- ကူးနိုင်တဲ့ တီဘီ (Active TB)
ဒီတီဘီကတော့ လက္ခဏာလည်းပြတယ်။ သူများကိုလည်း ကူးနိုင်ပါတယ်။ ပိုးဝင်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း လက္ခဏာပြနိုင်သလို၊ တော်တော်ကြီးကြာမှ ပြတတ်ပါတယ်။ ဘာလက္ခဏာတွေလည်း ဆိုတော့
- ၃ပတ်နဲ့ အထက် အကြောင်းရင်း မသိဘဲ ချောင်းဆိုးမယ်
- ၃ပတ်နဲ့ အထက် အကြောင်းရင်း မသိဘဲ ဖျားမယ်
- ပိန်သွားမယ်
- အစားအသောက်ပျက်မယ်
- ညနေဘက်တွေမှာ ချမ်းတုန်ဖျားမယ်
- နုံးမယ်
- ချောင်းဆိုးသွေးပါမယ် စတာတွေ ဖြစ်တတ်ပါတယ်။
ဘယ်သူတွေ ဖြစ်နိုင်လဲ။
လူတိုင်းဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားကောင်းနေရင်တော့ ရောဂါပိုးကို တိုက်ထုတ်လိုက်မှာပါ။ ကိုယ်ခံအားမကောင်းတဲ့ သူတွေ ဆိုရင်တော့ သတိထားရမှာပါ။ ဘယ်သူတွေလဲဆိုတော့
- HIV/AIDS ရောဂါရှိသူတွေ
- ဆီးချိုရောဂါ ရှိသူတွေ
- ကျောက်ကပ်မကောင်းတဲ့သူတွေ
- ကင်ဆာရောဂါရှိသူတွေ၊ အဲ့အတွက် ဆေးသွင်းကုသမှု ခံယူနေတဲ့ သူတွေ
- ကိုယ်အင်္ဂါအစားထိုးထားလို့ ခုခံအားထိန်းဆေး သောက်နေသူတွေ
- အာဟာရချို့တဲ့သူတွေ
- ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ
ကုသလို့ရလား။
ရပါတယ်။ အားလုံးသိကြတဲ့ တိုက်ရိုက်ကြည့်ရှု အချိန်တိုနဲ့ကု (DOTS) နည်းလမ်းနဲ့ လုပ်နေတာ ဖြစ်ပါတယ်။ အနည်းဆုံး၆လ ဆေးသောက်ရမှာ ဖြစ်ပါတယ်။ ၆လအတွင်းမှာ ဆေးပတ်လည်အောင် မှန်မှန်ကန်ကန်နဲ့ သောက်နိုင်ရင်တော့ ပျောက်ကင်းပါတယ်။ အရေးကြီးတာက ဆေးကို သေချာသောက်ဖို့ရယ်၊ ဆေးဒဏ်ခံရမှာစိုးလို့ ကိုယ့်သဘောနဲ့ ကိုယ်ရပ်တာရယ်ကို လုံးဝလုပ်လို့ မဖြစ်ပါဘူး။ ဆေးဒဏ်ခံရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်လို့ ရပါတယ်။ ဆေးကို သေချာ မသောက်ဘူးဆိုရင် ဆေးယဉ်ပါးတီဘီဖြစ်တာ၊ အရှင်းမပျောက်ဘဲ ဆေးတွေကို အကြာကြီး သောက်ရတာ စတဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။
တီဘီဖြစ်နေတဲ့ သူက ဘာတွေ ဆောင်ရ ရှောင်ရမှာလဲ။
တီဘီဖြစ်နေတဲ့ သူက ကိုယ့်ဆီကပိုး သူများကို မကူးဖို့ ဂရုစိုက်ရပါမယ်။ များသောအားဖြင့် intensive phase ၂လသောက်ပြီးလို့ သလိပ်ထဲမှာ ပိုးမတွေ့တော့ရင် သူများကို ကူးနိုင်ချေနည်းသွားပါပြီ။ ဒီအတောအတွင်းမှာ သူများကို မကူးဖို့အတွက်
- အိမ်မှာပဲ နေပါ။ အလုပ်တွေ၊ ကျောင်းတွေ မသွားပါနဲ့။ အခန်းခွဲအိပ်ပါ။
- အခန်းကို လေဝင်လေထွက်ကောင်းပါစေ။
- ချောင်းဆိုး၊ နှာချေတိုင်း အုပ်ဆိုးပါ။ ပြီးရင် သေချာထုပ်ပိုးပြီး စွန့်ပစ်ပါ။
- သူများနဲ့ ထိတွေ့ဖို့ စကားပြောဖို့ လိုရင် maskတပ်ပါ။
- ပြီးတော့ ဆေးပတ်လည်အောင် သောက်ပါ။ မသောက်လို့ ဆေးယဉ်ပါးတီဘီဖြစ်သွားရင် ကိုယ်လည်း ဒုက္ခရောက်နိုင်သလို သူများကိုလည်း ဆေးယဉ်ပါးတီဘီကူးသွားမှာပါ။
ကာကွယ်ဆေးရှိလား
BCGလို့ ခေါ်တဲ့ ကာကွယ်ဆေးရှိပါတယ်။ မွေးစမှာ ထိုးလို့ရပါတယ်။ ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ တီဘီရောဂါ လုံးဝမဖြစ်တာ မဟုတ်ပါဘူး။ လူကြီးတွေမှာ ထိုးရင် သိပ်အကျိုးမရှိပါဘူး။ ခု အစိုးရက မွေးစကလေးတွေကို အခမဲ့ ထိုးပေးနေပြီဖြစ်လို့ ထိုးဖြစ်အောင် ထိုးဖို့ အကြံပေးလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။