တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 21, 2020 . 2 mins read
Share now

ကိုယ်ဝန်မရအောင် တားတဲ့သန္ဓေတားနည်း တွေထဲမှာ သန္ဓေတားသောက်ဆေးက လူသုံးအများဆုံး ၊ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးလို့ ဆိုလို့ရပါတယ်။ လူတိုင်းနီးပါး သုံးကြတဲ့ အလျောက် သန္ဓေတားဆေးသောက်ဆေးနဲ့ ပက်သက်ပြီး လူတိုင်းမေးနေကျ မေးခွန်းတစ်ခုရှိပါတယ်။ ဒါက တားဆေးရပ်ပြီးပြီချင်း ကိုယ်ဝန်ရနိုင်သလား ဆိုတဲ့ မေးခွန်းပါ ။ ။

တားဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန်တန်းရနိုင်ပါသလား ။ ။

တားဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန်တန်းရနိုင်ပါသလားဆိုတဲ့ မေးခွန်းရဲ့ အဖြေက

  • ားဆေးကို ဘယ်အချိန်မှာရပ်လိုက်တာလဲ။
  • တားဆေးသောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့
  • ဟော်မုန်း ဘယ်နှစ်မျိုးပါတဲ့ တားဆေးကို သောက်နေတာလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။

တားဆေးကို ဘယ်အချိန်မှာရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်သလဲ ။ ။

သောက်နေတဲ့ တားဆေးကဒ် အလယ်လောက်ရောက်တဲ့ အချိန်မှာ ဆက်မသောက်ပဲ ရပ်လိုက်ရင် ဒါမှမဟုတ် သောက်ဖို့မေ့သွားရင် ကိုယ်ဝန်တန်းရနိုင်ချေပိုများပါတယ်။ တားဆေးကဒ်ကုန်သွားတဲ့ အထိသောက်ပြီးမှ တားဆေးကို ရပ်လိုက်ရင်တော့ နောက်ရာသီစက်ဝန်း ပြန်လာအောင် စောင့်ရဦးမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ အနည်းငယ်လောက် စောင့်ရတတ်ပါတယ်။

တားဆေးသောက်တာ ဘယ်လောက်ကြာပြီလဲ။ ။

တားဆေးကို ခဏလေးသောက်ပြီး ရပ်လိုက်ရင် ကလေးတန်းရဖို့ ပိုလွယ်ကူပါတယ်။ ဒါပေမယ့် တားဆေးကို တစ်နေ့တစ်လုံး မှန်မှန် ၁ နှစ်လောက် စွဲသောက်ပြီးမှ ကိုယ်ဝန်ယူဖို့အတွက် ဆေးရပ်လိုက်ရင် ဟော်မုန်းတွေ ရဲ့ အရှိန်တွေကျန်နေသေးတာကြောင့် ဆေးရပ်ရပ်ချင်း ကိုယ်ဝန်တန်းမရတတ်ပါဘူး။

ဟော်မျိုး ဘယ်နှစ်မျိုးပါတဲ့ အားဆေးကို သောက်နေတာလဲ ။ ။

တားဆေးမှာ ပေါင်းစပ်ဟော်မုန်း ( အီစတိုဂျင် + ပရိုဂျက်စတုန်း ) နဲ့ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့ ကိစ္စကလည်း ကိုယ်သောက်နေတာ ဘာအားဆေးလဲဆိုတဲ့အပေါ် အများကြီးမူတည်ပါတယ်။

ပေါင်းစပ်ဟော်မုန်းပါဝင်တဲ့ တားဆေး ။ ။

ဒါက ( အီစတိုဂျင် + ပရိုဂျက်စတုန်း ) ဟော်မုန်းနှစ်ခု ပေါင်းစပ်ထားတဲ့ တားဆေးဖြစ်ပါတယ်။ သူတို့ဟာ မမျိုးဥ အိမ်ကနေမျိုးဥကြွေခြင်းကို တားဆီးပေးတဲ့အပြင် သားအိမ်အချွဲတွေကို ထူလိုက်စေခြင်းဖြင့် သုက်ကောင်လေးတွေ မမျိုးဥ ဆီ မရောက်အောင် တားဆီးပေးပါတယ်။ ပေါင်းစပ်ဟော်မုန်း အများစုက ဟော်မုန်းပါတာ ၃ တန်းထည့်ထားပြီးနောက်ဆုံး အတန်းလေးကတော့ ဟော်မုန်းမထည့်ထားတဲ့ ဆေးလုံးအတန်းလေးပါ။ ဒီလိုမျိုး ပေါင်းစပ်ဟော်မုန်းဆေးကပ်ကို သောက်နေတဲ့သူတွေ ကျတော့ ဆေးကဒ်ကုန်သွားလို့ရပ်လိုက်ပြီးနောက် ရာသီ တစ်ခါလောက်လာတာနဲ့ တစ်လအတွင်း ကိုယ်ဝန်တန်းရတတ်ပါတယ် ။ ။

ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးမှာကျ ဟော်မုန်းမပါတဲ့ဆေးလုံးတန်း မပါတဲ့အပြင် အီစတိုဂျင်ဟော်မုန်းလည်း မပါတဲ့အတွက် ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့က ပေါင်းစပ်ဟော်မုန်း တားဆေးတွေထက်စာရင် ပိုလွယ်ကူပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

သားဥကြွေ တဲ့အချိန်ဟာ ကိုယ်ဝန်လိုချင်တဲ့သူတွေရော၊ တားချင်တဲ့ သူတွေအတွက်ပါ အရေးကြီးပါတယ်။ အလွယ်ဆုံးနည်းကတော့ ကျန်းမာရေးကိရိယာမှာ တွက်ချက်တာပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 2 mins read
လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 2 mins read