ကိုယ်ဝန်ဆောင် အမျိုးသမီး 100 တွင် 2 ယောက်မှ 5ယောက် အထိသည် ဆီးချိုရှိနိုင်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုတွင် ကိုယ်ဝန်ဆောင်ဆီးချို(Gestational diabetes)ရှိပြီး အချို့တွင် ဆီးချို အမျိုးအစား ၁ နှင့် ၂ ရှိသည်။ Gestational diabetes သည် ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးသမီးများတွင် ဖြစ်သော ဆီးချိုအမျိုးအစား ဖြစ်သည်။ သင့်တွင် ကိုယ်ဝန်ဆောင်ဆီးချို(Gestational diabetes)တွေ့လျှင်သင်သည် စိတ်ရှုပ်ထွေးသွားနိုင်သည်။
သို့သော် ကိုယ်ဝန်ဆောင်ဆီးချို(Gestational diabetes)ရှိသော အမျိုးသမီးများတွင် သိသာသော လက္ခဏာများ မရှိပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် 12 %သည် gestational diabetes ရှိသည်။
Gestational diabetes ၏ရောဂါလက္ခဏာများ
Gestational diabetes သည်အများအားဖြင့် မည်သည့်ရောဂါလက္ခဏာမှ မပြပါ။ သို့သော် သွေးတွင်းအချိုဓာတ်များခြင်းကြောင့် အောက်ပါ လက္ခဏာများကို ခံစားရသည်။
- ရေငတ်ခြင်း
- အာခြောက်ခြင်း
- ဆီးခဏခဏသွားခြင်း
- မောပန်းခြင်း
- မှက္ခရု ကဲ့သို့ ရောဂါမကြာခဏဖြစ်ခြင်း
- မျက်စိမှုန်ခြင်း
ဖြစ်ပွားမှု အကြောင်းရင်းများ
- သင်၏ BMI သည် 25ကျော်နေလျှင် ၊
- သင်၏အရင် ကလေးကိုယ်အလေးချိန်သည် မွေးဖွားချိန် တွင် 4.5 kg နှင့် အထက် ဖြစ်နေလျှင် ၊
- အရင် ကိုယ်ဝန်ဆောင်စဉ် gestational diabetes ရှိလျှင်
- မိသားစုတွင် ဆီးချိုရှိလျှင် ဆီးချိုဖြစ်နိုင်ခြေ များသည်။
ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများသည် ဘာတွေဖြစ်သနည်း။
Gestational diabetes ကို အစားအသောက်၊အနေအထိုင် ပြောင်းလဲခြင်းဖြင့် ထိန်းသိမ်းကြသည်။ Case အများစုတွင်အင်ဆူလင် ထိုးဆေး လိုအပ်သည်။
. Gestational diabetes သည် သင်ကိုယ်တိုင်နှင့် သင့်ရင်သွေးကို ပါ ထိခိုက်နိုင်သည်။ သို့သော် သွေးတွင်းသကြားဓာတ်ကို ကိုယ်ဝန်ဆောင်စဉ်တလျှောက် ထိရောက်စွာ ထိန်းထားလျှင်နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ချနိုင်ပါသည်။
Gestational diabetes ၏နောက်ဆက်တွဲဆိုးကျိုးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- ကိုယ်ဝန်ဆိပ် တက်ပြီး သွေးတိုးခြင်း
- အချင်း ကွာကျခြင်း
- ဆေးအကူအညီဖြင့် မွေးဖွားအောင် လုပ်ရခြင်း
- လမစေ့ပဲ မွေးဖွားခြင်း (37 ပတ် မတိုင်ခင် မွေးဖွားခြင်း) ကြောင့် ကလေးအသက်ရှူမမှန်ခြင်း (Respiratory distress syndrome)၊ အသားဝါခြင်း
- ကလေးကိုယ်အလေးချိန် များခြင်း၊
- မွေးဖွားစဉ် သင်နှင့် သင့်ကလေးကို ထိခိုက်နိုင်ခြင်း၊
- မွေးကင်းစသင်၏ ရင်သွေးတွင် သွေးတွင်း သကြားဓာတ် နည်းခြင်း ကြောင့် ကလေးနို့သိပ် မစို့ခြင်း၊ဂဏာမငြိမ်ခြင်း၊ ပြာနှမ်းခြင်း
- Perinatal death မီးတွင်းထဲတွင် ကလေးသေဆုံးခြင်း
သင့်တွင် gestational diabetes ရှိလျှင် နောက်ကိုယ်ဝန်များတွင် Gestational diabetes ဖြစ်ဖို့ များသည်၊
ကိုယ်ဝန်ဆောင်စဉ်သွေးတွင်း သကြားဓာတ်ထိန်းခြင်းသည်သင်နှင့် သင်၏ကျန်းမာရေးအတွက် အလွန် အရေးကြီးသည်။
နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် ရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ရန် အလွန်အရေးကြီးသည်။ ကိုယ်ဝန် စဆောင်စဉ်ကပင် သင်၏သွေးတွင်း သကြားဓာတ်ကို ထိန်းရန် သင်၏ဆရာဝန်က ကူညီပေးပါလိမ့်မည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။