ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ

ကိုယ်ဝန်ရဖို့ ကြိုးစားကြရာမှာ တားဆေးလည်း ဖြတ်ပြီးပြီ။ အမျိုးသားရော အမျိုးသမီးရော ကျန်းမာတယ်ဆိုရင် ကိုယ်ဝန်ရဖို့ မခဲယဉ်းပါဘူး။ ဒါပေမယ့် ပုံမှန်လိင်ဆက်ဆံနေဖို့တော့ လိုပါတယ်။ ‘ပုံမှန်’ ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ ဆိုတာက မေးသင့်တဲ့ မေးခွန်းပါ။ ကိုယ်ဝန်ဘယ်လိုရ ဘယ်နှခါ ဆက်ဆံရမလဲဆိုတာကို မပြောခင် ကိုယ်ဝန်ဘယ်လိုရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသားတွေမှာ သုက်ကောင်က နေ့တိုင်းထုတ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ တစ်လမှာ တစ်ခါပဲ သားဥကြွေပါတယ်။ ကြွေတဲ့သားဥကလည်း တစ်ခုတည်း ဖြစ်သလို ၂၄နာရီအတွင်းမှာ မျိုးမအောင်ခဲ့ရင် အဲ့ဒီသားဥလေးက အလိုလို ပျက်စီးသွားပါတယ်။ ဒါကြောင့် လူဖြစ်ဖို့ ခက်တယ်လို့ ပြောကြတာပါ။ ကိုယ်ဝန်ရဖို့ အတူနေမယ်ဆိုရင် သားဥကြွေတဲ့ရက်နားမှာ နေမှ ရနိုင်ခြေ များတာပါ။ ဒါကြောင့် ဘယ်ရက်မှာ သားဥကြွေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ သားဥကြွေတာကို […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကလေးရ ဖို့ခက်ခဲသူတွေအတွက် နည်းလမ်းကောင်းများ

အခုအခါမှာ ကလေးရ ဖို့ခက်ခဲနေသူတွေအတွက် ခေတ်မီနည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ ဒီစုံတွဲတွေကို ဘာတွေ စစ်ဆေးမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါမယ်။ ကနဦးအဆင့် အရင်ဆုံး မျိုးမအောင်ဘူးလို့ ပြောဖို့အတွက်ဆိုရင် အနည်းဆုံး တစ်နှစ်လောက် အကာအကွယ်မပါဘဲ ပုံမှန်အတူနေသည့်တိုင်အောင် ကလေးမရမှ မျိုးမအောင်ဘူးလို့ ပြောလို့ရမှာပါ။ ဆေးစစ်တာတွေ၊ ကုသတာတွေ မစခင်မှာ အရင်ဆုံး သင်နဲ့ သင့်အဖော်ကို တခြားလူနာတွေလိုပဲ ရောဂါရာဇဝင်တွေ မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်မှာပါ။ ဒီထဲမှာ သင်တို့ရဲ့ နဂို ရောဂါအခံတွေ၊ စွဲသောက်နေတဲ့ ဆေးတွေ၊ အတူနေဖြစ်တဲ့ အကြိမ်အရေအတွက်တွေ စတာတွေကို မေးမြန်းမှာပါ။ ပြီးတော့ နှစ်ယောက်လုံးရဲ့ မျိုးပွားအင်္ဂါတွေမှာ ချို့ယွင်းချက်ရှိမရှိ စမ်းသပ်တာတွေလည်း လုပ်ရမှာပါ။ ကလေးရ နိုင် မရနိုင် ဆေးစစ်ချက်များ အမျိုးသားအတွက် ဆေးစစ်ချက် အမျိုးသားတွေ မျိုးအောင်ဖို့အတွက်ဆိုရင် သူ့ရဲ့ ဝှေးစေ့ကနေ ကျန်းမာတဲ့ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

စုံတွဲတွေ ကလေးမရ တာ ဘာကြောင့်လဲ

ရတာမလို၊ လိုတာမရတဲ့ အထဲမှာ သားသမီးရတနာလည်း ပါပါတယ်။ မလိုချင်တဲ့ သူတွေကျတော့ တစ်ကြိမ်တစ်ခါလောက်နဲ့ ထီပေါက်သွားသလို လိုချင်တဲ့ သူတွေကျတော့လည်း သားဆုပန်တာတောင် ခက်ခဲနေတုန်းပါပဲ။ နောက်ပြီး ကလေးရမရဆိုတာ မိန်းမနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး။ နှစ်ယောက်ပေါင်းမှ တစ်ဘဝဖြစ်တဲ့အတွက် မိန်းမကြောင့်လည်း ဖြစ်နိုင်သလို ယောကျာ်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ထပ်ပြီးတာကြာတဲ့ စုံတွဲတွေက ကလေးမရ တဲ့အခါ ကိုယ်ကိုယ်တိုင်ရော၊ ဆွေမျိုးမိဘတွေရဲ့ ဖိအားကြောင့်ရော စိတ်ညစ်ရတတ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကြာတဲ့အခါ ကလေးမရရင် ဆရာဝန်နဲ့ တိုင်ပင်ရမလဲ။ ဘာအကြောင်းတွေကြောင့် ဖြစ်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။ ဘယ်လိုအခါမျိုးမှာ မျိုးမအောင်ဘူးလို့ ပြောမှာလဲ။ ယေဘုယျအားဖြင့်တော့ မျိုးမအောင်ဘူးလို့ ပြောဖို့အတွက် အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ ၁နှစ်ရှိတာတောင် ကလေးမရဘူးဆိုရင် မျိုးမအောင်ဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေက အသက်ကြီးလာလေလေ မျိုးအောင်နိုင်စွမ်းကျလာလေလေပါပဲ။ ဒါကြောင့် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ

ကလေးယူဖို့ ဘယ်အချိန်မှာ စမလဲ။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ပြီးပြီ။ သားသမီးလေးတွေ မွေးမယ်။ ပျော်စရာ မိသားစုအသိုက်အမြုံလေးတစ်ခု ဖန်တီးမယ်။ ကိုယ့်အတွေးနဲ့ ကိုယ်တော့ တော်တော်လေး သာယာစရာကောင်းတယ်ဆိုပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ ကလေးယူတယ်ဆိုတဲ့ကိစ္စရဲ့ နောက်မှာ လိုက်လာနိုင်တဲ့ ပြဿနာတွေ၊ ဖြေရှင်းစရာတွေ အများကြီးရှိပါတယ်။ ကလေးယူဖို့ သေချာပြင်ဆင် ထားသင့်တာတွေ အများကြီးပါပဲ။ အဲ့တော့ အိမ်ထောင်ကျပြီးပြီဆိုတာနဲ့ ခင်ပွန်းရော ဇနီးပါ အတူတိုင်ပင်ပြီး ဘယ်အချိန်မှာ ကလေးယူသင့်လဲ၊ ကလေးယူချင်တာရော သေချာရဲ့လားဆိုတာ သေချာဆွေးနွေးကြည့်သင့်ပါတယ်။ ကလေးမွေးတဲ့အချိန်နဲ့ ပတ်သက်လို့တော့ အတိအကျပြောလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေက မိဘလောင်းဖြစ်မယ့်သူရဲ့ အခြေအနေနဲ့လည်း အများကြီးသက်ဆိုင်နေတယ်လေ။ အဲ့တော့ အိမ်ထောင်ပြုပြီး ကလေးယူဖို့ ပြင်ဆင်နေတဲ့ မိဘလောင်းတွေ ခုပြောပြပေးမယ့် အချက်တွေကို သေချာစဉ်းစားပြီးပြီလားဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။ ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ ၁။ ကလေးယူချင်တာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေ

Hello ဆရာဝန်မှာ တချို့တွေ လာမေးလေ့ရှိတယ်။ ကလေး လိုချင်လို့ ဘာဆေးသောက်ရမလဲဆိုတာမျိုး။ တကယ်က အားဆေးသောက်ရုံနဲ့ ကိုယ်ဝန်ရဖို့ (အထူးသဖြင့် ကျန်းမာပြည့်စုံတဲ့ ကိုယ်ဝန်ကို ဆောင်ရဖို့) မလုံလောက်ပါဘူး။ မိသားစုဘဝလေးတစ်ခုတည်ဆောက်ဖို့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို  ကလေးယူတော့မယ့် လေဒီ တို့ သိထားသင့်ပါတယ်။ ဘာမှမပြင်ဆင်ထားဘဲ ကိုယ့်ဘဝထဲ ကလေး တစ်ယောက်ခေါ်ယူရင် ကမောက်ကမဖြစ်တတ်ပါတယ်။ သန္ဓေအောင်နိုင်စွမ်းအပြင် ကိုယ့်ကျန်းမာရေးအတွက်ရော၊ သန္ဓေသားကျန်းမာရေး၊ ကိုယ်ဝန်ဖွံ့ဖြိုးမှု၊ မွေးဖွားရလွယ်စေရေး၊ ဘေးအန္တရာယ်ကင်းရေး တို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုလိုအပ်ပါတယ်။ မိခင်လောင်းရဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်နေအောင် နဲ့ ကိုယ်ဝန်ဆောင်ဖို့ အသင့်ဖြစ်အောင် အားဖြည့်ပြင်ဆင်ထားသင့်ပါတယ်။ ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေက ရာသီစက်ဝန်းကို မှတ်တမ်းထားပါ တစ်လနဲ့ တစ်လ ရာသီလာရက်တွေကို မှတ်တမ်းတစ်ခုထားထားပါ။ ရာသီစက်ဝန်းကို မှတ်သားထားခြင်းအားဖြင့် ကိုယ့်ရဲ့သားဥကြွေချိန်ကို တွက်ချက်နိုင်တယ်။ အမျိုးသမီးတစ်ယောက်ဟာ သားဥကြွေပြီး ၁၂ နာရီကနေ ၂၄ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ

အချို့သောစုံတွဲများ ကလေးလိုချင်လို့ ကြိုးစားကြပေမယ့် ခက်ခဲနေကြတာကို တွေ့ရပါတယ်။ ကလေးမရရတဲ့ အကြောင်းရင်းများအနက် သုံးပုံတစ်ပုံခန့်က အမျိုးသမီးဖြစ်သူရဲ့ ပြဿနာကြောင့်ဖြစ်နိုင်သလို၊ သုံးပုံတစ်ပုံတစ်ခန့်မှာ အမျိုးသားဖြစ်သူရဲ့  ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ကျန် သုံးပုံတစ်ပုံကတော့ အမျိုးသား၊ အမျိုးသမီး ၂ဦးစလုံးရဲ့ လိုအပ်ချက်တွေကြောင့်ပါ။) ဒီနေ့ဆောင်းပါးလေးမှာတော့ အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါတယ်။ အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ ကတော့ (၁) သားဥကြွေခြင်းဆိုင်ရာ ပြဿနာများ ပုံမှန်အားဖြင့်တော့ စုံတွဲတစ်တွဲ သန္ဓေအောင်ပြီး ကိုယ်ဝန်ရဖို့ဆိုရင် သားဥအိမ်ကထုတ်ပေးလိုက်မယ့် 'မ'မျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးတို့ သားဥပြွန်ထဲမှာ ပေါင်းစပ်ပြီး သားအိမ်ထဲမှာသန္ဓေလာတည်ရပါမယ်။ အောက်မှာ ပြထားတဲ့ သားဥကြွေခြင်းဆိုင်ရာ ပြဿနာရှိသူများအတွက်တော့ ကလေးရရန် ခက်ခဲပါလိမ့်မယ်။ သားဥအိမ်ထဲတွင် အရည်အိတ်များစွာရှိနေသူများ အရွယ်မတိုင်မီ သားဥအိမ်အလုပ်မလုပ်တော့သူများ ဟိုက်ပိုသဲလမတ်စ် ပုံမှန်အလုပ်မလုပ်ခြင်း ပရိုလက်တင်ဟော်မုန်း […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သင်ကလေးမရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်

သင်ကလေးမရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ် .... အိမ်ထောင်ရှင်အမျိုးသမီးတိုင်းက မေမေဖြစ်ချင်တဲ့ ဆန္ဒရှိကြစမြဲပါ။ အိမ်ထောင်ကျတာကကြာပြီး အခုထိလည်း ကလေးမရသေးဘူး။ သားဆက်ခြားနည်းတစ်ခုခုသုံးထားတာမျိုးလည်း မရှိပါဘူးဆိုတဲ့ Hello ဆရာဝန်ရဲ့ အိမ်ထောင်ရှင် လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ အခုပြောမယ့်အချက်ထဲက ဘယ်တစ်ချက်ကများ ကိုယ်နဲ့သက်ဆိုင်နေတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်နော်။ သင်ကလေးမရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ် အိမ်ထောင်သက်တမ်းကြာနေပြီး ဒါပေမယ့် ကလေးမရသေးဘူးဆိုရင် ဒီအချက်တွေကြောင့်ဖြစ်နေနိုင်လို့ သေချာလေးဆန်းစစ်ကြည့်စေချင်ပါတယ်။ သင်ကလေးမရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ် - စိတ်ဖိစီးမှုများတာ စိတ်ဖိစီးမှုကို​ဖြစ်ပေါ်စေတဲ့ ကော်တီစောဟော်မုန်းများတာက လေဒီလေးတို့မှာ သားဥကြွေမှုအပေါ်သက်ရောက်မှုရှိစေပြီး ကလေးရရှိနိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။  စိတ်ဖိစီးမှုက သန္ဓေအောင်မှုအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိနေတဲ့ အချက်တစ်ခုပါ။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတာဟာ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းနဲ့ သားဥ​ကြွေမှုအပေါ်မှာ သက်ရောက်မှုများနေပြီး အဆိုပါလုပ်ငန်းစဉ်ကို ပုံမှန်အတိုင်းလည်ပတ်နိုင်စေဖို့ခက်ခဲသွားစေတာက ဘေဘီလေးရရှိနိုင်ခြေကို ထိခိုက်စေရတဲ့အကြောင်းအရင်းပါ။ အချိန်ကိုက်မဖြစ်တာ ဘေဘီလေးယူဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီအချက်ကလည်း ထည့်ပြီးစဉ်းစားသင့်တဲ့အချက်တွေထဲက တစ်ခုပေါ့။ သားဥကြွေတဲ့ရက်မှာ ဆက်ဆံတာက ကလေးရရှိနိုင်ခြေမရှိပါဘူး။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်က အမြွှာမွေးနိုင်ခြေ များတဲ့ လူတစ်ယောက်လား

ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွှာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ ကိုယ်က အမြွှာမွေးနိုင်ခြေ များသလားဆိုတာ သိထားသင့်တယ်နော်။ ။ အမြွှာမွေးနိုင်ခြေ များသလားဆိုတဲ့ အပေါ် ဘယ်လိုအချက်တွေက သက်ရောက်တာလဲ ။ ။ မျိုးရိုး မျိုးရိုးထဲမှာ အမြွှာလေးမွေးထားတဲ့သူရှိတဲ့အခါ ကိုယ့်မှာလည်း အမြွှာလေးမွေးနိုင်ခြေ များပါတယ်။ အထူးသဖြင့် အမေဘက်က အဒေါ်တွေ အဖွားတွေက အမြွှာလေးမွေးဖူးထားရင် ကိုယ်လည်း အမြွှာမွေးနိုင်ခြေ ရှိပါတယ်။ လူမျိုး  အနောက်တိုင်းသားတွေက အာရှသားတွေထက် အမြွှာလေးတွေ မွေးနိုင်ခြေ ပိုများပါတယ်။ အနောက်နိုင်ငံသားတွေထဲကမှ လူမည်းတွေက လူဖြူတွေထက် အမြွှာမွေးနိုင်ခြေ ပိုများပါတယ် ကလေးအများကြီးမွေးထားတဲ့အခါ ရှေ့မှာ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။

သားဦးလေးကို မီးမီးလေး အရင် လိုချင်တယ်၊ သားသားလေးက ရှိနေပြီ ဆိုတော့ နောက်တစ်ယောက်ကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတွေ ရှိလား။ သားလေး လိုချင်ရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် ဆိုတာတွေက များနေတော့ ဒီတစ်ခေါက် မီးမီးလေး လိုချင်ရင် လုပ်သင့်တဲ့ အချက်တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ သားသမီးရတနာဆိုတာ ကံက ပေးတယ် ဆိုပေမယ့် ခုလို ကြိုးစားကြည့်ထားတော့ မမှားဘူးပေါ့။ ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။ ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက် အသုံးဝင်စေမယ့် နည်းလမ်းလေးတွေကတော့ ဒီလို စားပါ။ မေမေဆို အက်ဆစ်ပြောင်းစေမယ့် အစားအစာတွေစားပါ။ အက်ဆစ်ဓာတ် များတဲ့ အစားအစာတွေစားသင့်တယ်ဆိုပေမယ့် အများကြီးစားဖို့တော့ မလိုအပ်ပါဘူး။ အက်ဆစ်ဓာတ်များတဲ့ အစားအစာဆိုတိုင်း ချဉ်တဲ့ အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပြောတာမဟုတ်ပါဘူး။ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

မမျိုးဥအိမ် ရေအိတ်တည်ခြင်း နဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။

ဒီတစ်ခေါက်တော့ မမျိုးဥအိမ် ရေအိတ်တည်ခြင်း နဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ မမျိုးဥအိမ် ရေအိတ်တည်ခြင်း ပြဿနာဟာ မိန်းကလေး တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြစ်လေ့ရှိကြတဲ့ဆိုပေမယ့် မမျိုးဥအိမ်မှာ ရေအိတ်တည်တဲ့ ပြဿနာ ကိုယ့်မှာရှိနေတယ်ဆိုတဲ့အကြောင်း သိတဲ့ မိန်းကလေးတွေက နည်းပါတယ်။ အများစုကတော့ အာထရာဆောင်းရိုက်ရင်းနဲ့မှ မတော်တဆ တွေ့သွားတတ်ကြတာများပါတယ်။ ကြားဖူးကြတာရှိတယ်မလား။ မမျိုးဥအိမ်မှာ ရေအိတ်တည်ရင် ကိုယ်ဝန်ရဖို့ အနှောင့်အယှက်ရှိနိုင်တဲ့ ဆိုတဲ့ အကြောင်းတွေ။ ဒါတွေက အမှန်ပဲလား။ မျိုးဥအိမ်ကရေအိတ်နဲ့ ကိုယ်ဝန်အကြောင်း မပြောခင် မမျိုးဥအိမ်မှာ ရေအိတ်တည်တာ ဘယ်လိုဖြစ်တာလဲဆိုတဲ့အကြောင်း အရင်သိဖို့လိုအပ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းမှာ မက်မွန်သီး နဲ့ ပုံစံရော၊ အရွယ်အစားပါ အတူတူ လောက် ရှိတဲ့ မျိုးဥအိမ် ၂ခုရှိပါတယ်။ မျိုးဥအိမ် တစ်ခုက […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ ကိုယ်ဝန်ရနိုင်လား

အိမ်ထောင်ရက်သားကျသွားပြီ ဖြစ်တဲ့ လေဒီလေးတွေရဲ့ စိတ်ကူးက ကိုယ်နဲ့တူတဲ့ မီးမီးလေး၊ ချစ်ချစ်နဲ့တူတဲ့ သားသားလေး မွေးချင်တာပါ။ မိန်းကလေးတွေက မွေးရာပါ မိခင်စိတ် ပါလာကြသူတွေ ဖြစ်သလို ရင်သွေးလေးတွေကို အကောင်းဆုံး ပျိုးထောင်ပေးချင်တဲ့ စိတ်ကူးရှိသူတွေပေါ့။ ဒါပေမယ့် ဒီစိတ်ကူးကလေ ဒီတိုင်း မပြည့်နိုင်ကြပါဘူး။ လေဒီလေးတွေကို သားသားမီးမီးလေးတွေ မွေးဖွားရာမှာ အခက်တွေ့စေနိုင်တဲ့ အခြေအနေလေး တစ်ရပ်အကြောင်း အခုတစ်ခေါက် ပြောပြပေးချင်ပါတယ်။ ဒါကတော့ သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ သားသားမီးမီးလေး လိုချင်တယ်။ ရနိုင်ပါ့မလား ဆိုတဲ့ ကိစ္စလေးပါ။ https://hellosayarwon.com/womens-health/womens-health-issues/all-you-need-to-know-about-endometritis/   သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ဒါကို Uterine Hypoplasia လို့ခေါ်ပါတယ်။ ရှိသင့်တဲ့ သားအိမ် အရွယ်အစားထက် သေးနေတဲ့ သားအိမ်နဲ့ မွေးဖွားလာတဲ့ အခြေအနေ တစ်ရပ်ပါ။ မွေးရာပါ အခြေအနေ တစ်ခုပေါ့။ သားအိမ်က ပြည့်ပြည့်ဝဝ […]

ad iconကြော်ငြာ
ad iconကြော်ငြာ

ကိုယ်ဝန်အတွက် စိုးရိမ်နေပါသလား။

ကိုယ်ဝန်အတွက် စိုးရိမ် မနေပါနဲ့။ ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့နဲ့ အခုပဲချိတ်ဆက်လိုက်ပါ။





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း