backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင် နဲ့ ကိုယ်ခံအား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင် နဲ့ ကိုယ်ခံအား

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင် ကျန်းမာစေဖို့ရော ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့ပါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

မေမေရော မွေးဖွားမလာသေးတဲ့ ဘေဘီလေးပါ ကျန်းမာစေဖို့ လုပ်ဆောင်ရမယ့် အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ မေမေရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးဖို့ပါ။ မေမေက ကိုယ်ခံအား ကောင်းနေမှ ဗိုက်ထဲက ဘေဘီလေးကို အဖျားရောဂါတွေ၊ ပိုးမွှားတွေ၊ အဆိပ်အတောက်တွေ နဲ့ ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးနိုင်မှာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား နည်းရင် ဘာတွေ ဖြစ်မလဲ…..

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက နည်းနိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား တအားနည်းသွားတဲ့အခါ ပြင်ပက ရောဂါပိုးတွေ၊ အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာ ဖြစ်ပြီး ကလေးကို ထိခိုက်စေမှာပါ။ ကိုယ်ခံအား နည်းတဲ့အခါ

• မကြာခဏ ဖျားနာမယ်။ တုပ်ကွေး ဖြစ်လွယ်မယ်။

ခြေကုန်လက်ပမ်းကျမယ်။ မောပန်းလွယ်မယ်။

• မိခင် ကျန်းမာမှု ကလေးက အကောင်ဆုံး ဖွံ့ဖြိုးမှာပါ။ မိခင်က ကိုယ်ခံအား နည်းမယ်။ ချူချာမယ်ဆိုရင် ကလေးက ကြီးထွားဖွံ့ဖြိုးမှု နှေးတာ၊ ထိုက်သင့်တဲ့ ကိုယ်အလေးချိန် မရှိတာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်

  • probiotics ပါတဲ့ အစားအစာတွေ ပုံမှန် စားပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ကိုယ်ခံအားကောင်းပြီး ဘေဘီလေး အကောင်းဆုံး ဖွံ့ထွားစေဖို့ဆိုရင် ဒိန်ချဉ်၊ ကီဖာနဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ စားပေးပါ။ ဒီလို စားသုံးပေးတာက ကလေးကို ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေနဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
  • အာဟာရပြည့်ဝအောင် စားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ယောက်တည်း မဟုတ်တာကြောင့်နှစ်ယောက်လုံး အာဟာရပြည့်အောင် စားဖို့ မမေ့ပါနဲ့။ ဒါကြောင့် ပြုပြင်ထားတဲ့ အစားအစာတွေ၊ အပြင်စာတွေကို မစားဘဲ သန့်သန့်ရှင်းရှင်းနဲ့ အာဟာရပြည့်ဝအောင် ချက်ပြုတ်ထားတဲ့ အိမ်ချက် အစားအစာတွေကို စားပေးပါ။
  • အိပ်ရေးဝအောင် အိပ်ပါ။ ညဘက်တွေမှာ အိပ်ရေးဝဝအိပ်ပါ။ ဒါက မိခင်ကို ကိုယ်ခံအားပြည့်ဝပြီး ကျန်းမာစေသလို ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
  • စိတ်ညစ်စရာ အတွေးတွေကို ဖယ်ထားပါ။ စိတ်ညစ်မှုတွေ၊ စိတ်ဖိစီးစရာတွေက ကိုယ်ခံအားကို ထိခိုက်စေပါတယ်။ ဒါကြောင့် ပျော်ပျော်ရွှင်နေပါ။
  • ဗီတာမင် D ကို မမေ့ပါနဲ့။ ဗီတာမင် D က ကိုယ်ခံအားကို မြှင့်ပေးနိုင်သလို သန္ဓေအောင်နိုင်စွမ်းကို မြင့်စေပါတယ်။
  • ဇင့် ပါတဲ့ အစားအစားတွေကို စားပေးပါ။ ဒါကလည်း ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးတာပါပဲ။
  • ရေများများသောက်ပါ။ ရေဓာတ် ပြည့်ဝအောင် သောက်ပါ။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက်အထိ သောက်ပါ။ ကိုယ်ခံအားကို ကောင်းစေပြီး ရေဓာတ်ပြည့်ဝလို့ ပင်ပန်းနွမ်းနယ်တာကို သက်သာစေမှာပါ။
  • နွေးနွေးထွေးထွေးနေပါ။ အေးတဲ့ ရာသီဥတုတွေမှာ နွေနွေးထွေးထွေးနေတာက မလိုအပ်ဘဲ ဖျားနာနိုင်ခြေကို လျှော့ချရာ ရောက်ပါတယ်။
  • လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်းဆိုတဲ့နေရာမှာ ကိုယ်ဝန်ဆောင် မေမေတွေ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းပါ။ ကိုယ်တိုင် ကျန်းမာဖို့ရော ဘေဘီလေး ကျန်းမာဖို့ပါ လေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်အပူချိန် နဲ့ ကိုယ်တွင်း ဟော်မုန်း ပမာဏကို ထိန်းညှိပေးသလို သွေးစီးဆင်းမှုကိုလည်း ကောင်းစေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement