ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ရောကိုယ်ပါ ကျန်းမာမှ မွေးလာမယ့် သားသားမီးမီးလေးတွေကလည်း စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမယ်။ စိုးရိမ်ပူပန်စရာတွေ များမယ်ဆိုရင် မေမေ့ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ။ ဗိုက်ထဲက ဘေဘီလေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

မေမေ့ စိတ်ဖိစီးမှုက မွေးလာမယ့် ဘေဘီလေးအပေါ် ဘယ်လိုများ သက်ရောက်နေလဲ…..

ကိုယ်ဝန်ဆောင်ကာလမှာ မေမေ စိတ်ဖိစီးမှုကင်းတာက ဘေဘီလေးရဲ့ ဦးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဒီလိုပြောရတာက လေ့လာမှု တစ်ခုရဲ့ ရလဒ်ပါ။

လေ့လာမှုတစ်ခုအရ သိရတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမှု ခံစားရမယ်ဆိုရင် ဒီစိတ်ဖိစီးမှုက ဘေဘီလေးရဲ့ ဦးနှောက်ကို ပုံဖော်ရာမှာ သက်ရောက်မှု ရှိစေတယ်ဆိုတဲ့ အချက်ပါ။

မေမေတွေမှာ စိတ်ဖိစီးတဲ့အခါ စိတ်ခံစားချက်ကို ထိခိုက်စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေကဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမှုကို ခံစားရမယ်ဆိုရင် ဘေဘီလေးက အရွယ်ရောက်လာတဲ့အခါ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းတွေအပေါ်မှာ ထိခိုက်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးတဲ့အခါ ထွက်ပေါ်လာတဲ့ ကော်တီဆော ဟော်မုန်းတွေက ဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကျန်းကျန်းမာမာ မွေးဖွားဖို့ဆိုရင် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့  အရက်၊ ကဖင်း၊ ဓာတုပစ္စည်းတွေအပါအဝင် နောက်ထပ်ရှောင်ကြဉ်ရမယ့်အရာတစ်ခုကတော့ စိတ်ဖိစီးမှုပါ။

စိတ်ဖိစီးမှုက ဘေဘီလေးကို နာတာရှည် ကျန်းမာရေး ပြဿနာတွေ ခံစားရစေနိုင်သလို ဘေဘီလေးကို ဦးနှောက်ပိုင်းဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

မေမေတွေက ခဏတဖြုတ် မဟုတ်ဘဲ နာတာရှည် စိတ်ဖိစီးမှုကို ခံစားရမယ်ဆိုရင်တော့ ဘေဘီလေးရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးတာက မေမေရာဘေဘီလေးကိုပါ ကိုယ်ခံအား ထိခိုက်စေနိုင်တာပါ။

ဒါကြောင့် ဘေဘီလေးကို ကိုယ်ခံအားကောင်းစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာလို့ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ စိတ်ဖိစီးမှုကို ကင်းအောင် နေဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကင်းစေဖို့ ဘာတွေ လုပ်ရမလဲ……

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကင်းစေဖို့ဆိုရင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး ဆိုတာက ကလေးတစ်ယောက် သန္ဓေတည်တဲ့ အချိန်ကနေစပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည်အထိ မိဘတွေဘက်က ဂရုစိုက် စောင့်ကြည့်ပေးရမယ့် အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးကျန်းမာရေး ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှုကောင်းတာကြောင့် အသားအရေက ကြည်လင်လှပနေသလို ဆံသားကလည်း နက်မှောင်နေတတ်ပါတယ်။ ဒါဆို ဒီလိုကာလမှာရော ကော်လာဂျင်က လိုဦးမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
shouting out loud

အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read