ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း

    ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း

    ကိုယ်ဝန်ဆောင်နေစဉ် အတွင်း လိုအပ်သော စစ်ဆေးမှုများပြုလုပ်ခြင်း နှင့် အန္တရာယ်ဖြစ်နိုင်သော အရာများနှင့် မထိတွေ့အောင် ခန္ဓါကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းသည် မိခင်လောင်းတို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်များသည် မွေးဖွားမည့် အချိန်ထိ ကိုးလကျော်နီးပါး အိမ်မှာပဲ ငြိမ်ငြိမ်လေးထိုင်နေရည်ဟု မဆိုလိုပါ။ လူအများယုံကြည်နေသော အစွဲများနှင့် ဆန့်ကျင်ဖက်ပင် ကိုယ်ဝန်ဆောင်သည် ခရီးသွားခြင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို သိနားလည်လျှင် တစ်ကြိမ်လောက် ခရီးထွက်ပြီး လေကောင်းလေသန့်ကို ရှုရှိုက်သင့်ပါသည်။

    ဘာတွေပြုလုပ်သင့်သလဲ။

    • ဖြစ်လာနိုင်သော ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာများကိုဖြေရှင်းပေးနိုင်သည့် ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်များနှင့် လိုအပ်သော ပစ္စည်းကိရိယာများ ကိုယ်သွားမည့်နေရာတွင် ရှိမရှိသေချာအောင် ဂရုတစိုက် စစ်ဆေးရမည်။။
    • လေယာဉ်၊ သင်္ဘော၊ ရထား အလယ်ပိုင်းတွင် ရှိသော ခုံကို ရွေးချယ်ပါ။ သို့မှသာ ခရီးသွားရ သက်တောင့်သက်သာရှိပြီး အိမ်သာသို့လည်း အလွယ်တကူ သွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်သည် ခရီးသွားနေစဉ်အတွင်း မိနစ် ၃၀ ကြာတစ်ခါ မတ်တပ်ရပ်ပြီး ခန္ဓါကိုယ်ကို ညင်ညင်သာသာ လှုပ်ရှားပေးသင့်သည်။
    • နောက်မှီပါသောခုံကိုရွေးပါ။ သို့မှ သင့်ခြေထောက်တွေကို ဆန့်တန်း ဖြေလျော့နိုင်မည်ဖြစ်သည်။
    • လေယာဉ်နှင့် ခရီးသွားလျှင် ခြေထောက်ဖောယောင်ခြင်းမှ ကာကွယ်ရန် ကျန်းမာရေး အသားကပ်ခြေအိတ်တစ်စုံ ဆောင်သွားပါ။
    • သင်သည် အမြင့်ပိုင်းဒေသများကို သွားမည်ဆိုလျှင် စိုထိုင်းဆနည်းသောကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် ရေများများသောက်ပါ။
    • လေထုဖိအားထိန်းညှိပေးသော အခန်းပါဝင်သည့် လေယာဉ်ကို ရွေးချယ်ပါ။
    • လှိုင်းမူးခြင်း၊ ပျို့အန်ခြင်းများ မဖြစ်ရန် လှိုင်းလုံးကြမ်းများကို ခံနိုင်ရည်ရှိသော သင်္ဘောအကြီးများကို ရွေးစီးပါ။
    • ခါးပတ်ပတ်ရာတွင် သက်တောင့်သက်သာဖြစ်စေရန် အစာအိမ်အောင့်နားတွင် ပတ်ပါ။
    • ယာဉ်မစီးခင် အမူးပြေဆေးကြိုသောက်ထားပါ။
    • အိမ်သာဝင်ရာတွင် အခက်အခဲမဖြစ်စေရန် ပေါ့ပါးချောင်ချိပြီး သက်တောင့်သက်သာဖြစ်သော အဝတ်အစားများကို ဝတ်ဆင်ပါ။
    • ရုတ်တရက် ရာသီဥတုအပြောင်းအလဲဒဏ်ကို ခံနိုင်ရန် အထပ်ထပ် ဝတ်သွားပါ။
    • လေကောင်းကောင်းရသော နေရာများတွင် နေပါ။

    ဘာတွေရှောင်သင့်သလဲ။

    • တစ်ယောက်တည်း ခရီးမသွားပါနဲ့။
    • လေကြောင်းခရီးနှင့် ၅နာရီထပ် ပိုမသွားပါနဲ့။ အဘယ်ကြောင့်ဆိုသော် သွေးခဲပိတ်ဆို့မှု ဖြစ်ပွားနိုင်ချေ များသောကြောင့်ဖြစ်သည်။
    • လေထုဖိအား ထိန်းညှိပေးသော အခန်းမပါဝင်သည့် သေးငယ်သော ကိုယ်ပိုင်လေယာဉ်နှင့် ခရီးသွားခြင်းကို ရှောင်ပါ။
    • ပေ ၇,၀၀၀ ထပ်မြင့်သော အမြင့်သို့ ခရီးမသွားရ။
    • ကိုယ်ဝန် ပထမ သုံးလပိုင်းတွင် ခရီးသွားခြင်း။ ။ ကိုယ်ဝန်ပထမအပတ်အနည်းငယ်တွင် ပျို့အန်ခြင်းများ ဖြစ်တတ်သောကြောင့် ထိုအချိန်တွင် ခရီးသွားခြင်းသည် ပျော်ရွှင်မှုနှင့် စိတ်အပန်းပြေမှုထက် ပင်ပန်းနွမ်းနယ်မှုနှင့် မအီမသာဖြစ်မှုကိုသာ ဖြစ်စေသည်။
    • တစ်ဦးတည်း ကိုယ်ဝန် ၃၆ ပတ်နောက်ပိုင်းတွင် ခရီးထွက်ခြင်း (သို့မဟုတ် အမြွှာကိုယ်ဝန်ဆောင် ၃၂ပတ် နောက်ပိုင်းတွင် ခရီးသွားခြင်း) ။ ။ သင့်ဆရာဝန်ဆီမှ ထောက်ခံလက်မှတ်ပါလျှင် ထိုကိုယ်ဝန်အပတ်တွင် လေယာဉ်နှင့် ခရီးသွားဖို့ ခွင့်ပြုထားသော်လည်း သင့်ဘေးကင်းလုံးခြုံမှုအတွက် လုံးဝမသွားသင့်ပေ။ ဆရာဝန်ခွင့်ပြုချက်ပါလျှင်ပင် လက်မခံသော လေကြောင်းလိုင်းများစွာရှိပါသည်။
    • ယာဉ်မထွက်ခွာခင်နှင့် ယာဉ်စီးနေစဉ်အတွင်းတွင် ဂတ်စ်ပါသော အအေးနှင့် အစားအသောက်များ မစားသုံးပါနှင့်။
    • လေအဝင်အထွက်မကောင်းသော လူထူထပ်သည့် နေရာများကို ရှောင်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Is it safe to fly while I’m pregnant? https://www.babycenter.com/404_is-it-safe-to-fly-while-im-pregnant_2599.bc Accessed December 23, 2016
    – Dos and Don’ts of Traveling While Pregnant http://www.webmd.com/baby/features/traveling-while-pregnant#1 Accessed December 23, 2016

    စာရေးသူ ဓာတ်ပုံbadge
    Dr. K Zin Thwe မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။