backup og meta

ကိုယ်က အမြွှာမွေးနိုင်ခြေ များတဲ့ လူတစ်ယောက်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်က အမြွှာမွေးနိုင်ခြေ များတဲ့ လူတစ်ယောက်လား

    ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွှာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ ကိုယ်က အမြွှာမွေးနိုင်ခြေ များသလားဆိုတာ သိထားသင့်တယ်နော်။ ။

    အမြွှာမွေးနိုင်ခြေ များသလားဆိုတဲ့ အပေါ် ဘယ်လိုအချက်တွေက သက်ရောက်တာလဲ ။ ။

    • မျိုးရိုး

    မျိုးရိုးထဲမှာ အမြွှာလေးမွေးထားတဲ့သူရှိတဲ့အခါ ကိုယ့်မှာလည်း အမြွှာလေးမွေးနိုင်ခြေ များပါတယ်။ အထူးသဖြင့် အမေဘက်က အဒေါ်တွေ အဖွားတွေက အမြွှာလေးမွေးဖူးထားရင် ကိုယ်လည်း အမြွှာမွေးနိုင်ခြေ ရှိပါတယ်။

    • လူမျိုး 

    အနောက်တိုင်းသားတွေက အာရှသားတွေထက် အမြွှာလေးတွေ မွေးနိုင်ခြေ ပိုများပါတယ်။ အနောက်နိုင်ငံသားတွေထဲကမှ လူမည်းတွေက လူဖြူတွေထက် အမြွှာမွေးနိုင်ခြေ ပိုများပါတယ်

    • ကလေးအများကြီးမွေးထားတဲ့အခါ

    ရှေ့မှာ ကလေးတွေ အများကြီးမွေးထားတဲ့သူတွေကပိုပြီး အမြွှာလေးတွေ မွေးနိုင်ခြေ ပိုများပါတယ်။ ကလေး ၈ ယောက်လောက်မွေးပြီးတဲ့သူတွေက အမြွှာမွေးနိုင်ခြေ ပိုများပါတယ်။

    • အသက်ကြီးတဲ့ အမျိုးသမီးတွေ

    လေ့လာချက်တွေအရ အသက် ၃၅ နှစ်ကျော်တဲ့အခါ တစ်လကို သားဥ နှစ်လုံးလောက်ကြွေတတ်တာကြောင့် ၃၅ နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေက အမြွှာမွေးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

    • ကိုယ်အလေးချိန်

    BMI 25နဲ့ အထက်ဆိုရင် ဝနေတယ်လို့ သတ်မှတ်ကြပြီး BMI 30 ကျော်နေပြီဆိုရင်တော့ အဝလွန် နေတယ်လို့ဆိုကြပါတယ်။ ဒီလို အဝလွန်တာမှာ မကောင်းတာတွေများပေမယ့် အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေ အခြားသူတွေထက်ပိုများတယ်ဆိုတဲ့ အချက် တစ်ချက်တော့ရှိပါသေးတယ်။ အထူးသဖြင့် non-identical twin ရုပ်ချင်းမတူတဲ့ အမြွှာလေးတွေ မွေးနိုင်ခြေပိုများပါတယ်။

    အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေ များဖို့ ဘာတွေလုပ်လို့ရမလဲ။

    စားသောက်မှု ပုံစံ

    • လေ့လာချက်တွေအရ နို့ထွက်ပစ္စည်းတွေကို များများစားပေးတာက အမြွှာကိုယ်ဝန်ရအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်ထွက်ပစ္စည်းတွေက ဟော်မုန်းတွေ ပါဝင်တာကြောင့် သားဥများများကြွေစေနိုင်တယ်လို့ ဆိုပါတယ်။
    • နောက်ပြီး ပီလောပီနံကလည်း Phytoestrogen ပါဝင်တာကြောင့် အမြွှာရနိုင်ခြေ များစေတယ်ဆိုပြီး နာမည်ကြီးပါတယ်။

    ဆေးဝါးများ

  • အားလုံး ကြားဖူးကြမှာပါ။ အမြွှာကိုယ်ဝန်ဆောင်ချင်ရင် ဆေးတွေ သောက်လို့ရတယ် ဆိုတဲ့ အကြောင်းကိုလေ။ ဒါမှန်ပါတယ်။
  • အမြွှာလေးတွေ လိုချင်တဲ့သူတွေအတွက် အမျိုးသမီးဆီက မျိုးဥ တစ်လုံးထက် ပိုကြွေအောင် လုပ်လို့ရတဲ့ ဆေးတွေရှိပါတယ်။ မျိုးဥကြွေဆေးတွေလို့ ခေါ်ပါတယ်။
  • များသောအားဖြင့်တော့ ဒီမျိုးဥကြွေဆေးတွေကို ကလေးရဖို့ခက်တဲ့ စုံတွဲတွေမှာပဲ သုံးလေ့ရှိပါတယ်။ ကိုယ်က အမြွှာလိုချင်တယ်ဆိုရင်တော့ ဒီဆေးနဲ့ ပတ်သက်ပြီး ဆရာဝန်ကို အရင်မေးဖို့ လိုပါတယ်။
  • ရင်သွေး တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ အချိန်ခြားတာ

    ရင်သွေးတွေကို အချိန် သိပ်မခြားဘဲ မွေးတဲ့ အမျိုးသမီးတွေထက်စာရင် ရင်သွေး တစ်ယောက်နဲ့ တစ်ယောက်ကြားထဲ ၄ နှစ် ၅ နှစ်လောက် ခြားထားတဲ့ အမျိုးသမီးတွေက အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေ ပိုများပါတယ်။

    ဖန်ပြွန်သန္ဓေသားကိုယ်ဝန်

    ဖန်ပြွန်သန္ဓေသား ကိုယ်ဝန် ဆောင်တဲ့အခါ တစ်ယောက်တည်း လိုချင်လား။ နှစ်ယောက် လိုချင်လား ကိုယ်လိုချင်သလို ရွေးလို့ရတာကြောင့် ဖန်ပြွန်သန္ဓေသားကိုယ်ဝန်နဲ့လည်း ကြိုးစားကြည့်လို့ ရပါတယ် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement