backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ ကိုယ်ဝန်ရနိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ ကိုယ်ဝန်ရနိုင်လား

အိမ်ထောင်ရက်သားကျသွားပြီ ဖြစ်တဲ့ လေဒီလေးတွေရဲ့ စိတ်ကူးက ကိုယ်နဲ့တူတဲ့ မီးမီးလေး၊ ချစ်ချစ်နဲ့တူတဲ့ သားသားလေး မွေးချင်တာပါ။ မိန်းကလေးတွေက မွေးရာပါ မိခင်စိတ် ပါလာကြသူတွေ ဖြစ်သလို ရင်သွေးလေးတွေကို အကောင်းဆုံး ပျိုးထောင်ပေးချင်တဲ့ စိတ်ကူးရှိသူတွေပေါ့။ ဒါပေမယ့် ဒီစိတ်ကူးကလေ ဒီတိုင်း မပြည့်နိုင်ကြပါဘူး။ လေဒီလေးတွေကို သားသားမီးမီးလေးတွေ မွေးဖွားရာမှာ အခက်တွေ့စေနိုင်တဲ့ အခြေအနေလေး တစ်ရပ်အကြောင်း အခုတစ်ခေါက် ပြောပြပေးချင်ပါတယ်။ ဒါကတော့ သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ သားသားမီးမီးလေး လိုချင်တယ်။ ရနိုင်ပါ့မလား ဆိုတဲ့ ကိစ္စလေးပါ။

သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ်

ဒါကို Uterine Hypoplasia လို့ခေါ်ပါတယ်။ ရှိသင့်တဲ့ သားအိမ် အရွယ်အစားထက် သေးနေတဲ့ သားအိမ်နဲ့ မွေးဖွားလာတဲ့ အခြေအနေ တစ်ရပ်ပါ။ မွေးရာပါ အခြေအနေ တစ်ခုပေါ့။ သားအိမ်က ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးခဲ့တဲ့ အခြေအနေပါ။

နောက်တစ်ခုကတော့ အသက်ကြီးမှ ဖြစ်တာပါ။ မွေးလာတုန်းက သားအိမ်က ပုံမှန်အရွယ်ဆိုပေမယ့် ခဏခဏ မိန်းမကိုယ်ပိုးဝင်တာကြောင့် သားအိမ်က အရွတ်တွယ်ပြီး ကျဉ်းသွားတာ ဒါမှမဟုတ် ဟော်မုန်းမမျှတတာကြောင့် သားအိမ်က ကောင်းကောင်းမဖွံ့ဖြိုးလာတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေရှိမလဲ

သားအိမ်က ရှိသင့်တဲ့ အရွယ်အစားထက် သေးနေမယ် ဆိုရင်

  • အပျိုဖော်ဝင်ချိန်မှာ ရာသီသွေး မပေါ်တာ
  • ဗိုက်ထဲက အောင့်တာ
  • မွေးလမ်းကြောင်း ကျဉ်းနေတာ၊ မွေးလမ်းကြောင်း အပေါက်မပါတာ
  • မျိုးအောင်နိုင်စွမ်း မရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ

ဒီ အခြေအနေက ငယ်ငယ်ကတည်းက မသိနိုင်ပါဘူး။ သားအိမ် အရွယ်အစားက ပုံမှန်ထက် သေးနေပေမယ့်လည်း မမျိုးပွားအင်္ဂါအပြင်ဘက် အနေအထားက ပုံမှန် အတိုင်းပဲ ရှိနေတတ်တာကြောင့်ပါ။ အပျိုဖော်ဝင်ချိန် ရောက်လာတဲ့အခါ ရာသီသွေး မဆင်းတော့မှ ဆရာဝန်ကိုပြသကြည့်ရင်း သိကြတာက များပါတယ်။

  • သွေးစစ်ကြည့်မယ်
  • အယ်လ်ထရာဆောင်း ရိုက်ကြည့်မယ်
  • Magnetic resonance imaging (MRI) စစ်ဆေးမှုတွေ ကနေတဆင့် သိရှိနိုင်ပါတယ်။

သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် ၊ ကိုယ်ဝန်ရနိုင်လား

ဒါကတော့ ဘယ်လောာက်သေးလဲဆိုတာပေါ် မူတည်ပါတယ်။ ဥပမာ သားအိမ်မှာ အရွတ်တွေ တွယ်‌နေလို့ သေးတာဆိုရင် ခွဲစိတ်ပြီး အရွတ်တွေကို ရှင်းလိုက်တာမျိုး၊ ဟော်မုန်းနည်းနေလို့ သေးတာဆိုရင် ဟော်မုန်းပြန်ပေးတာမျိုး လုပ်လို့ ရနိုင်ပါတယ်။ မွေးကတည်းက သားအိမ်သေးတယ်ဆိုရင်တောင်  ဘယ်လောက်သေးလဲဆိုတာပေါ် မူတည်ပါသေးတယ်။

ဒါကြောင့် သားအိမ်သေးလို့ ကလေးမရတော့ဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ဝန်မဆောာင်ခင်မှာ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသလို့ ရနိုင် မရနိုင်ဆိုတာကို အရင် တိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement