ပန်းနာရင်ကြပ် ရောဂါနဲ့ ပတ်သတ်ရင် လူတော်တော်များများက သူနဲ့ မတည့်တာကို ရှူမိတာကြောင့် ထင်တတ်ကြပါတယ်။ တကယ်တမ်းကြတော့ ဒီလိုမတည့်တာကြောင့် ပန်းနာရင်ကြပ်ထတာက ပန်းနာရင်ကြပ်အမျိုးအစားတွေထဲက တစ်ခုပါပဲ။ တခြားအမျိုးအစားတွေ အများကြီး ရှိပါသေးတယ်။
ထွက်မှာ သေချာပြီလား။
ပန်းနာရင်ကြပ် ရောဂါနဲ့ ပတ်သတ်ရင် လူတော်တော်များများက သူနဲ့ မတည့်တာကို ရှူမိတာကြောင့် ထင်တတ်ကြပါတယ်။ တကယ်တမ်းကြတော့ ဒီလိုမတည့်တာကြောင့် ပန်းနာရင်ကြပ်ထတာက ပန်းနာရင်ကြပ်အမျိုးအစားတွေထဲက တစ်ခုပါပဲ။ တခြားအမျိုးအစားတွေ အများကြီး ရှိပါသေးတယ်။
ဓာတ်မတည့် အလာဂျီရှိတဲ့ သူတိုင်းက ပန်းနာရင်ကြပ်ရောဂါ မရှိကြပါဘူး။ ဒီလိုပဲ ပန်းနာရင်ကြပ်သမားတိုင်းမှာလည်း ဓာတ်မတည့် ပြဿနာ ရှိချင်မှရှိတာပါ။ ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကြပ်က ဆက်စပ်မှုရှိပေမယ့် တစ်ခုရှိရင် နောက်တစ်ခုပါ လိုက်ရှိရမယ်လို့ ပုံသေသတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး။
ဓာတ်မတည့်စေတဲ့ ပစ္စည်းကို အလာဂျင်လို့ခေါ်ပါတယ်။ ဓာတ်မတည့်ရောဂါကတော့ အလာဂျီပေါ့။ ဒီဓာတ်မတည့်စေတဲ့ ပစ္စည်းတွေက ရှူမိရာက၊ စားမိရာက၊ ထိတွေ့မိရာက ကိုယ်ထဲကို ရောက်ရှိပြီး ဓာတ်မတည့် ဖြစ်စဉ်ကို ဖြစ်စေပါတယ်။
ဘာကြောင့်ပဲ ကြပ်ကြပ် ပန်းနာရင်ကြပ်ရဲ့ သဘောတရားကတော့ အတူတူပါပဲ။ လေပြွန်တွေ အလွန်အကျွံတုံ့ပြန်တာကြောင့် လေပြွန်တွေကျဉ်းပြီး အသက်ရှူကြပ်လာတာပါပဲ။ အသက်ရှူကြပ်တဲ့အဆင့်အထိ မဟုတ်ရင်တောင် အသက်ရှူရင် တရွှီရွှီမြည်တာ၊ ချောင်းဆိုးတာလောက်တော့ ဖြစ်တတ်ပါတယ်။
ပန်းနာရင်ကြပ်လူနာအများစုက ဓာတ်မတည့်ပန်းနာရင်ကြပ်အမျိုးအစားပါ။ ၆၀ရာခိုင်နှုန်းလောက်ထိရှိပါတယ်။ ဓာတ်မတည့်စေတဲ့ ပစ္စည်း အလာဂျင်ကို ခုခံအားက အန္တရာယ်ရှိတဲ့ ပစ္စည်းအနေနဲ့ သတ်မှတ်ပြီး ပြန်လည်ခုခံတဲ့အတွက် လေပြွန်တွေ ရောင်ရမ်းပြီး ရင်ကြပ်ဖောက်လာတာပါ။ လက္ခဏာတွေကတော့ တခြားပန်းနာရင်ကြပ်တွေနဲ့ အတူတူပါပဲ။
ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ သေချာ မသိကြသေးပေမယ့် မျိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်လို့ ယူဆကြပါတယ်။ ခုခံအားစနစ်ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါသေးတယ်။ မျိုးရိုးလိုက်တယ်လို့လည်း ဆိုကြပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် ဓာတ်မတည့်စေတဲ့ ပစ္စည်းအမျိုးအစား မတူကြပါဘူး။ အတွေ့ရများတာတော့
ဒီနေရာမှာ နှစ်မျိုးတော့ စဉ်းစားရပါတယ်။ ပန်းနာရင်ကြပ်ရယ် ဓာတ်မတည့်တာရယ်ပေါ့။ တချို့လူနာတွေက ပန်းနာရင်ကြပ်တင်မဟုတ်ဘဲ တခြားဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ အပိန့်ထွက်တာ၊ ယားတာတွေပါ ဖြစ်တတ်ပါတယ်။ ဒါကိုပါ သက်သာအောင် လုပ်ပေးရပါတယ်။
ပန်းနာရင်ကြပ်အတွက်ကတော့ ဒီလို ဓာတ်မတည့်တာနဲ့ ကြုံလို့ရှိရင် အရေးပေါ်ရှူနိုင်အောင် အရောင်ကျဆေးတွေ၊ လေပြွန်ကျယ်ဆေးတွေ စသဖြင့် ဆောင်ထားရမှာပါ။ ရောဂါရဲ့ သဘောသဘာဝကို သိပြီး ကိုယ်တိုင်လုပ်နိုင်အောင် လေ့ကျင့်ထားရင် ပိုကောင်းပါတယ်။
အကောင်းဆုံး ကာကွယ်နည်းကတော့ ကိုယ်ဓာတ်မတည့်တာကို ဝေးဝေးက ရှောင်ဖို့ပါပဲ။ ဒီလူနာတွေက တရှောင်ရှောင် ဖြစ်နေတာမျိုး မဟုတ်ဘဲ မတည့်တာနဲ့တွေ့မှ ရောဂါထဖောက်တာမျိုးပါ။ သာမန်အချိန်တွေမှာတော့ လူကောင်းတစ်ယောက်လိုပါပဲ။ ဒါကြောင့် ဓာတ်မတည့်တာကို သိပြီး သတိထားရှောင်ဖို့က အဓိကပါပဲ။
ဥပမာ ပြောရရင် အိမ်မှာ ပိုးဟပ်မလာအောင် သန့်သန့်ရှင်းရှင်းထားတာမျိုး၊ ပိုးကောင်လေးတွေ အောင်းတတ်တဲ့ အိပ်ရာကို မကြာခဏ လျှော်ဖွပ်တာမျိုး၊ အိမ်ကပစ္စည်းတွေ မှိုမတက်အောင် မိုးတွင်းဆို ရေငွေ့စုပ်စက်လေးတွေ ထားတာ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးဝေးနေတာ၊ ဝတ်မှုန်လွင့်ချိန်ကျရင် လေနဲ့အတူ လွင့်မလာအောင် ကိုယ့်အခန်းတံခါးလေးတွေ ပိတ်ထားတာ၊ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်တာမျိုး လုပ်လို့ရပါတယ်။
ဓာတ်မတည့် ပန်းနာရင်ကြပ်ကို လုံးဝမဖြစ်အောင် ကာကွယ်လို့ မရပေမယ့် ဒီနည်းလမ်းလေးတွေနဲ့ဆိုရင်တော့ ဖြစ်တဲ့ အကြိမ်ရေ နည်းသွားမှာပါ။ မတော်တဆ ရောဂါဖောက်လာခဲ့ရင် လုပ်နိုင်ဖို့ ဆေးတွေဆောင်ထားပါ။ ဆေးရှူလို့ မသက်သာဘူးဆိုရင်တော့ ပြင်းထန်ဓာတ်မတည့်အခြေအနေ anaphylaxis ဖြစ်နိုင်လို့ ဆေးရုံကို အမြန်သွားဖို့ အကြံပြုလိုပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။