ကိုယ်ဝန်ဆောင်စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အရင်ခေတ်တုန်းကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကိုယ်လက်လှုပ်ရှားမှု အများကြီးမလုပ်ခိုင်းတာမျိုး အထူးသဖြင့် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ အလုပ်ကနေ အနားယူတာမျိုးတွေရှိပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာတော့ ကိုယ်ဝန်ဆောင်စဉ် ကိုယ်လက်လှုရှားမှု (လေ့ကျင့်ခန်း) လုပ်တာမျိုးက ကိုယ်ဝန်အတွက် ကောင်းမွန်တဲ့အချက်တွေ ပေးစွမ်းနိုင်ပြီး ဆိုးကျိုးအနေနဲ့ မရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောဆိုလာကြပါတယ်။ တကယ်တမ်းတော့ ပုံမှန်ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းကျိုးတွေ ဖြစ်စေတယ်ဆိုတာက ယေဘူယမှန်ကန်ချက်တစ်ခုသာဖြစ်ပါတယ်။

သက်သောင့်သက်သာရှိတဲ့ အေရိုးဗစ်ကစားတာ ကိုယ်လက်ကြံခိုင်စေဖို့ လေ့ကျင့်ခန်း အပျော့စားလုပ်တာ စတာတွေအားလုံးက ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံး ပြုလုပ်သင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုမိုကျန်းမာတဲ့ခန္ဓါကိုယ်ကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကိုယ့်အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်တာမျိုးကို ရှောင်ပြီး နေလို့ထိုင်လို့ကောင်းတဲ့ အခြေအနေထိသာ လုပ်ဆောင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ရရှိစေနိုင်သော အကျိုးကျေးဇူးများ

မိမိရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ပိုမိုတိုးတက် ကောင်းမွန်စေနိုင်ပါတယ်။ ကလေးမမမွေးခင် ခန္ဓါကိုယ်အချိုးအစားကို ပြန်ရဖို့ အထောက်အကူပေးပြီး မီးဖွားမိခင်တွေ အဖြစ်များတဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက မိခင်ရဲ့ ကာယကြံခိုင်မှု ပိုကောင်းစေပါတယ်။ မိခင်ကနေ ကလေးကို ချိတ်ဆက်နေတဲ့ သားအိမ်နဲ့ အချင်းအကြား သွေးလည်ပတ်မှု ပိုကောင်းစေပါတယ်။ ဒါက သွေးတွင်းအောက်စီဂျင်ရာခိုင်နှုန်းမြင့်မားစေပြီး ခါးနာတာ၊ ဗိုက်အင့်တာတွေကိုလည်း သက်သာစေပါတယ်။ ကိုယ်အလေးချိန် တိုးမသွားဖို့လည်း ကာကွယ်ပေးပါတယ်။ မိခင်အတွက် ခန္ဓါကိုယ်နဲ့ပတ်သက်လို့ မိမိကိုယ်မိမိ ယုံကြည်မှု တိုးစေပြီး မီးတွင်းထဲဝင်ဖို့ အားတက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းလုပ်ခြင်း

အေရိုးဗစ်လိုကစားနည်းမျိုးက သင့်ရဲ့ ကြွက်သားအုပ်စုတွေကို ပိုမိုကြံခိုင်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကစားခြင်း စတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကိုယ်လုပ်မယ့် လေကျင့်ခန်းအတွက် လိုအပ်တဲ့ ခန္ဓါကိုယ် အနေအထားက ကိုယ်ဝန်အတွက် သက်သောင့်သက်သာရှိဖို့တော့ လိုအပ်ပါတယ်။

ချွေးထွက်များစေတဲ့ လေ့ကျင့်ခန်းတွေကိုရှောင်ပါ။ ပူပြင်းတဲ့နေ့တွေမှာ လေ့ကျင့်ခန်း မလုပ်သင့်ပါ။ နှလုံခုန်နှုန်း မြန်စေတဲ့ လေ့ကျင့်ခန်းတွေရှောင်ပါ။ အန္တရယ်ရှိတဲ့ လိမ့်ကျနိုင်တဲ့ ချော်လဲနိုင်တဲ့ လေ့ကျင့်ခန်းတွေရှောင်ပါ။ အပြိုင်အဆိုင်လုပ်ရတဲ့ အားကစားတွေလည်း မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုတာနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်စဉ်းစားချင့်ချိန်ပါ။

သင့်ခန္ဓါကိုယ်က အချက်ပေးတာကို သတိထားစောင့်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်လို့ ကောင်းကျိုးတွေ ရရှိစေတယ်ဆိုတာ မှန်ပေမယ့် မလုပ်မဖြစ် လုပ်သင့်တာမျိုးတော့ မဟုတ်ပါဘူး။ ပုံမှန်ကိုယ်ဝန်ဆောင်မဟုတ်တဲ့ အမျိုးသမီးတွေအတွက်တော့ မွေးပြီးနဲ့ မမွေးခင် အတောအတွင်း လေ့ကျင့်ခန်းလုပ်ဖို့ ချင့်ချိန်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု မှာ သာမန်ကိုယ်ဝန်ဆောင် တစ်ယောက်အနေနဲ့ ဒီလောက်လိုက်နာမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကိုယ်ဝန်ဆောင်ကာလ ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် တွေ့ကြုံနိုင်တဲ့ ကျန်းမာရေး ပြဿနာဆိုတာ ရှိပြီးသားပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်နေရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကိုယ်ဝန်ဆောင်ကာလ ဇန်နဝါရီ 22, 2021 . 3 mins read

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 3 mins read
အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read