(၆) အဝလွန်ခြင်း
အဝလွန်ခြင်းဟာ ဟော်မုန်းထုတ်လုပ်မှုကို လျော့ကျစေပြီး အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရဖို့ ပိုမိုခက်ခဲစေပါတယ်။ Jefferson Medical College, Thomas Jefferson University, Philadelphia ရဲ့ မီးယပ်သားဖွားဌာန ဥက္ကဌ William Schlaff က အမျိုးသမီးတစ်ယောက် ကိုယ်အလေးချိန်တက်လာလေလေ သူမရဲ့ သားဥအိမ် လုပ်ငန်းဆောင်နိုင်စွမ်း အကျိုးသက်ရောက်မှုတွေ လျော့နည်းလာလေလေလို့ ပြောကြားခဲ့ပါတယ်။
(၇) ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း
ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာက ၂၀၁၃မှာ ထုတ်လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ညစ်ညမ်းပစ္စည်းတွေ၊ စက်ရုံထုတ် ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေနဲ့ မကြာခဏထိတွေ့မှုဟာ ကလေးရရှိနှုန်းကို ၂၉ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
(၈) ဆေးလိပ်သောက်ခြင်း
အထက်ဖော်ပြပါလေ့လာမှုကပဲ ဆေးလိပ်သောက်ခြင်းဟာ မြုံခြင်း အခွင့်အရေးကို ၁၃ရာခိုင်နှုန်းတိုးမြင့်စေပါတယ်လို့ ဆိုပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ဆေးလိပ်သောက်ခြင်းဟာ ဖွံဖြိုးနေတဲ့ ကလေးကို ထိခိုက်စေပြီး အမျိုးသားရော အမျိုးသမီးရောမှာပါ ဟော်မုန်းတွေကို အနှောင့်အယှက်ပေးကာမျိုးရိုးဗီဇကိုထိခိုက်စေလို့ပဲဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။