13 လအရွယ်ကလေးငယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020
Share now

သင့်ရဲ့၁၃လအရွယ်ကလေးကို ဂရုစိုက်ပြုစုဖို့ ဘာတွေသိဖို့လိုအပ်လဲ

ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူများ

ကလေးဟာဘယ်လိုဖွံ့ဖြိုးသင့်သလဲ။

အသက်၁၃လမှာ သင့်ကလေးဟာစားသောက်ပုံတွေပြောင်းလဲနေနိုင်ပါပြီ။ သူဟာရုတ်တရက်ကြီး အစားအသောက်ရွေးသူတစ်ယောက်လည်းဖြစ်သွားနိုင်ပါတယ်။ ဒါဟာကြည့်လိုက်ရင်တော့ ထူးဆန်းသလိုထင်ရပေမဲ့ ပုံမှန်ပါပဲ။ ဒီအချိန်ဟာ အစားအစာမျိုးစုံကို စတင်စမ်းသပ်ကြည့်ဖို့နဲ့ သူအရင်ကမကြိုက်ခဲ့တဲ့ စားစရာတွေကို ပြန်လည်ကျွေးကြည့်ဖို့အတွက် အချိန်ကောင်းပါ။ ဒါက သူ့ရဲ့အရသာခံအာရုံဖွံ့ဖြိုးတိုးတက်ခြင်းပါပဲ။ သူ့ကို စားစရာအမျိုးမျိုးနဲ့ ဟင်းအမျိုးမျိုးကို စမ်းပြီးကျွေးကြည့်နိုင်ပါတယ်။ သူ့မှာ အလေးချိန်ကျဆင်းခြင်းနဲ့ ဖျားနာခြင်း (သို့) ဝမ်းပျက်ခြင်းတွေဖြစ်လာမှသာလျှင် သင်စိုးရိမ်ရမှာပါ။ ဒီအခြေအနေဟာ သူ့မှာကူးစက်ရောဂါတစ်ခုခုဖြစ်နေတာကြောင့် အစာစားချင်စိတ်တွေမရှိတာလို့ ယူဆနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သင်ဆရာဝန်ခေါ်သင့်ပါပြီ။

အစားအသောက်ပုံစံပဲပြောင်းလဲတာမဟုတ်ပါဘူး။ အိပ်စက်တဲ့အလေ့အထလည်းပြောင်းလဲလာပါတယ်။ သူဟာအရင်က အအိပ်ကြီးအိပ်တဲ့ ကလေးတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ညသန်းခေါင်မှာရုတ်တရက်ကြီးနိုးလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ၁၂လကနေ ၁၄လအအတွင်း ကလေးတွေဟာအိပ်မက်မက်တတ်လာကြပါပြီ။ အိပ်မက်တွေဟာ ကလေးတွေ အော်ဟစ်ပြီးနိုးလာသည်အထိ ခြောက်လှန့်တတ်ပါတယ်။ သူအိပ်ပျော်သွားတဲ့ထိ သူနဲ့အိပ်ပေးခြင်းအားဖြင့် သူ့စိတ်ကို သက်သာရာရစေမှာပါ။ ဒါဟာလည်း မကြာခင်ပြီးသွားပါလိမ့်မယ်။

ကလေးကိုဘယ်လိုထောက်ပံ့ရမလဲ။

တစ်ခါတလေ အစားအသောက်ဂျီးများတဲ့ကလေးတစ်ယောက်ရှိတာဟာ အတော်ကြီးကို စိတ်ပင်ပန်းစရာ ကောင်းပါတယ်။ သင့်ရဲ့လမ်းလျှောက်တတ်ကာစကလေးငယ်လေးကိုတော့ ပိုစားဖို့ တွန်းအားတွေမပေးလိုက်ပါနဲ့။ အဲ့လိုဖိအားပေးမဲ့အစား သူစားနိုင်သလောက်ပဲစားပါစေ။ သူဘယ်လောက်စားမလဲဆိုတာကို သင်မထိန်းချုပ်နိုင်ပေမဲ့ သူဘာတွေစားမလဲဆိုတာကိုတော့ သင်ထိန်းချုပ်နိုင်ပါတယ်။ အစာစားချိန်တိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအမျိုးမျိုးကျွေးပေးပါ။ သကြားလုံးတွေ အချိုတည်းစာတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားစရာတွေကိုတော့ မစားခိုင်းပါနဲ့။ ကလေးဟာ အစာလုံလုံလောက်လောက်မစားဘူးလို့ထင်ပြီး သင်စိတ်ပူကောင်းစိတ်ပူနေပါလိမ့်မယ်။ မပူပါနဲ့။ သူကောင်းကောင်းဖွံ့ဖြိုးကြီးထွားနေသမျှတော့ သူဟာအားလုံးအဆင်ပြေနေပါတယ်။

ကျန်းမာရေးနှင့် လုံခြုံရေး

ဆရာဝန်နဲ့ဘာတွေဆွေးနွေးရမလဲ။

အရင်လကစစ်ဆေးထားတဲ့ တစ်နှစ်ပြည့်မှတ်တမ်းဟာ သင့်မှာရှိပြီးသားဖြစ်နိုင်ပါတယ်။ သင့်ကလေးကိုဘယ်အချိန်မှာစစ်ဆေးရမလဲဆိုတာ အချိန်ဇယားမလုပ်ရသေးရင်တော့ ဒီလက အကောင်းဆုံးပါပဲ။ သင့်ကလေးရဲ့ စားသောက်နေထိုင်မှု အိပ်စက်ခြင်းအလေ့အထနဲ့ အပြုအမူတွေပြောင်းလဲသွားတာတွေကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ဘာတွေသိသင့်လဲ။

အချို့သောစားစရာတွေဟာ ဓါတ်မတည့်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ဆရာဝန်က သင့်ကလေး၁နှစ်အရွယ်ရောက်တဲ့ထိစောင့်ခိုင်းတာပေါ့။ အခုတော့ သင့်ကလေးဟာ ၁၃လတောင်ရှိနေပြီလေ။ ဒီအစားအစာတွေကို ဖြည်းဖြည်းချင်းစမ်းကျွေးသင့်တဲ့ အရွယ်ရောက်လာပြီပေါ့။ ဒီအစားအစာတွေကို ဘယ်လိုစကျွေးရမလဲဆိုတာသိဖို့တော့ အရေးကြီးပါတယ်။ အောက်ပါအချက်တွေကို သင်လုပ်ကြည့်သင့်တယ်။

  • ဘယ်အစားအစာတွေက ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တယ်ဆိုတာသိနေပါစေ။ အဲ့ဒီလိုအစားအစာတွေထဲမျာ ဥတွေ၊ အခွံမာသီးတွေ၊ စတော်ဘယ်ရီတွေ၊ ပျားရည်၊ နွားနို့နဲ့ ခရမ်းချဉ်သီးတွေ ပါပါတယ်။
  • အချိန်တစ်ချိန်မှာ အစာတစ်မျိုးပဲကျွေးပါ။ ဒီနည်းလမ်းနဲ့ဆိုရင် ဘယ်လိုတုံ့ပြန်မှုကိုမဆို သင်သိနိုင်ပါတယ်။ များသောအားဖြင့် ၄-၅ရက်ကြာပြီးမှ အစာသစ်ကိုကျွေးပါ။
  • ဒိုင်ယာရီလုပ်ထားပါ။ အစားအစာတစ်ခုကျွေးကြည့်လို့ဖြစ်လာတဲ့ တုံ့ပြန်မှုကို လေ့လာဆန်းစစ်နေဖို့က အရေးကြီးပါတယ်။ ဒါဟာအစားအသောက်ဓါတ်မတည့်မှု ဖြစ်နိုင်တာလည်းရှိသလို မဖြစ်နိုင်တာလည်းရှိပါတယ်။ သင့်အစားအသောက်ဒိုင်ယာရီကို ဆရာဝန်ဆီယူသွားပြီး လေ့လာဆန်းစစ် ဆုံးဖြတ်ခိုင်းနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုများ

