ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ကလေးအသားအရေ က နူးညံ့ချောမွေ့ပြီး ထိတွေ့မိတဲ့အခါ စိတ်ကြည်နူးစရာကောင်းပါတယ်။ ဒီလို နူးညံ့ချောမွေ့တဲ့ အသားအရေလေးတွေကို အသက်ကြီးသွားတဲ့အထိ ရှိသွားစေချင်တယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက စတင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ထိခိုက်ပျက်စီးမှုနဲ့ ကြမ်းတမ်းလာတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒါတွေကိုကာကွယ်ပြီး မိမိရင်သွေးငယ်လေးရဲ့ အသားအရေ အမြဲနူးညံ့ချောမွေ့နေစေချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ရင်သွေးလေးတွေရဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။ ကလေးအသားအရေ အမျိုးအစား ဘယ်နှမျိုးရှိသလဲ။ ကလေးငယ်လေးတွေရဲ့ အသားအရေကို (၄) မျိုးခွဲထားပါတယ်။ ပုံမှန်အသားအရေ -ချောမွေ့ပြီး အစက်အပြောက်နဲ့ အဖုအပိမ့်တွေကင်းစင်တဲ့အသားအရေမျိုးပါ။ ခြောက်သွေ့တဲ့ အသားအရေ -နည်းနည်းကြမ်းပြီး တစ်နှစ်ပတ်လုံး အရေပြားအဖတ်လေးတွေ လန်နေတတ်ပါတယ်။ ခြောက်သွေ့နေတတ်ပါတယ်။ တုံ့ပြန်လွယ်တဲ့ အသားအရေ - ကလေးတိုင်းရဲ့ အသားအရေက ထိခိုက်တုံ့ပြန်လွယ်ကြပါတယ်။ ဒါပေမယ့် တုံ့ပြန်လွယ်တဲ့ ကလေးတွေရဲ့ အသားအရေက အခြားကလေးတွေထက်ပိုပြီး ထိခိုက်လွယ်နေတတ်ပါတယ်။ ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ

ကလေးဆံသား နဲ့ ဦးရေပြားဟာ လူကြီးဆံပင်ထက် နုနယ်လို့ ပိုဂရုစိုက်ပေးသင့်ပါတယ်။ ကလေးလေးတွေအတွက် ဆံသားဂရုစိုက်စောင့်ရှောက်မှုတွေ လိုအပ်သလောက် မလုပ်ပေးတာတွေကြောင့်လည်း ဆံပင်ပြဿနာတွေ ဖြစ်လာစေတတ်ပါတယ်။ ကလေးတွေမှာ မွေးဆံပင်လေးတွေ ပါလာတတ်ပေမယ့် အများစုက ရက်သားကနေ လသားအရွယ်အတွင်းမှာ ရိတ်ပစ်ကြတာများပါတယ်။ ကလေးလေးတွေရဲ့ဆံသားက ကောက်ကွေးကွေးလေးတွေ ၊ အဖြောင့်လေးတွေ၊ ဆံပင်ထူတာ၊ ဆံပင်ပါးတာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ဘယ်လိုဆံသားမျိုးပဲဖြစ်နေပါစေ။ ကလေးဆံသားက နုနယ်လွန်းတာကြောင့် လူကြီးတွေထက် ထိခိုက်လွယ်၊ ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် ဆံသားခြောက်သွေ့မှု၊ ပျက်စီးမှုမဖြစ်အောင် ဂရုစိုက်ပေးနိုင်မယ့် အချက်လေးတွေ သိထားသင့်ပါတယ်။ ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ မလိုအပ်ဘဲ ခဏခဏ ခေါင်းမလျှာ်ပေးပါနဲ့ ၆လအောက် ကလေးငယ်တွေရဲ့ ဦးရေပြားမှာ အဆီနည်းတာကြောင့် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး ခေါင်းလျှော်ပေးဖို့ မလိုပါဘူး။ ကလေးငယ်လေးအတွက် ခဏခဏခေါင်းလျှော်တာ အအေးမိနိုင်ခြေလည်း ပိုများတာကြောင့် ဂရုစိုက်ပေးပါ။ နောက်တစ်ချက်က ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေရင် လုပ်ဆောင်ရမယ့် (၇) ချက်

