အမျိုးသမီးတွေ ကိုယ်ဝန်မရ အောင် နှောင့်ယှက်နေတဲ့ ပြဿနာများ
အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေ နည်းစေတဲ့ အဓိက ပြဿနာကတော့ သားအိမ်ကနေ မမျိုးဥကို အောင်အောင်မြင်မြင်မထုတ်လုပ်နိုင်တာပါပဲ။ ပြောရရင် သုက်ကောင်နဲ့ထိမိကာ ကိုယ်ဝန်ရစေမယ့် မမျိုးဥကို သားအိမ်ကနေ မထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေပါ။ အဖြစ်များတဲ့ ရောဂါကတော့ polycystic ovary syndrome သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစုပဲ ဖြစ်ပါတယ်။
သားအိမ်ကနေထုတ်လုပ်လိုက်တဲ့ သားဥတွေဟာ သားအိမ်ပြွန်ကနေ ကောင်းစွာထွက်မလာနိုင်တာကြောင့်လည်း ကိုယ်ဝန်ရနိုင်ခြေနည်းပါးသွားတတ်ပါတယ်။ သားအိမ်ပြွန်ဟာ တစ်ခါတစ်ရံမှာ ရောဂါပိုးကူးစက်မှုလို အခြေအနေမျိုးတွေ၊ တစ်သျှူးဆဲလ်တွေကြောင့် ယာယီအားဖြင့် ပိတ်ဆို့နေတာမျိုးဖြစ်တတ်ပြီး ဒီအချက်ကလည်း အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးထားတတ်ပါတယ်။
နောက်ထပ် အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေ နည်းပါးသွားစေတတ်တဲ့ ပြဿနာတစ်ခုကတော့ ဆေးလိပ်နဲ့ အရက်သေစာ မှီဝဲခြင်းကြောင့်ပါ။ ဒါ့အပြင် ကိုယ်အလေးချိန်မြင့်မားခြင်း သို့ အဝလွန်အဆင့်ရောက်နေခြင်းတွေကလည်း ကိုယ်ဝန်ရဖို့ ခက်ခဲအောင် အနှောင့်အယှက်ပေးနိုင်ပါသေးတယ်။
ဒါ့အပြင် cervical mucus လို့ခေါ်တဲ့ မိန်းမကိုယ်အချွဲကလည်း မအင်္ဂါအတွင်း ဝင်ရောက်လာတဲ့ သုက်ပိုးတွေကို ထိခိုက်အောင်လုပ်တာ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို နှေးကွေးအောင်လုပ်တာမျိုးတွေ ပြုလုပ်တတ်ပါတယ်။ ဒီအချက်ကလည်း ကိုယ်ဝန်ရရှိရေးမှာ အတားအဆီးတစ်ရပ်ပါပဲ။
အရေးအကြီးဆုံးအချက်တစ်ခုကတော့ အမျိုးသမီးတွေဟာ အသက် ၃၅ နှစ်အရွယ်ကျော်လွန်လာရင် မျိုးပွားနိုင်စွမ်းကျဆင်းလာတတ်တာပါ။ အသက် ၄၅ နှစ်အထက်မှာ ကိုယ်ဝန်ရနိုင်ခြေကတော့ အလွန်ကိုနည်းပါးလှပြီး ရှားပါးဖြစ်ရပ်အဖြစ် သတ်မှတ်ထားကြပါတယ်။
သားအိမ် ဒါမှမဟုတ် သားဥပြွန်မှာ သွေးလုံးတည်နေတာကြောင့် သုက်ပိုးနဲ့ မမျိုးဥ ပေါင်းဆုံဖို့အတွက်ရော၊ ပေါင်းဆုံသန္ဓေအောင်ပြီး သားအိမ်မှာ လာတွယ်ဖို့အတွက်ရော အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီရောဂါက ရာသီလာချိန်နဲ့ လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ကံကောင်းတာက ကုသပျောက်ကင်းနိုင်ပါတယ်။
ရာသီစက်ဝန်းမှာ ပြဿနာ တစ်ခုခု ရှိတဲ့အခါ ဖြစ်တတ်ပါတယ်။ ရာသီစက်ဝန်းက တိုလာနိုင်တယ်၊ ကြာလာနိုင်တယ်။ တည်တည်ငြိမ်ငြိမ်လည်း မရှိတော့ပါဘူး။ ပိုဆိုးတာကတော့ မျိုးဥကို မကြွေတော့တာပါ။ ၂၀-၄၀%သော အမျိုးသမီးတွေက ဒီပြဿနာနဲ့ ကြုံရတတ်ပါတယ်။
မျိုးဥမကြွေတာက အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ ဟော်မုန်းများ မူမမှန်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း သို့မဟုတ် အဝလွန်ခြင်းနဲ့ စိတ်ဖိစီးမှု အလွန်များခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
မျိုးဥမကြွေတဲ့ ပြဿနာတွေကိုတော့ မျိုးဥကြွေဆေးများနဲ့ ကုသနိုင်ပါတယ်။ IVF (ခန္ဓာကိုယ်ပြင်ပမှာ မျိုးအောင်စေပြီး ကိုယ်အတွင်းသို့ ပြန်လည် ပို့ပေးခြင်းဖြင့် ကိုယ်ဝန်တည်စေခြင်း)ကို အသက်ကြီးတဲ့ လင်မယားများအတွက် အသုံးပြုနိုင်ပါတယ်။
မမျိုးဥ ရောဂါ တစ်မျိုး ဖြစ်ပြီး ဟော်မုန်း မညီမျှခြင်းကို ဖြစ်စေပါတယ်။ ရောဂါလက္ခဏာတွေက ရှုပ်ထွေးပြီး လူတစ်ယောက် နဲ့ တစ်ယောက် မတူပါဘူး။ ရောဂါလက္ခဏာတွေ ကတော့ မျိုးဥမကြွေတော့ခြင်း၊ ရာသီစက်ဝန်း မမှန်ခြင်း၊ ကိုယ်အလေးချိန် အလွန်တက်လာခြင်း၊ ဝက်ခြံ ထွက်ခြင်း၊ မျက်နှာမှာ အမွေးအမျှင်များ ပေါက်လာခြင်းနဲ့ မျိုးမအောင်တော့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုကုသရမယ်ဆိုတာဟာ ရောဂါလက္ခဏာတွေပေါ်မှာ မူတည်နေပါတယ်။
ကိုယ်အလေးချိန်အရမ်းများတာ၊ အရမ်း နည်းတာက ကလေးရခြင်း၊ မရခြင်း အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အဆီများတဲ့ အစားအစာတွေ စားတာ၊ အာဟာရချို့တဲ့တာတွေက ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်နိုင်ပါတယ်။
ဒါ့အပြင် ဆေးလိပ် သောက်ခြင်း နဲ့ အရက်သေစာ သောက်သုံးခြင်းက သုက်ပိုး အရေအတွက်ပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နိုင်တာကြောင့် ရှောင်ရှားဖို့ အကြံပြုထားပါတယ်။
ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားခင်မှာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ ပြသတာက အကြံကောင်း တစ်ခု ဖြစ်ပါတယ်။ အကြောင်းရင်းကို စောစောတွေ့ရှိမယ် ဆိုရင် သေချာ ကုသပြီး ကလေးရနိုင်ခြေလည်း မြင့်မားသွားပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။