backup og meta

ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား

ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား

ကိုယ်ဝန်ဆောင် ကာလဆိုတာက မိခင်တိုင်းအတွက် ရင်အခုန်ရဆုံး ကာလအပိုင်းအခြားလေးပါ။ ဒီကာလမှာ မေမေကိုယ်တိုင်ကရော မိသားစုဝင်တွေ သူငယ်ချင်းတွေကပါ ကိုယ်ဝန်ဆောင်မေမေကို ဘာတွေကိုတော့ဖြင့်စားပါ။ ဘာကို မစားနဲ့နော် ဆိုပြီး ပြောကြပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား…………….

ဒီလို စားသောက်စရာတွေထဲကမှာ ကျန်တာတွေက ပြဿနာ မရှိပေမယ့် ဟင်းချက်တဲ့အခါ ကိုယ်ခံအား ကောင်းအောင်ဆိုပြီး ထည့်ချက်လေ့ရှိတဲ့ ချင်း (ဂျင်း) ကိုရော စားလို့ဖြစ်မလား။ ပုံမှန်ချိန်ဆို ကိစ္စမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်ဆိုတော့ စိုးရိမ်မိတယ်ဆိုတဲ့ မေမေတွေရှိလား……..

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေ ဖတ်ကြည့်ဖို့လိုမယ့် ဆောင်းပါးလေးပါ။

ကိုယ်ဝန်ဆောင်ချိန်မေမေ ချင်း(ဂျင်း) စားလို့ရလား…………….

ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား……………. ချင်း(ဂျင်း)က ဆေးဖက်ဝင်ပြီး ခန္ဓာကိုယ်အတွက် ကျန်းမာစေတယ် လို့ သတင်းကြီးတဲ့ မီးဖိုချောင်ဆေးပင် တစ်မျိုးပါ။ ဟင်းလျာတိုင်းမှာ မပါမဖြစ်တဲ့ ဇာတ်လိုက်လေး တစ်မျိုးပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင် မေမေတွေနဲ့ တည့်ပါ့မလား။

ချင်း (ဂျင်း) က အစိမ်းဆိုရင် ကိုယ်ဝန်ဆောင် မေမေစားလို့ ရပေမယ့် အခြောက်ခံထားတာ ဆိုရင်တော့ စားဖို့ မသင့်တော်ပါဘူး။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ချင်း (ဂျင်း)ကို အများကြီး မစားသင့်ပါဘူး။

ချင်း (ဂျင်း) နှင့် ကိုယ်ဝန်ဆောင် မေမေ

ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ချင်း (ဂျင်း) စားတဲ့အခါ

သွေးတွင်းကိုလက်စထေရော ကျစေတယ်

ချင်း (ဂျင်း) က ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းကိုလက်စထရော ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

ဘေဘီလေးဆီ သွေးရောက်ရှိမှု ကောင်းစေတယ်

ချင်း (ဂျင်း) စားသုံးတာက သွေးစီးဆင်းမှုကို ကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။

အအေးမိ၊ ချောင်းဆိုး ကာကွယ်ပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်ထက် နည်းနေတတ်ပြီး အအေးမိ၊ ချောင်းဆိုးအဖြစ် လွယ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ကာလမှာ ကိုယ်ခံအား ကောင်းစေဖို့ ဆိုရင် (ချင်း) ဂျင်း စားပေးလို့ ရပါတယ်။

ကိုယ်ဝန်အစောပိုင်းကာလ ပျို့အန်တာကို သက်သာစေတယ်

ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ ပျို့အန်မှုတွေ သက်သာစေဖို့လည်း ချင်း (ဂျင်း)က အထောက်အကူ ပေးပါတယ်။

အာဟာရ စုပ်ယူမှု ကောင်းစေတယ်

ချင်း ရဲ့ နောက်ထပ် အာနိသင် တစ်ခုက အာဟာရ စုပ်ယူမှု အားကောင်းစေပြီး မေမေရာ ဘေဘီလေးပါ အာဟာရ ပြည့်ဝစွာ ရရှိစေဖို့ ထောက်ကူပေးပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်

ကိုယ်ဝန်ဆောင် ကာလမှာ ချင်း စားသုံးတာက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။

လေပွတာကို သက်သာစေတယ်

အစာမကြေတာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေဖို့လည်း ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ချင်းကို စားသုံးပေးလို့ ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ရင်ပူတာကို သက်သာစေဖို့လည်း ချင်းကို စားသုံးလို့ ရပါတယ်။

ချင်းက အခုလိုမျိုး အကျိုးကျေးဇူးတွေ များပေမယ့် အလွန်အကျွံ စားသုံးတာမျိုးတော့ မလုပ်သင့်ပါဘူး။

သတင်းစကား

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးပေးဖို့ လိုပါမယ်။ ကိုယ်ခံအားကောင်းစေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ် မြင့်တာ၊ အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် ချင်း (ဂျင်း) စားပေးလို့ ရပါတယ်။ အများကြီးတော့ မစားနဲ့နော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Consuming Ginger During Pregnancy https://parenting.firstcry.com/articles/consuming-ginger-during-pregnancy/ Accessed Date 7 January 2021

Ginger During Pregnancy: Health Benefits And Side Effects https://www.momjunction.com/articles/unexpected-benefits-of-eating-ginger-during-pregnancy_0082719/ Accessed Date 7 January 2021

ယခုပုံစံ

17/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်မေမေထောပတ်သီးစားလို့ဖြစ်ပါ့မလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement