backup og meta

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

    သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    တစ်နေ့တစ်လုံး သောက်ရတဲ့ ဟော်မုန်းနှစ်မျိုးပါဝင်သော သားဆက်ခြား စားဆေးတွေဟာ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပြီး ဆေးရုံဆေးခန်းသွားစရာ မလိုတဲ့အတွက် အမျိုးသမီး တော်တော်များများ သုံးစွဲကြပါတယ်။ အဓိကကတော့ ကိုယ်ဝန်တားဖို့အတွက် သောက်သုံးကြတာ ဖြစ်ပေမဲ့ ရာသီမမှန်တဲ့ ပြဿနာ‌တွေ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတွေကို ကုစားဖို့ အတွက်ပါ သုံးကြပါတယ်။ ‌

    သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

    သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ ကတော့

  • ဘယ်အရာတွေက ရာသီမှန်အောင် ပြုလုပ်ပေးနေတာလဲ
  • သားဆက်ခြားစားဆေး ၂ မျိုး ရှိတဲ့အနက် ဟော်မုန်း ၂ မျိုး ပါဝင်တဲ့ သောက်ဆေးကပဲ အထက်ပါ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တာဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ကနေ ထုတ်လုပ်တဲ့ မဟော်မုန်းတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။

    • ရာသီမှန်မှန်လာအောင် ဘယ်လိုလုပ်ပေးတာလဲ

    လွယ်လွယ်ပြောရရင် ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားနည်းတိုင်းဟာ သားဥကြွေတာကို ပိတ်ပင်တားဆီးလိုက်တဲ့အတွက် ရာသီလာခြင်းကိုပါ ရပ်တန့်သွားစေပါတယ်။ ဒါပေမဲ့ ဟော်မုန်း ၂ မျိုး ပါတဲ့ သောက်ဆေးမှာတော့ ထူးဆန်းစွာပဲ ပုံမှန် ရာသီလာ သကဲ့သို့ တစ်လတစ်ခါ သွေးဆင်းပါတယ်။ ဒါကို “withdrawal bleeding” ဆေးရပ်လိုက်တဲ့အခါ သွေးဆင်းခြင်းလို့ ခေါ်ပါတယ်။ ပုံမှန်ရာသီစက်ဝန်းတစ်ခုမှာ ခန္ဓာကိုယ်က ဟော်မုန်းထုတ်လုပ်တဲ့အတိုင်း ဆေးကတ်ရဲ့ အပေါ် ၃တန်းမှာ ဟော်မုန်းတွေပါပါတယ်။ ‌အပေါ် ၃တန်းသောက်ပြီးသွားတဲ့အခါ အောက်ဆုံးအနီတန်းက ဆေးလုံးလေးတွေဟာ ဟော်မုန်းမပါဝင်တဲ့ အတွက် withdrawal bleeding လာရခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက အနီရောင် ဆေးလုံးလေးတွေကို သောက်သည်ဖြစ်စေ၊ မသောက်ဘဲ လွှင့်ပစ်သည်ဖြစ်စေ အပေါ်က ၃တန်းကို မှန်မှန်သောက်ခဲ့ရင် ရာသီလာပါလိမ့်မယ်။ ခန္ဓာကိုယ်က မဟော်မုန်းထုတ်လုပ်ပုံ မမှန်တဲ့ ပြဿနာရှိတဲ့ အမျိုးသမီးတွေမှာ (ဥပမာ- သားဥအိမ်မှာရေအိတ်တည်ခြင်း) ရာသီလစဉ်မှန်မှန် မလာတဲ့ ပြဿနာကြုံတွေ့ကြရပါတယ်။ ဒီလိုလူတွေအတွက်ဆို သိပ်အဆင်ပြေပါတယ်။

    ရာသီလာတဲ့အချိန်မှာ ဘာကြောင့်နာကျင်ကိုက်ခဲရသလဲဆိုတာ အရင်သိဖို့လိုပါတယ်။ Prostaglandin ဆိုတဲ့ ဟော်မုန်းတစ်မျိုးဟာ သားအိမ်ရဲ့ ကြွက်သားများကို ကျုံ့ဆန့်ခြင်းများပြုလုပ်စေပါတယ်။ အဲ့ဒီလို ကျုံ့ဆန့်ခြင်းများပြုလုပ်‌ခြင်းဖြင့် သားအိမ်အတွင်းမှာရှိတဲ့ အမြှေးပါးလေးကွာကျပြီး ရာသီသွေးအဖြစ်ဆင်းရပါတယ်။ ဒါပေမယ့် အလွန်အကျွံ ကျုံ့ဆန့်ခြင်းများဖြစ်လာတဲ့အခါ နာကျင်မှုကို ခံစားရစေပါတယ်။ဒါ့အပြင် အဆိုပါ prostaglandin ဟော်မုန်းက သားအိမ်က သွေးကြောလေးတွေကို ကျဉ်းသွားစေပြီး သားအိမ်နံရံကြွက်သားများဆီကို အောက်ဆီဂျင်ရောက်ရှိတာ နည်းသွားတဲ့အခါမှာလည်း နာကျင်မှုကို ခံစားရစေပါတယ်။ သားဆက်ခြားစားဆေးက အဆိုပါ prostaglandin ထုတ်လုပ်မှုကို လျော့နည်းအောင် ပြုလုပ်ပေးတဲ့အတွက် နာကျင်မှုတွေကို သက်သာစေခြင်းတဲ့ အကျိုးအာနိသင်ကို ရပါတယ်။

    ဒါတွေကတော့ သားဆက်ခြားစားဆေးတွေက ပေးစွမ်းနိုင်တဲ့ အခြားသော အာနိသင်လေးတွေ ဖြစ်ကြပါတယ်။ ဆိုလိုတာကတော့ သူတို့ကို သန္ဓေတားဖို့အပြင် တခြားအခြေအနေတွေမှာပါ သုံးလို့ရတယ်လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။

    ရေးသားသူ – Dr. Saint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement