backup og meta

အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

ကိုယ်ဝန်ဆောင်ချိန်တိုင်းကတော့ အန္တရာယ် ကင်းတယ်ဆိုတာ မရှိသလောက်ပါ။ တစ်ဦးတည်းကို ကိုယ်ဝန်ဆောင်ထားရတာကတောင် အတော်လေး အန္တရာယ်များတာပါ။  အမြွှာ ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်က ပိုဂရုစိုက်ဖို့ လိုသလို ပိုအန္တရာယ် များမယ်ဆိုတာလည်း အသေအချာပါပဲ။ ဒီတစ်ခေါက်တော့ အမြွှာကိုယ်ဝန်ဆောင်​ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်က အန္တရာယ်များတယ်ဆိုပေမယ့် သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သလို မေမေရာ ဘေဘီလေးပါ ကျန်းမာမှာ အသေအချာပါပဲ။

အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကတော့

လမစေ့ဘဲ ကလေး မွေးဖွားတာ

အမြွှာ ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားကြတာ များပါတယ်။ တစ်ဦးမကတဲ့ ဘေဘီလေးတွေကို  ကိုယ်ဝန်ဆောင်ထားရတာကြောင့် ကိုယ်ဝန်က လမစေ့ဘဲ မွေးဖွားနိုင်ခြေက တော်တော်လေး များနေတာပါ။

ကလေးက လမစေ့ဘဲ မွေးဖွားတာ​ကြောင့် ကောင်းကောင်း မဖွံ့ဖြိးသေးတာမျိုး ရှိနိုင်သလို ပေါင်မပြည့်တာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေးတစ်ယောက်က ကျန်းမာတဲ့ ကလေးတစ်ယောက်အနေနဲ့ မွေးဖွားဖို့ မွေးစမှာ ကိုယ်အလေးချိန် ၅.၅ ပေါင်ထက်မနည်း ရှိဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်တာ

အမြွှာ ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေက ပုံမှန် ဘေဘီလေး တစ်ယောက်တည်းကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေထက် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ကာလ စောစောပိုင်းမှာတင် သွေးတိုးတာကို ခံစားရတတ်ပြီး ဘေဘီလေး တစ်ယောက်တည်းကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေထက်လည်း ပြင်းထန်နိုင်ပါတယ်။ စောစာစီးစီး အချင်းကွာတာကိုလည်း ခံစားရနိုင်ပါသေးတယ်။

သွေးအားနည်းတာ

အမြွှာ ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေက သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များသလို သွေးအားနည်းတာကို ခံစားရနိုင်ခြေကလည်း ပုံမှန်မေမေတွေထက် ၂ ဆကျော် ပိုများနေပါတယ်။

ကိုယ်ဝန်ပျက်ကျတာ

အမြွှာ ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေက ဘေဘီလေး တစ်ယောက်တည်းကို  ကိုယ်ဝန်ဆောင်ထားတဲ့ မေမေတွေထက် ကိုယ်ဝန်ဆောင် ပထမ ၃ လပတ် ကာလအတွင်းမှာ ပျက်ကျနိုင်ခြေ တော်တော်လေး များပါတယ်။ ဒီလို ကိုယ်ဝန်ပျက်ကျနိုင်ခြေ များတာက ကိုယ်ဝန်ဆောင် နောက်ဆုံး ၃ လပတ်အထိ ပါပဲ။ ဒါကြောင့် အချိန်တိုင်းမှာ သေချာ ဂရုစိုက်ဖို့ လိုပါမယ်။

ရေမြွှာရည် ပုံမှန် မဟုတ်တာ

အမြွှာ ကိုယ်ဝန်ဆောင်မေမေတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုက အမြွှာလေးတွေဟာ အချင်း တစ်ခုတည်းကို  မျှဝေမှီခိုနေရတာ ဖြစ်တဲ့အတွက် မေမေတွေမှာ ရေမြွှာရည် ပုံမှန် မဟုတ်တာကို ခံစားရနိုင်ပါတယ်။

ခွဲမွေးရတာ

အမြွှာ ကလေးတွေမှာ သန္ဓေသားက အနေအထား ပုံမှန် မဟုတ်တာကြောင့် အမြွှာတွေကို ရိုးရိုးမွေးဖို့ ခက်ပြီး ခွဲမွေးရတာမျိုး ရှိနိုင်ပါတယ်။

မီးဖွားပြီးချိန်မှာ သွေးသွန်နိုင်ခြေ များတာ

အချင်းဧရိယာ ကြီးတာ၊ သားအိမ်က ပုံမှန်ထက် ဆန့်ထားရတဲ့ အခြေအနေတွေက မွေးဖွားပြီးချိန်မှာ အမြွှာကိုယ်ဝန်ဆောင် မေမေတွေက အခြား မေမေတွေထက် သွေးသွန်နိုင်ခြေ ပိုများပါတယ်။

# Disclaimer

အမြွှာကိုယ်ဝန်ဆောင်တိုင်းတော့ အခုပြောပြခဲ့တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရမယ်လို့ တထစ်ချ မဆိုသာပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ စောင့်ရှောက်မှုတွေကို ရမယ်။ အနေအထိုင် အစားအသောက် သေချာလေး ဂရုစိုက်မယ်ဆိုရင်တော့ မိခင်ရော ကလေးပါ ကျန်းမာစေမှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement