး ပေးစွမ်းနိုင်သလို သုက်ရည်မျိုချရတာ ကြိုက်တယ်ဆိုရင်လည်း လိင်ဆက်ဆံပြီးလို့ သုက်လွှတ်ပြီးတာနဲ့ ကွန်ဒုံးကိုပါ ဝါးစားလို့ရတာမျိုးပါ။ မကောင်းတဲ့အချက်ကတော့ အပျော်သက်သက် ထုတ်ထားတာဖြစ်ပြီး ကိုယ်ဝန်နဲ့ တခြားလိင်မှတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။
ခုပြောပြခဲ့တဲ့ ကွန်ဒုံးအမျိုးအစားတွေက ဆန်းဆန်းပြားပြားတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ လိင်မှုကိစ္စမှာ ပုံမှန်ထက် ထူးကဲတဲ့ အရသာနဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မယ်လို့ ထင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီအမျိုးအစား တော်တော်များများက မြန်မာနိုင်ငံမှာ တရားဝင် ရောင်းချထားခြင်း မရှိသေးလို့ ဝယ်မယ်ဆိုရင်တော့ နိုင်ငံခြား ခရီးထွက်တဲ့အချိန်မျိုး၊ ဒါမှမဟုတ် အွန်လိုင်းကနေ တစ်ဆင့်ပဲ ဝယ်လို့ ရမှာဖြစ်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။