- နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာရော ကိုယ်ဝန်ဆောင်ချိန်မှာပါ လမ်းလျှောက်တာ၊ ယောဂလေ့ကျင့်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာလိုမျိုး ကျန်းမာရေးတွေကို လုပ်ဆောင်ပေးပါ။ တစ်ပတ်ကို ၄ ရက် ကနေ ၅ ရက်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဆေးလိပ်နဲ့ အရက်ပါတဲ့ သောက်စရာတွေက သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာ၊ အရက်ပါတဲ့ သောက်စရာတွေ သောက်တာက သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်အောင် ကာကွယ်ချင်တယ်။ ကိုယ်ဝန်ဆောင်သွေးတိုးဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အပြီးသတ်ရှောင်လိုက်ပါ။
အငန်ကဲတဲ့ အစားအစာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာရော ပုံမှန်အချိန်တွေမှာပါ ရှောင်ဖို့ လိုပါမယ်။ နေ့စဉ် စားသုံးမှုမှာ ဆား အပါအဝင် အငန်ဓာတ်ပါတဲ့ စားစရာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။ ဒီလို စားတာက ကိုယ်ဝန်ဆောင် သွေးတိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်သုံးပေးပါ။ ဒီလိုမျိုး ရေများများ သောက်ပေးတာက ကိုယ်ဝန်ဆောင်ချိန် ရေဓာတ် လိုအပ်ချက်ကို ဖြည့်ပေးနိုင်သလို ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးဝဝအိပ်တာ၊ သက်တောင့်သက်သာ အနားယူတာတွေက ကိုယ်ဝန်ဆောင်သွေးတိုးဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို လျှော့ချဖို့ဆိုရင် အိပ်ရေးဝဝ အိပ်ရင်း ပြည့်ဝတဲ့ အနားယူချိန် ရှိအောင် လုပ်ဆောင်ပေးပါ။
စကားလက်ဆောင်
ကိုယ်ဝန်ဆောင်သွေးတိုးကို မဖြစ်ခင် ကာကွယ်တာ အကောင်းဆုံးပါ။ ဒါကြောင့် နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ သွေးပေါင်ချိန်ကို ပုံမှန် စစ်ဆေးတာတွေ လုပ်ဆောင်ပေးပါ။ တစ်ပတ်ကို ၄ ရက်လောက် ကိုယ်လက်လှုပ်ရှားမှု ရှိနေခြင်းက ကိုယ်ဝန်ဆောင်သွေးတိုးဖြစ်နိုင်ခြေကို ထိရောက်တဲ့ အတိုင်းအတာ တစ်ရပ်အထိ လျှော့ချပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။