RH factor ဟာ သွေးနီဥတွေရဲ့ မျက်နှာပြင်ပေါ်မှာပါရှိတဲ့ ဆက်ခံရရှိတဲ့ ပရိုတင်းတစ်ခုဖြစ်ပါတယ်။ သင့်သွေးမှာ ပရိုတင်းရှိရင် သင်ဟာ RH အပေါင်းသွေး ဖြစ်ပါတယ်။ တကယ်လို့ ပရိုတင်းမရှိဘူးဆိုရင်တော့ RH အနှုတ်သွေး ဖြစ်ပါတယ်။
RH အပေါင်းသွေးဟာ အတေ့ွအများဆုံး သွေးအမျိုးအစား ဖြစ်ပါတယ်။ RH အနှုတ်သွေး ရှိခြင်းဟာ ဖျားနာခြင်းမဟုတ်ပဲ သင့်ကျန်းမာရေးကို ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိပါဘူး။ ကိုယ်ဝန်ကိုသာ အကျိုးသက်ရောက်မှုရှိတာကြောင့် သင်ဟာ RH အနှုတ်သွေးဖြစ်ပြီး ကလေးအဖေဟာ RH အပေါင်းသွေးဆိုရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။