backup og meta

သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ

သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ

ကလေးတစ်ယောက် ပထမဦးဆုံး ကျွမ်းကျင်သင့်တာကတော့ သူတို့ဘာသာ အစာစားတာပဲ ဖြစ်ပါတယ်။ ကလေးတွေက သူတို့ဘဝကို ခုအရွယ်နဲ့ ဦးမဆောင်နိုင်သေးပေမယ့် သူတို့ ပါးစပ်ထဲထည့်မယ့် အရာကိုတော့ သူတို့ ရွေးချယ်နိုင်ရပါမယ်။ ဒါကြောင့် သူတို့ဘာစားမလဲ၊ မစားဘူးလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဂျီကျတာဟာ ပုံမှန်ပါပဲ။ သူတို့က သူတို့ကြိုက်တာ တစ်မျိုးနှစ်မျိုးလောက်ပဲ စားပြီး ချက်ချင်း စိတ်ပြောင်းလဲမြန်ပြီး နောက်တစ်ခုကို လိုချင်လိုတတ်ပါတယ်။

သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ

သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ ကတော့

ကလေးတွေဟာ အစာစားဖို့ ဘာကြောင့်ငြင်းဆန်ကြပါသလဲ

မိဘတွေက သူတို့ရဲ့ကလေးကို အစာစားတာ မစားတာနဲ့ ပတ်သက်ပြီး အမြဲ စိတ်ပူတတ်ကြပါတယ်။ ကလေးတွေမှာ နည်းနည်းပဲ စားတာ၊ အစားကြေးများတာနဲ့ စားရန် ငြင်းဆန်တာက ဖြစ်နေကျပဲ ဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲဆိုတော့

  • ကလေး တိုးတက်မှုနှုန်းနဲ့ activity က ပြောင်းနေတဲ့အတွက် စားချင်စိတ်ကလည်း ပြောင်းနေပါတယ်။
  • ကလေးတွေက မွေးကင်းစလို ရုတ်ချည်းကြီးထွားဖို့ မလိုတော့တာကြောင့် အများကြီး စားဖို့လည်း မလိုအပ်တော့ပါဘူး။
  • ကလေးတွေရဲ့အစာအိမ်က အလွန်သေးငယ်ပါတယ်။
  • ကလေးတွေက သူတို့ပတ်ဝန်းကျင်ကို စူးစမ်းတာကို ပိုဝါသနာ ပါလာတဲ့အတွက် အစားအစာ စားဖို့ အာရုံစိုက်လို့ မရပါဘူး။ ဒါအပြင့် ခွံ့ကျွေးတာထက် သူတို့ဘာသာ ကြာကြာ ထိုင်စားနေရတာကို ကြိုက်ချင်ကြိုက်နေမှာပါ။
  • ဒါ့အပြင် ပြီးအောင်စားဖို့လည်း စိတ်မပါဘဲ ထဆော့ချင်ဆော့နေပါလိမ့်မယ်။

ပြဿနာကိုဖြေရှင်းရန် အကြံပေးချက်များ

  • ကလေးတွေကို သူတို့ဘာသာ စားဖို့ ကျန်းမာစေတဲ့ အစားအစာတွေ ရွေးချယ်ခွင့်ပေးလိုက်ပါ။ ဒီနည်းက သူတို့တွေရဲ့ လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်းကို လေ့ကျင့်ရာ ရောက်ပါတယ်။
  • သူတို့ကို ဈေးဆစ်တာ သို့မဟုတ် ခြိမ်းခြောက်ဖို့ မကြိုးစားပါနှင့်။ ဒါက အစာစားချိန်မှာ အာဏာပါသလို ဖြစ်နေပါလိမ့်မယ်။ ကလေးအစားကောင်းကောင်း စားစေချင်ရင် အစာကျွေးချိန်မှာ အပြုသဘောဆန်ပါစေ။  ဒါ့အပြင် ဆုလာဘ်အဖြစ် သကြားလုံးကို မသုံးပါနဲ့။
  • သင့်ကလေး အစား စားတဲ့အခါ မိသားစုကပါ လိုက်စားပေးပါ။ ကလေးတွေက သူတို့အထက်က မောင်နှမတွေ ကျန်းမာစေတဲ့ အစားအစာတွေ စားတဲ့အခါ သူတို့လည်း လိုက်လုပ်ကြည့်ချင်ကြ ပါတယ်။
  • သူတို့မကြိုက်တဲ့ အစားအစာတွေ ဖယ်ပါ။ ကလေးတွေက အစာသစ်နဲ့ အရသာသစ်တွေကို လက်ခံဖို့ အချိန် ပိုမို ယူတတ်ကြပါတယ်။ သူတို့က ပဲစိမ်းစိမ်းလေးတွေကို ပထမဦးဆုံး အကြိမ် မစားဘူးပြောရင် ခဏဖယ်ထားပြီး နောက်အပတ်လောက်မှ ထပ်ကျွေးကြည့်ပါ။ သင်ထင်တာထက် ပိုပြီး ကြိုက်နေတာတွေ့ပါလိမ့်မယ်။
  • အစားအသောက် နဲ့အတူ အရည် ဘယ်လောက် သောက်လဲဆိုတာပါ စောင့်ကြည့်ပါ။ နို့ သို့မဟုတ် ဖျော်ရည် အလွန်အကျွံ သောက်သုံးခြင်းက ဗိုက်ပြည့်ပြီး စားချင်စိတ်ကို လျှော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် အစာစားချိန်ကြားထဲမှာမှ နို့နဲ့ ဖျော်ရည်တွေကို တစ်နေ့ ခွက်တစ်ဝက်ကနေ လေးပုံသုံးပုံအထိပဲ တိုက်ပါ။ နို့နဲ့ သဘာဝဖျော်ရည်တွေက အရေးပါတဲ့ အာဟာရကို ပေးနိုင်ပေမယ့် ထမင်းစားချိန်လောက် အပြည့်အဝရမှာတော့ မဟုတ်ပါဘူး။
  • ဒါ့အပြင် သင့်ရဲ့ ကလေးကို သကြားလုံးနဲ့ အသင့်စား အစားအစာချည်းပဲ မစားစေသင့်ပါဘူး။ ကိုယ်အလေးချိန်ကိုပဲ တက်စေပြီး အာဟာရဖြစ်စေမှာ မဟုတ်ပါဘူး။
  • သင့်ကလေးကို အစားအသောက်နဲ့ ကစားခွင့်ပြုလိုက်ပါ။ သူတို့ စားဖို့သင်ယူနေချိန်မှာ ရှုပ်ပွနေတာကိုလည်း ခွင့်ပြုလိုက်ပါ။ သူတို့မောနေတာ စိတ်မဝင်စားတော့တာ =ဖြစ်ရင် အစားအသောက်ကို ပြန်ယူသွားလိုက်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Feeding problems: Refusing to eat
http://www.babycenter.com/0_feeding-problems-refusing-to-eat_9203.bc
Accessed : 8 January 2017

Toddler not eating? Ideas and tips
http://raisingchildren.net.au/articles/toddler_not_eating.html
Accessed : 8 January 2017

ယခုပုံစံ

13/06/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

ကလေးငယ်ကိုရေချိုးပေးတဲ့အခါ ဘာကြောင့်ဆပ်ပြာမပါတဲ့ပစ္စည်းတွေကို ရွေးချယ်ဖို့လိုတာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement