backup og meta

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 13/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

    ကိုယ်ဝန်ဆောင် ကာလမှာ ခါးတွေ နာနေပြီလား။ ခြေချင်းဝတ်တွေ ရောင်နေပြီလား။ အိပ်မရ ဖြစ်နေပြီလား။ လေထိုးလေအောင့် ဖြစ်နေပြီလား။ ဝမ်းချုပ်နေပြီလား။ ဒါတွေက ကိုယ်ဝန်ဆောင်ချိန် ဖြစ်လ့ဖြစ်ထ ရှိတယ် ဆိုပေမယ့် ခံရသူဖို့ အတော်လေး မသက်သာတဲ့ ပြဿနာပါ။ ဒီ ပြဿနာတွေကို ပြေလည်စေမယ့် နည်းလမ်း မရှိဘူးလား ခံစားရခက်လွန်းလို့ ပါဆိုတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အဖြေရှာကြည့်လိုက်တော့နော်။ ဘာလို့လဲဆိုတော့ အခုတစ်ခေါက်မှာ ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ အကြောင်း ပြောပြပေးသွားမှာ မို့လိုပါ။

    ကိုယ်ဝန်​ဆောင်ကာလ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ နည်းလမ်းကောင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ ဟယ်..ကိုယ်ဝန်ကြီးနဲ့ လေ့ကျင့်ခန်း လုပ်လို့ ဖြစ်ပါ့မလားလို့ စိတ်ပူနေပြီလား။

    ကိုယ်ဝန်ကို မထိခိုက်စေမယ့် လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာက မေမေ့ကို ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်မှု သက်သာစေပြီး ဘေဘီလေးကို ကျန်းကျန်းမာမာ မွေးဖွားစေမှာပါ။ လေ့ကျင့်ခန်း မလုပ်ခင် ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့တော့ လိုတာပေါ့။

    ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

    ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ ကတော့

    ရေကူးတာ

    ရေကူးတာက ကိုယ်ဝန်ဆောင် မေမေ နဲ့ အသင့်တော်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုပါ။ ရေက ခန္ဓာကိုယ် ဝိတ်ကို လျှော့ချပေးနိုင် ပါတယ်။ ရေကူးတာက ပင်ပန်းနွမ်းနယ်တာခြေဆစ်လက်ဆစ်တွေ ကိုက်တာ၊ ခြေလက် ဖောရောင်တာတွေကို သက်သာစေနိုင်ပါတယ်။

    ချော်လဲတာမျိုး မဖြစ်စေဖို့တော့ သတိထားဖို့ လိုပါမယ်။ ရေကူးချန်ပီယံတွေလို အားရပါးရကူးတာမဟုတ်ဘဲ ရေဆော့သလိုမျိုး ကူးရင် ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တတ်တာကြောင့် အနားမှာ အဖော်ရှိမှ ကူးပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက မွေးဖွားရလွယ်စေတယ်လို့ သိထားပြီး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ချော်မကျနိုင်တဲ့ နေရာမှာ ဖိနပ် ကောင်းကောင်းလေး တစ်ရန် စီးပြီး လမ်းလျှောက်တာက နာကျင်ခံစားရမှုတွေကို သက်သာစေဖို့ အားပေးပါတယ်။ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။

    ယောဂ

    စိတ်လက် အေးချမ်းစေပြီး အကြောတွေ ပြေလျော့စေတဲ့ ယောဂက ကိုယ်ဝန်ဆောင် မေမေတွေ အတွက်လည်း အကျိုးများပါတယ်။ ကိုယ်ဝန်ဆောင် ယောဂဆိုပြီး သီးသန့်ဖွင့်ထားတဲ့ class တွေမှာ တက်ပေးတာက အကောင်းဆုံးပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂ ကစားပေးတာက ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေသလို စိတ်ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂ ဆော့ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ခုပါ။

    ထိုက်ချိ

    ရှေးယခင်ကာလတွေကတည်းက ပြုလုပ်လာခဲ့တဲ့ လေ့ကျင့်ခန်းတစ်မျိုးပေါ့။ အကြောတွေ ပြေလျော့စေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ ကိုယ်ဝန်ဆောင် မေမေတို့အတွက် သီးသန့် လုပ်လို့ရတဲ့ ထိုက်ချိ လေ့ကျင့်ခန်းကိုပဲ လုပ်ပေးပါ။

    လေ့ကျင့်ခန်း လုပ်မယ်။ လှုပ်လှုပ်ရှားရှား နေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလ ခံစားရတဲ့ ဝေဒနာတွေ သက်သာမယ့်အပြင် မေမေ စိတ်ရော ကိုယ်ပါ ကျန်းမာလို့ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 13/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement