ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 17, 2020 . 3 mins read
Share now

သင့်ကလေးကိုပိုးမွှား၊ အင်းဆက်တွေကိုက်ခံရရင်

ကလေးတွေဟာ ပုရွက်ဆိတ်၊ခြင်၊ကြမ်းပိုး၊နကျယ်၊ ပျား၊ကင်း၊နဲ့ ပင့်ကူတို့လို အင်းဆက်အမျိုးမျိုးအကိုက်ခံရတတ်ပါတယ်။ ပျားတုပ်တာ၊ပိုးမွှားကိုက်တာတွေက ခံရခက်ပြီး နာကျင်ရပေမယ့် အန္တရာယ်ဖြစ်ခဲပါတယ်။ နာကျင်မှုကနောက်တစ်နေ့မှာလျော့ပါးသွားတတ်ပြီး လုံးဝပျောက်သွားတာလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးကို ပါးစပ်၊ သို့မဟုတ် လည်ပင်းကို ပျားတုပ်ခံရရင် ဒါမှမဟုတ် အကိုက်ခံရလို့ပြင်းထန်တဲ့ဓါတ်မတည့်မှုဖြစ်လာရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။

ကလေးတွေဟာ အင်းဆက်၊ပိုးမွှားတွေရဲ့၊ အထူးသဖြင့်ခြင်တွေရဲ့ ပစ်မှတ်ထားခံရတာများပါတယ်။ အကောင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ၊ကလေးကိုအမြဲသတိထားစောင့်ကြည့်နေမှာလား။ ဒါတောင်မှခြင်ဆိုတာ အနားမှာအမြဲရှိနေတတ်ပါတယ်။ အကောင်ကိုက်ခံရရင်ဘယ်လိုလုပ်ရမလဲ၊ ဘာတွေသတိထားသင့်သလဲဆိုတာသေချာသိထားရင်တော့ အတတ်နိုင်ဆုံးကြိုတင်ကာကွယ်နိုင်မှာပါ။

ခြင်ကိုက်ခံရရင်

ခြင်ကိုက်ခံရတဲ့အခါခြင်ဖုတွေက နီရဲပြီးယားလာပါတယ်။ခြင်တွေက ငှက်ဖျား၊သွေးလွန်တုပ်ကွေးဦးနှောက်ရောင်ရောဂါyellow feverရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis )၊တို့လိုပြင်းထန်တဲ့ရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။

သန်းကိုက်ခံရရင်

ကြောင်သန်း၊ခွေးသန်းတွေကိုက်ခံရရင် ယားယံတဲ့အဖုလေးတွေ။ တခါတရံနာကျင်တဲ့အဖုတွေဖြစ်လာစေပါတယ်။ ဒီအဖုတွေက စုပြီးအပိန့်လိုထွက်လေ့ရှိပြီး နာရီအနည်းငယ်ကနေ တစ်ရက်လောက်အထိ မပျောက်ဘဲရှိနိုင်ပါတယ်။

ကြမ်းပိုးကိုက်ခံရရင်

ကြမ်းပိုးကိုက်ခံရတဲ့လက္ခဏာကခြင်ကိုက်ခံရတဲ့ဝေဒနာနဲ့ဆင်တူပါတယ်။ ကလေးမှာ နီရဲပြီးဖောင်းလာတဲ့ ယားယံတဲ့အဖုလေးတွေဖြစ်လာတတ်ပြီး အများစုက ဖုတွေကစီတန်းဖြစ်ပေါ်နေ ဒါမှမဟုတ် အစုလိုက်ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။

ပျားတုပ်ခံရရင်

ပျား၊ နကျယ်ကောင်နဲ့ အဆိပ်ပြင်းတဲ့fire ants ပုရွက်ဆိတ်တွေကိုက်ခံရရင် အကိုက်ခံရတဲ့နေရာမှာ နာကျင်၊ရောင်ရမ်းပြီး နီရဲလာပါတယ်။ ဒီလက္ခဏာတွေက နာရီအနည်းငယ်ကနေ တစ်ရက်အထိပဲကြာနိုင်ပါတယ်။ အဆိပ်ဆူးက အနာမှာရှိနေတုန်းပဲဆိုရင်တော့ လက်သည်းနဲ့ သို့မဟုတ် ဇာဂနာနဲ့အသာလေးဆွဲထုတ်ပါ။

ပျားတုပ်ခံရတဲ့နေရာများရင် ကလေးကဓါတ်မတည့်မှုမဖြစ်တတ်ရင်တောင်မှ အန္တရာယ်ရှိနိုင်ပါတယ်။ ဒဏ်ရာတွေဆီက ပျားဆိပ်ကြောင့် အော့အန်ခြင်း၊ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်း၊အဖျားတက်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ကလေးကိုပျားတုပ်ခံရတာများတယ်ဆိုရင် ဆရာဝန် ချက်ချင်းပြပါ။

ပျားတုပ်ခံရတာတစ်ချက်ပဲဖြစ်ပြီးပြင်းထန်တဲ့လက္ခဏာမတွေ့ရရင်တောင်မှ ကလေးကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။နောက်နှစ်ရက်ကြာတဲ့အထိ အနာက ဆက်ရောင်ရမ်းနေသေးတယ်ဆိုရင် ဒါမှမဟုတ် ပျားတုပ်ခံရတဲ့နေရာတွေကနေ တခြားအစိတ်အပိုင်းတွေအထိ ဆက်လက်ရောင်ရမ်းလာတယ်ဆိုရင် ဆရာဝန်ပြပါ။

မွှားကိုက်ခံရရင်

မွှားက အရေပြားပေါ်မှာရှိမနေတော့ဘူးဆိုရင် မွှားကိုက်ခံရတာမှန်းသိဖို့ခဲယဉ်းပါတယ်။ မွှားကိုက်ခံရတဲ့လက္ခဏာကတော့ အနီစက်၊အနီကွက်တွေဖြစ်လာတတ်ပါတယ်။

ပင့်ကူကိုက်ခံရရင်

ပင့်ကူကိုက်ခံရတဲ့အခါ လူ့အရေပြားကိုမပေါက်တာများပါတယ်။ ဒါ့ကြောင့် သိပ်မပြင်းထန်တဲ့လက္ခဏာတွေပဲဖြစ်တတ်ပါတယ်။ ဒါပေမယ့်black widow နဲ့ brown recluse အမျိုးအစား ပင့်ကူတွေကတော့ အဆိပ်ပြင်းတာကြောင့် လက္ခဏာပြင်းထန်ပြီး ချက်ချင်းဂရုစိုက် ကုသမှုခံယူဖို့လိုအပ်ပါတယ်။

ကလေးမှာ အကောင်ကိုက်ခံရတဲ့လက္ခဏာတွေဘယ်လိုသိနိုင်မလဲ

အင်းဆက်အကိုက်ခံရတဲ့ လက္ခဏာတွေဟာ သင့်ကလေးက အဲဒီအင်းဆက်နဲ့ဘယ်လောက်အတိုင်းအတာအထိဓါတ်မတည့်မှုရှိသလဲ ဆိုတဲ့အပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။

  • အကိုက်ခံရတဲ့နေရာမှာ ယားယံပြီးနာကျင်တဲ့အနာလေးဖြစ်ပြီးအရေပြားမှာသိသာမှုအနည်းငယ်ရှိလာခြင်း၊
  • တချို့ကလေးတွေမှာ အကောင်ကိုက်ခံရတဲ့ နီရဲရောင်ရမ်းမှုက ပိုသိသာပြီး အနာပိုကြီးတတ်ပါတယ်။
  • ကလေးငယ်(နှင့်လူကြီး) တချို့မှာanaphylaxisလို့ခေါ်တဲ့ပြင်းထန်တဲ့ဓါတ်မတည့်မှုရောဂါဖြစ်လာတတ်ပါတယ်။anaphylaxis ရဲ့လက္ခဏာတွေကတော့ အဖုအပိန့်ထွက်ခြင်း၊ယားယံခြင်း၊ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှုသံတရွှီရွှီမြည်ခြင်း၊အသက်ရှူရခက်ခြင်း၊ မျိုချရခက်ခြင်း၊ မွန်းကြပ်ခြင်း၊ သတိလစ်ခြင်းတို့ပါဝင်ပါတယ်။

ဘယ်လိုကုသစောင့်ရှောက်ပေးနိုင်မလဲ

  • ကလေးကို ထပ်ပြီးအကိုက်မခံရစေဖို့ စိတ်ချရတဲ့နေရာကိုရွှေ့ထားပါ။
  • ပျားတုပ်ခံရရင် အဆိပ်ဆူးကျန်နေသေးတဲ့အခါ ဇာဂနာနဲ့အသာအယာညှပ်ထုတ်ပေးပါ။
  • အကိုက်ခံရ၊ အတုပ်ခံရတဲ့နေရာကို ဆပ်ပြာနဲ့သေချာဆေးကြောပြီးဆေးထည့်ပါ။
  • နာကျင်မှုနဲ့ရောင်ရမ်းမှုလျော့ကျစေဖို့ အနာကိုရေခဲကပ်ပါ။ရေခဲကို အရေပြားပေါ်တိုက်ရိုက်ကပ်ပါ။ အနာနေရာကို မပွတ်ပါနဲ့၊ မနှိပ်ပါနဲ့။
  • အကိုက်ခံရတဲ့နေရာကိုဆေးကြောသန့်စင်ပေးပါ။
  • ယားယံမှုကိုလျော့ကျစေဖို့Calamine လိမ်းဆေးကိုလိမ်းပေးပါ။
  • လက် သို့မဟုတ်ခြေထောက်ကိုအကိုက်ခံရတာဆိုရင် ကလေးကို သိပ်တဲ့အခါ အောက်ပိုင်းမြှင့်ပေးပါ။
  • ကလေးက ယားလို့ ဆက်ပြီးကုတ်နေတုန်းပဲဆိုရင် စတ်းရွိုက်လိမ်းဆေးတွေလိမ်းနိုင်ပါတယ်။ ဒါပေမယ့်ဒီဆေးတွေဟာ ဆရာဝန်ဆေးညွှန်းနဲ့သာဝယ်ယူနိုင်တာဖြစ်ပါတယ်။
  • ကလေးက ပျားတုပ်ခံရတာဆိုရင် ဆူးကိုသေချာထုတ်ပါ။ အလွယ်ညှစ်မထုတ်သင့်သလို ဆိတ်ဆွတာတွေမလုပ်သင့်ပါဘူး။ အဆိပ်တွေကပိုပျံ့စေနိုင်ပါတယ်။

ကလေးက

  • နှုတ်ခမ်း၊ လျှာ၊ ပါးစပ် သို့မဟုတ် လည်ပင်းတို့မှာရောင်ရမ်းလာရင်
  • အသက်ရှူရခက်ခဲလာရင်၊
  • နာရီအတော်ကြာတဲ့အထိ ဝေဒနာမလျော့ဘဲ ကလေးကအရမ်းနာကျင်နေရတုန်းပဲဆိုရင်
  • ၂၄ နာရီအတွင်းရောင်ရမ်းမှုနဲ့ယားယံမှုက ပိုဆိုးလာရင်
  • ရောဂါပိုးဝင်လာရင်ဆေးကုသမှုချက်ချင်းခံယူပါ။

ကြိုတင်ကာကွယ်ဖို့ ဘာတွေလုပ်နိုင်သလဲ

ကလေးတစ်ယောက်ကို ဘာကောင်မှမကိုက်အောင် လုံးဝတားဆီးဖို့တော့မဖြစ်နိုင်သလောက်ရှိပါတယ်။ ဒါပေမယ့် သင့်ကလေး ပျားတုပ်ခံရ၊ အကောင်ကိုက်ခံရနိုင်ခြေလျော့နည်းအောင်တော့အောက်ပါအချက်တွေကို လိုက်နာလုပ်ဆောင်နိုင်ပါတယ်။

  • ကလေးကို နကျယ်အိမ်တွေ၊ ပျားအုံတွေ၊ အင်းဆက်တွေကိုဆွဲဆောင်နိုင်တဲ့စားစရာအကြွင်းအကျန်တွေရှိတဲ့အမှိုက်ပုံး စတဲ့နေရာတွေနဲ့ဝေးဝေးမှာထားပါ။ခြင်ပေါတဲ့ စိုစွတ်တဲ့နေရာတွေကိုရှောင်ပါ။
  • ကလေးငယ်ကိုမြက်ခင်းပေါ်ခြေဗလာနဲ့ပေးမဆင်းပါနဲ့။
  • ကလေးငယ်ကိုပေါ့ပါးတဲ့အဝတ်အစား၊နေကာဦးထုပ်လေး ဝတ်ဆင်ပေးပါ။
  • ပြတင်းပေါက်တွေ၊ တံခါးတွေကို စစ်ဆေးပါ။သေချာကြည့်ရှုပြီး အပေါက်တွေရှိမရှိစစ်ဆေး၊ ပုံမှန်ပြုပြင်ပါ။
  • အခန်းထဲမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် ကလေးကိုသိပ်တဲ့အခါခြင်ထောင်နဲ့သိပ်ပါ။
  • ကလေးရဲ့အသက်အရွယ်ကိုလိုက်ပြီးခြင်ဆေးလိမ်းဖို့ရွေးချယ်သုံးပါ။DEET လို့ခေါ်တဲ့ diethyltoluamide ပါဝင်တဲ့ခြင်ဆေးတွေက အထိရောက်ဆုံးဖြစ်ပြီးDEET ၁၀%အောက်ပါဝင်တဲ့ခြင်ဆေးတွေက အသက် ၆ လအထက်ကလေးတွေမှာ သုံးဖို့ဘေးကင်းတယ်လို့ယူဆကြပါတယ်။
  • ကလေးကိုခြင်ရှိနိုင်တဲ့နေရာတွေကို ခေါ်သွားတော့မယ်ဆိုရင် (ချည်သားဖြစ်ဖြစ်)အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်ဆင်ပေးပါ။
  • အိမ်မှာ၊ခြံဝင်းထဲမှာရှိနေတဲ့ရေဝပ်နိုင်တဲ့နေရာတွေ၊ အဖုံးမပါတဲ့ရေတွေကို ခြင်မပေါက်ဖွားစေဖို့ရှင်းလင်း၊ ဖုံးအုပ်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

ဖေဖေ မေမေ ကလေးကျန်းမာရေး မိသားစု ချစ်ခင်ရင်းနှီးမှု ချစ်ခြင်းမေတ္တာ ကလေးအာဟာရ တာဝန်ဝတ္တရား မိဘ မိဘတာဝန် ကလေးပြုစုစောင့်ရှောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကလေးလေး ကလေးငယ် ကလေးကျန်းမာရေး နာမကျန်း ဖျားနာ အအေးမိ လက္ခဏာ မိဘများအတွက်လမ်းညွှန် အဖျားကျ မြန်မြန်သက်သာရေး ရာသီတုပ်ကွေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Scrub အလုပ်လွန်လို့ ထိခိုက်သွားတဲ့ အသားအရေ ဘယ်လိုကုစားမလဲ

အသားအရေ Scrub Exfoliate ဆဲလ်သေဖယ်ရှား ချွေးပေါက်ကျယ် ဝက်ခြံ နေလောင်ဒဏ် ပြန်လည်ကုသမှု အသားအရေထိခိုက်မှု အလှအပ အရေပြားကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Exfoliate လုပ်တာများလို့ အသားအရေထိခိုက်လာတဲ့ လက္ခဏာ (၆) မျိုး

exfoliate Toner Moisturizer ဆဲလ်သေဖယ်ရှား အသားအရေ ထိန်းသိမ်းမှု အစိုဓာတ်ထိန်း အရေပြားကျန်းမာရေး ဝက်ခြံ အသားခြောက်ခြင်း အဆီပြန်ခြင်း ယားယံခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 2 mins read
၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 2 mins read
ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read