ကလေးမွေးထားတဲ့ မေမေ တွေကို တစ်သားမွေး တစ်သွေးလှတယ်လို့ ပြောကြတယ်ဟုတ်။ တကယ်တော့ ကလေးမွေးလိုက်ရတဲ့အတွက် မေမေတို့ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတွေ အများကြီးရှိပါတယ်။ မီးတွင်းဆိုတာ မေမေတို့အတွက် နာလန်ထူတဲ့အချိန်ပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
ကလေးမွေးထားတဲ့ မေမေ တွေကို တစ်သားမွေး တစ်သွေးလှတယ်လို့ ပြောကြတယ်ဟုတ်။ တကယ်တော့ ကလေးမွေးလိုက်ရတဲ့အတွက် မေမေတို့ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတွေ အများကြီးရှိပါတယ်။ မီးတွင်းဆိုတာ မေမေတို့အတွက် နာလန်ထူတဲ့အချိန်ပါ။
၉လလောက် ဗိုက်ထဲမှာ ကလေးလေးကို အလေးခံပြီး သယ်ထားရတဲ့အတွက် မေမေတို့ အရိုးတွေ၊ ကြွက်သားတွေ နာနေတာရှိမယ်။ ကလေးမွေးတဲ့အခါ နာကျင်တာတွေ၊ မွေးလမ်းကြောင်းထိခိုက်တာတွေ၊ ခွဲမွေးထားတဲ့ ဒဏ်ရာတွေ ကျက်ဖို့ အနားယူရတဲ့အချိန်ပါ။ ဒါ့ပြင် ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်တွေ၊ အသားအရေတွေ ပြောင်းလဲနေတာတွေ ရှိမယ်။ ဒါတွေကို ပြန်ပြီး ပြောင်းလဲရတော့မယ့်အချိန်ပါ။
တခြားဟာတွေကိုတော့ မေမေတို့ ကိုယ်တိုင်ရော၊ အိမ်သားတွေကပါ ကူလုပ်ပေးတဲ့အတွက် သိပ်ပြီး ဂရုစိုက်မမိပါဘူး။ ဒါပေမယ့် မီးတွင်းကထွက်လို့ ၄၅ရက်လောက်လည်းနေရော မေမေတို့ ကိုယ့်အသားအရေတွေ၊ ဗိုက်တွေ၊ ဆံပင်တွေကို ကြည့်ပြီး စိတ်ထဲမှာ တစ်ခုခုပြောင်းလဲချင်စိတ်ပေါ်လာပါလိမ့်မယ်။ မေမေတို့လည်း မိန်းမသားပဲ။ ပြန်လှဖို့ အချိန်ရောက်ပြီလေ။ ကလေးမွေးပြီးချိန်မှာ ပြောင်းလဲလာတဲ့ မေမေတို့ ခန္ဓာကိုယ်ကို ဘယ်လိုများ ပြန်ထိန်းသိမ်းကြမလဲဆိုတာ ကြည့်ကြရအောင်။
ကလေးမွေးပြီးရင် မေမေတို့ စိတ်အညစ်ဆုံးက ဆံပင်တွေ ကျွတ်တာပါပဲ။ ကျွတ်လွန်းလို့ သိမ်းလို့တောင် မနိုင်ပါဘူး။ ဘာဖြစ်လို့ ဒီလောက်ကျွတ်ရတာလဲဆိုတော့ ကလေးမွေးပြီးတဲ့နောက်မှာ အီစထရိုဂျင်ဟော်မုန်း ထိုးကျသွားလို့ပါ။ ဒါကြောင့် အများကြီးကျွတ်တာပါ။ ကလေးမွေးပြီးပြီးချင်းကနေ စကျွတ်လိုက်တာ စတစ်နှစ်ခွဲလောက်ထိ ကြာနိုင်ပါတယ် မေမေတို့။
ဟော်မုန်းအပြောင်းအလဲကြောင့် ကျွတ်တာမို့လို့ လုံးဝမကျွတ်အောင်တော့ လုပ်လို့မရပါဘူး။ စိတ်ရှည်သည်းခံပြီး ဟော်မုန်းပုံမှန်အတိုင်း ဖြစ်တဲ့အထိ စောင့်တာအကောင်းဆုံးပါပဲ။ ဆေးတွေ၊ ဆံပင်ပေါက်ဆေးတွေ ဒါတွေနဲ့ အကျိုးမထူးပါဘူး။ မေမေတို့ လုပ်နိုင်တာက
ကိုယ်ဝန်ဆောင်တည်းက မေမေတို့မှာ အသားအရေတွေ ပြောင်းလဲလာလိုက်တာ ကလေးမွေးပြီးတဲ့ထိ ဒီပြောင်းလဲမှုက ဆက်ပြီး ခံစားနေရတုန်းမှာပါပဲ။ အဓိကက ဟော်မုန်းအပြောင်းအလဲကြောင့်ပါပဲ။ အတွေ့ရများတဲ့ ပြဿနာတွေကတော့
တင်းတိပ်ကို ‘ကိုယ်ဝန်ဆောင်တွေရဲ့ မျက်နှာဖုံး’ လို့တောင် ခေါ်ကြပါတယ်။ ကံဆိုးတာက အာရှသားတွေက ပိုဖြစ်ပါတယ်တဲ့။ ပါး၊ နဖူး၊ မေးရိုး စတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။
တင်းတိပ်တွေကို သက်သာဖို့ အကောင်းဆုံးနည်းလမ်းက နေရောင်ကို တတ်နိုင်သမျှရှောင်ပြီး အပြင်သွားတိုင်း နေလောင်ကာခရင်မ် လိမ်းပေးဖို့ပါပဲ။ တချို့မေမေတွေက လိမ်းဆေးတွေ လိမ်းကြပေမယ့် ခဏလောက်ပဲ သက်သာတာပါလို့ ပြောကြပါတယ်။ တချို့ကျတော့လည်း peelingတို့၊ လေဆာတို့ လုပ်ကြပါတယ်။ ဘာဆေးပဲ လိမ်းလိမ်း ကိုယ်က နိ့တိုက်မိခင်ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လိမ်းသင့်ပါတယ်။
အရေပြားမှာ နှင်းခူကွက်လေးတွေ ပေါ်လာလို့ ကလေးကိုများ ကူးမလားဆိုပြီး စိတ်ပူနေရင် မပူပါနဲ့ ပြောပါရစေ မေမေရေ။ နှင်းခူက ဒီလို မကူးစက်တတ်ပါဘူး။မေမေတို့ အနေနဲ့ နှင်းခူကြောင့် အသားတွေယားတယ်ဆိုရင်တော့ အစိုဓာတ်လိမ်းခရင်မ်တစ်ခုခု လိမ်းနိုင်ပါတယ်။ စတီးရွိုက်လိမ်းဆေး အပျော့စားတွေလည်း လိမ်းလို့ရပါတယ်။ နို့တိုက်မေမေတွေလည်း လိမ်းနိုင်ပါတယ်။ ဆပ်ပြာအပျော့စားလေးနဲ့ပဲ ရေချိုးပါ။ ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းကရင်မ်လိမ်းပါလို့ အကြံပြုပါရစေ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြီးတင်းလာတာကြောင့် အကြောပြတ်ရာတွေ ထွက်လာတတ်ပါတယ်။ ဒါ့ပြင် ဒီအရာတွေက ယားလည်း ယားတတ်ပါတယ်။ ခုလို ကလေးမွေးပြီးလို့ အရေပြားပြန်ကျုံ့တဲ့အချိန်ဆို အကြောပြတ်ရာလေးတွေ ကျန်ခဲ့တတ်ပါတယ်။ မေမေတို့ လုပ်ပေးနိုင်တာက ရေများများသောက်ပါ။ အကြောပြတ်ရာရှိတဲ့နေရာကို ဆီတစ်ခုခု (ဥပမာ သံလွင်ဆီ) လိမ်းပေးပါ။ အကြောပြတ်တဲ့ နေရာလေးကို အစိုဓာတ်ဖြည့်ကရင်မ်လေး လူးပေးပါ။ ဒါဆိုရင်တော့ တဖြည်းဖြည်း မှိန်လာပါလိမ့်မယ်။
ဟော်မုန်းအပြောင်းအလဲကြောင့် မျက်နှာမှာ အဆီထုတ်လုပ်မှု များပြီး ဝက်ခြံတွေ ပေါက်လာနိုင်ပေမယ့် လပိုင်းလောက်နေရင် သက်သာသွားပါတယ်။ ဒါပေမယ့် မေမေတို့ မတော်တဆ ကုတ်မိလို့ အမာရွတ်တွေ ကျန်နိုင်တာကိုတော့ သတိထားရမှာပါ။ အမာရွတ်တွေ များလွန်းရင်၊ ဝက်ခြံတွေ ပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။
ကလေးမွေးပြီးလို့ နည်းနည်းတည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီဆိုရင် မေမေတို့ စိတ်ထဲကို ရောက်လာတာက ‘ငါပြန်ပိန်အောင် လုပ်ရမယ်’ ဆိုတာပါပဲ။ တကယ်တော့ မေမေတို့ ကလေးမွေးလိုက်တယ်ဆိုတာ ကလေးရယ်၊ အချင်းရယ်၊ ရေမြွာရည်တွေရယ် ထွက်သွားတာကြောင့် ၁၃ပေါင်လောက်ကျသွားပါတယ်။ နောက်ရက်တွေမှာလည်း ကိုယ်ဝန်ဆောင်တုန်းက ရေတွေ ထပ်ထွက်သွားတာကြောင့် ထပ်ပိန်သွားပါတယ်။
မေမေတို့ချဖို့လိုတာက အဆီတွေရယ်၊ ကလေးမွေးထားလို့ ပျော့နေတဲ့ ဗိုက်ကို လေ့ကျင့်ပေးဖို့ပါပဲ။ ဒါပေမယ့် မေမေတို့က ကလေးနို့တိုက်နေရတဲ့အတွက် ဝိတ်ချနည်းမမှန်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့် အောက်ကအချက်လေးတွေကို လိုက်နာစေချင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။