ဘာကိုစိတ်ပူနေတာလဲ။

အရာဝတ္ထုတွေ ပစ္စည်းတွေနဲ့ မတော်တဆတိုက်မိတာမျိုး ပြုတ်ကျတာမျိုးဖြစ်မှာကို သင်စိတ်ပူနေနိုင်ပါတယ်။ သင့်ကလေးကို အလွန်အမင်းကာကွယ်နေတာမျိုးမလုပ်ပါနဲ့။ သူဟာအနာတရတွေဖြစ်မယ် အမာရွတ်တွေထင်နေမယ်။ ဒါဟာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အဲ့လိုတွေဖြစ်ခြင်းကနေ သူဟာပိုပြီးဂရုစိုက်တတ်လာလိမ့်မယ်။ သင့်ကလေးကိုပေးနိုင်တဲ့အကောင်းဆုံးထောက်ပံ့မှုကတော့ လွတ်လွတ်လပ်လပ်ပေးကစားလိုက်ပါ။ ဒါက သူ့ရဲ့ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပါလိမ့်မယ်။ ကစားခြင်း လဲကျခြင်းတွေကြောင့် သင့်ကလေးက သူ့ရဲ့ခန္ဓါကိုယ်နဲ့ သူ့ရဲ့ပတ်ဝန်းကျင်တွေအကြောင်းကို သိလာပါလိမ့်မယ်။ ဒါတွေကပဲ သူလဲကျတဲ့အခါမှာ ဘယ်လိုထရသလဲဆိုတာကို သင်ပေးပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ သူဟာ အမေကိုပဲအားကိုးနေတတ်တဲ့ ကလေးဖြစ်လာတော့မှာမဟုတ်ပါဘူး။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး

    အိမ်လေးဆိုရင် သန့်ရှင်းသပ်ရပ်နေမှကြိုက်တယ်ဆိုတာက ကြီးကျယ်တာမဟုတ်ပါဘူး။ ဒါက ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ဘေဘီလေးတွေကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့စသိပ်မလဲ

    ခေါင်းအုံးမပါရင် မအိပ်တတ်ဘူးဆိုတာမေမေ၊ဖေဖေတို့မှာပဲဖြစ်တဲ့ခံစားမှုပါ။မေမေ့ဗိုက်ထဲက ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ခေါင်းကိုက်နေတာလား။ မအီမသာဖြစ်နေတာလား

    ကျောက်ကပ်ရောဂါ တုပ်ကွေး ဦးနှောက်အမြှေးရောင်ရောဂါ နီကိုတင်း ဦးနှောက် ဓါတ်မတည့်မှု ကဖင်း ဦးရေပြား အယ်လ်ကိုဟော ရာသီဥတု ရေဓါတ် ကျန်းမာရေးပြဿနာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ယောက်ျားဆန်ဆန်အလှတရားကို ပိုင်ဆိုင်ချင်တဲ့ကိုကိုတို့အတွက်

    ကိုရီးယားဆန်ဆန်လှချင်နေတဲ့ဒီခေတ်ထဲမှာ မုတ်ဆိတ်သပ်သပ်ရပ်ရပ်လေးထားပြီးယောက်ျားဆန်ဆန်ကြည့်ကောင်းချင်တဲ့ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတဲ့ ဒီအချက်တွေကြောင့်ပါ

    ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတဲ့ ဒီအချက်တွေကြောင့်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 1, 2020
    မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 5, 2019
    စပျစ်သီးချိုချိုလေးစားရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

    စပျစ်သီးချိုချိုလေးစားရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 27, 2019
    ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား

    လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့ သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ ။ ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances
    ရေးသား ထုတ်ဝေခဲ့သည် မေ 14, 2019