သင်ကိုယ်ဝန်ဆောင်တော့မည်ဆိုလျှင် ကဖင်းဓါတ် (caffeine) ကို လုံးဝရပ်စရာမလိုပါဘူး။ သို့သော်လည်း တစ်နေ့လျှင် ကဖင်းနှစ်ရာမီလီဂရမ်ထက်ပိုမိုသောက်သုံးနေပြီဆိုပါက သင်၏အတိုင်းအတာကို ကန့်သတ်ဖို့တော့လိုအပ်ပါလိမ့်မည်။ တစ်နေ့လျှင် လက်ဖက်ရည် မတ်ခွက်နှစ်ခွက် ၊ကော်ဖီမစ်ထုတ် မတ်ခွက်နှစ်ခွက် သို့မဟုတ် ကြိတ်ထားသောကော်ဖီစေ့ကိုဖျော်ထားသော မတ်ခွက် တစ်ခွက် သည် သင့်ကို ကဖင်းနှစ်ရာမီလီဂရမ် သတ်မှတ်ချက်အတွင်း ထိန်းထားပေးနိုင်ပါသည်။