- အေးတာလေး တစ်ခုခု စားပေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူလာပြီဆိုရင် နို့အေးတစ်ခွက်လောက် သောက်တာဖြစ်ဖြစ်၊ ရေခဲမုန့် နည်းနည်းလောက် စားပေးတာဖြစ်ဖြစ် လုပ်ပေးလို့ ရသလို ရေအေးအေးလေး သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် ရင်ပူလာပြီဆိုရင် အေးတာလေးတစ်ခုခု စားလိုက်ပါ။
ခရက်ကာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ခရက်ကာက ရင်ပူစေနိုင်တဲ့ အစာအိမ်ထဲက ပိုနေတဲ့ အက်ဆစ်တွေကို စုပ်ယူပေးပြီး ရင်ပူသက်သာအောင် လုပ်ဆောင်ပေးပါတယ်။
အကျိုးပြုဘက်တီးရီးယားလေးတွေ ပါတဲ့ ဒိန်ချဉ်က ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရင်ပူနေတယ်ဆိုရင် ဒိန်ချဉ် ၁ ဇွန်း ၂ ဇွန်းလောက် သောက်ပေးပါ။
သင်္ဘောသီး မှည့်က ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမချုပ်အောင် ကူညီပေးသလို ရင်ပူတာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ရင်ပူနေပြီဆိုရင် သေချာ မှည့်နေတဲ့ သင်္ဘောသီးလေးကို တစ်စိတ်လောက် စားပေးပါ။
- ချင်း (ဂျင်း) နည်းနည်း စားပါ
ချင်း (ဂျင်း) က အစာအိမ်ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ကျန်းမာစေဖို့လည်း ချင်း (ဂျင်း) က ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ရင်ပူလာပြီဆိုရင် ချင်း (ဂျင်း)လေး နည်းနည်းလောက် စားပေးလိုက်ပါ။ အစာခြေအက်ဆစ်တွေ အစာရေမျိုးထဲ မရောက်အောင် တားဆီးပေးရင်း ရင်မပူအောင် ကာကွယ်ပေးမှာပါ။
အစားစားပြီးချိန်မှာ အချိုမပါတဲ့ ပီကေကို နာရီဝက်လောက် ဝါးပေးတာက ရင်ပူတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခု စားပြီးတိုင်း ရင်ပူတာကို မခံစားချင်ဘူးဆိုရင် ပီကေလေး ဝါးပေးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတွေကို ထင်သလို သောက်လို့ မဖြစ်တာကြောင့် မသောက်ခင်မှာ အဆင်ပြေမလားဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသင့်တော်ဆုံး ဖြစ်မယ့် လေဆေး တစ်ခုခုကို သောက်ပေးတာမျိုး လုပ်ပေးပါ။
ဒီနည်းလမ်းလေးတွေက ဘေးကင်းလွယ်ကူစွာနဲ့ ကိုယ်ဝန်ဆောင်မေမေ ရင်ပူတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
စကားလက်ဆောင်
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ဆိုပေမယ့် အစားစားပြီးချိန်မှာ ချက်ချင်း အိပ်တာမျိုး မလုပ်တာ ၊ အိပ်ရာမဝင်ခင် အစားအစားတာမျိုး မလုပ်တာ၊ အစပ်ကဲ၊ အငန်ကဲတာတွေကို ရှောင်တာ၊ အက်ဆစ်ကဲတာတွေကို ရှောင်တာ၊ နည်းနည်းနဲ့ အကြိမ်များများ စားတာ၊ အစာကို ဖြည်းဖြည်းမှန်မှန် စားတာ၊ အဝတ်အစားကို ပွပွချောင်ချောင် ဝတ်တာ၊ အစားတစ်ခုခုစားတိုင်း ရေသောက်ပေးတာမျိုး လုပ်ပေးတာက ရင်ပူတာကို ကာကွယ်ပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။