ဘယ်အချိန်မှာ နို့ဖြတ်မှာလဲ
ကလေးနို့ဖြတ်တဲ့ကိစ္စဟာ မေမေတို့အတွက်စိတ်မကောင်းဖြစ်ရတဲ့အချိန်ပါ။ကလေးက ငိုယိုနေမှာ၊ နို့ဆာနေချိန် ဒီအတိုင်းကြည့်နေရမှာ မကြည့်ရက်တာနဲ့ပဲ ကလေးကိုယ်တိုင်က နို့ပြတ်တဲ့အထိစောင့်တတ်ကြပါတယ်။ ဘယ်အချိန်မှာ နို့ဖြတ်မလဲဆိုတာ ကလေးရော၊ မိခင်ေရာ အဆင်သင့်ဖြစ်တဲ့အချိန်ကို ကိုယ်တိုင်ဆုံးဖြတ်တာအကောင်းဆုံးဖြစ်ပါတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့အကြံပြုချက်မှာတော့ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသင့်တယ်၊ အနည်းဆုံး ကလေးအသက်တစ်နှစ်အထိလောက်အထိ တိုက်ကျွေးလို့ရတယ်လို့ ဆိုထားပါတယ်။ မိခင်တွေအနေနဲ့က ကိုယ်ရော၊ ကလေးပါ အဆင်ပြေနေသရွေ့ မိခင်နို့ကို တိုက်ကျွေးလို့ရနိုင်ပါတယ်။