သန်းဆိုတာ ဆံပင်ကြားထဲမှာနေထိုင်ပြီး ဦးရေပြားကနေ သွေးစုပ်ရှင်သန်တဲ့ ကပ်ပါးပိုး အသေးစားလေးတွေပါ။ သန်းတွယ်တာက အရမ်းကိုအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုဆိုးပါတယ်။ သန်းတွေက ကူးစက်ပြန့်ပွားလွယ်လို့ စိတ်ရှုပ်စရာလည်းကောင်းပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် တာက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် အန္တရာယ်တော့မပေးပါဘူး။ သန်းကိုက်ရင် ကလေးရဲ့ဦးရေပြားမှာ ယားယံပြီး ကျိန်းစပ်စပ်ဖြစ်တာကလွဲလို့ ရောဂါပိုးတော့ မကူးစက်စေပါဘူး။ ဒါပေမယ့် သန်းကိုက်လို့ ဦးရေပြားကို ကုတ်လွန်းရင် ကုတ်ခြစ်ရာတွေကနေ ပိုးဝင်နိုင်တာ သတိထားရပါမယ်။ လူတစ်ယောက်နဲ့တစ်ယောက် သန်းကူးစက်ဖို့ကအရမ်းလွယ်တာကြောင့် ကလေးကို မကူးစက်ရအောင် တစ်ယောက်ယောက်ခေါင်းမှာ သန်းတွေ့တာနဲ့ အမြန်ဆုံးကုသဖယ်ရှားတာ အကောင်းဆုံးပါပဲ။ ကလေးရဲ့ခေါင်းမှာ သန်းရှိမရှိ ဘယ်လိုသိမလဲ သန်းတွေက သေးငယ်တဲ့အပြင် ဆံပင်တွေကြားမှာ ပြေးတတ်၊ ပုန်းအောင်းတတ်လို့ ရှာရခက်တယ်ဆိုပေမယ့် သန်းရှိမရှိကို သိသာစေမယ့် လက္ခဏာတွေရှိပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေကြောင်းသိနိုင်တဲ့ လက္ခဏာရပ်များ သန်းဥ သူတို့က အတော် သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါသေးတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် သူ့အတွက် ဂရုစိုက်စောင့်ရှောက်ရမယ့် တာဝန်တွေက အများသားရယ်။ သားဦး၊ သမီးဦးဖြစ်နေရင် ပိုဆိုးပါလေရော။ အမေရော၊ အဖေရောက အသစ်စက်စက်မိဘတွေ ဖြစ်နေတော့ ကလေးလေးအတွက် သတိပြုမိရမယ့်အချက်တွေကို လစ်ဟင်းတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးယူမယ်လို့ ဆုံးဖြတ်ကတည်းက ကိုယ့်မိဘတွေဆီကမေးတာပဲဖြစ်ဖြစ် စာအုပ်တွေဖတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုးတက်နေတဲ့ခေတ်မှာ လူမှုကွန်ရက်ကနေပဲဖြစ်ဖြစ် ကလေးပြုစုစောင့်ရှောက်ရေးအတွက် လေ့လာသင့်တာ လေ့လာထားသင့်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက် အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေထဲ သေးခံလောင်တာကလည်း အဖြစ်များဆုံးပါဝင်နေပါတယ်။ ဖေဖေရော မေမေရော အလုပ်အရမ်းရှုပ်ကြတော့ အခုခေတ်မှာ ကလေးသေးခံ (Diaper) ကို မသုံးမဖြစ် သုံးကြရပါတယ်။ ဒီလိုသုံးတဲ့အခါ ကလေးမှာ သေးခံလောင်တာက ကြုံတွေ့ရပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင် သနားစရာကောင်းပါတယ်။ ကိုယ့်ရင်နှစ်သည်းချာလေးရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ

ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ  မိဘတိုင်းက သူတို့ရဲ့ရင်သွေးငယ်တွေကို အကောင်းဆုံးပုံစံနဲ့ ဘဝခရီးကိုစတင်စေချင်ကြပါတယ်။ ကလေးကိုငယ်ရွယ်စဉ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးတာကလည်း ကလေးငယ်ရဲ့ ဘဝကိုထုဆစ်ပေးရာမှာ အရေးကြီးဆုံးသောအထောက်အပံ့ဖြစ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ကောင်းမွန်စေဖို့အတွက်က အထူးတလည်ကြီးလုပ်ဆောင်ပေးစရာမလိုဘဲနေ့စဉ်လုပ်ဆောင်ပေးတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ပေးရင်းနဲ့ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်စွမ်းကိုမြှင့်တက်အောင် အထောက်အကူပေးပါလိမ့်မယ်။ ကလေးလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကမွေးကင်းစအရွယ်ကတည်းက စတင်ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်မှုကိုတိုးတက်စေနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ရေချိုးချိန် -ရေချိုးချိန်မှာ ကလေးငယ်အတွက် သင်္ချာ နဲ့သိပ္ပံကို သင်ယူချိန်ပါပဲ။ ကလေးလေးတွေက ခွက်တစ်ခွက်ကနေ တစ်ခွက်ဆီကိုရေတွေလောင်းထည့်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုလောင်းထည့်တာကနေ ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာလဲဆိုတာကို သင်ယူခွင့်ရစေနိုင်သလို ကမ္ဘာမြေဆွဲအား၊ရေထုထည်တွေနဲ့ပတ်သက်ပြီးလည်းလေ့လာခွင့်ရစေပါလိမ့်မယ်။ ဒါတွေက ကလေးငယ်အနေနဲ့ရရှိနိုင်မယ့် အစောပိုင်း သချာၤစွမ်းရည်ပါပဲ။ ကလေးကိုရေချိုးပေးရင်း ဆပ်ပြာတိုက်တဲ့အခါ ကလေးသီချင်းလေးတွေဆိုပေးပါ။ ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေပါလိမ့်မယ်။ရေသုတ်ပေးတဲ့အဝတ်ကို သုံးပြီး ကလေးနဲ့ တူဝါးကစားပေးပါ။ […]


ကလေးငယ်ပထမနှစ်

သွားပေါက်ခြင်း

ကလေးငယ်လေးတွေမှာ ပထမဆုံးသော ငယ်သွားလေး စပေါက်ခြင်းဖြစ်တယ်။ များသောအားဖြင့် အစုံလိုက်ပေါက်လေ့ရှိပါတယ်။ အသက် ၆ လနဲ့ ၈လကြားမှာ စတင်ပေါက်လေ့ရှိပြီး သွားအချောင်း ၂၀ လုံးအပြည့်အဝပေါက်ဖို့ကတော့ နှစ်ချီပြီးကြာနိုင်ပါတယ်။ သွားပေါက်တဲ့အခါ သွားဖုံးတွေကနေ ထွက်လာတာမှန်ပေမယ့် တကယ်တော့ သွားဖုံးသားကိုဖြတ်ပြီးတိုးထွက်လာတာမဟုတ်ပါဘူး၊ သွားပေါက်ချိန်ရောက်တဲ့အခါ ဟော်မုန်းများထွက်လာပြီး ထိုဟော်မုန်းတွေက သွားထွက်လာရမယ့်နေရာမှ ဆဲလ်များကိုသေစေကာ သွားထွက်လာဖို့နေရာချဲပေးခြင်းဖြစ်တယ်။ သွားပေါက်ခြင်းဟာ ကလေးငယ်တွေရဲ့ သဘာဝကြီးထွား ဖွံ့ဖြိုးခြင်းတစ်ခုပါ။ ထွက်စမှာ နာကျင်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတွေကြောင့် မိဘတွေအတွက် စိတ်ပူစရာကိစ္စဖြစ်လာပါတယ်။ သွားပေါက်ချိန်ကြုံရမယ့် ဒီလက္ခဏာတွေဟာ အလျင်အမြန်ဘဲပျောက်သွားမှာဖြစ်ပြီး ကလေးငယ်ခံတွင်းသန့်ရှင်းအောင် သင့်ရဲ့အားထုတ်မှုကျေးဇူးကြောင့် မကြာခင်သင့်ရင်သွေးလေးမှာ ကျန်းမာတဲ့သွားအစုံရလာတော့မယ်ဆိုတာကို မမေ့ပါနဲ့။ ထူးခြားတဲ့လက္ခဏာတွေ၊ စိတ်ပူစရာတွေ၊ ရက်ကြာအောင်နေလို့ထိုင်လို့မကောင်းဖြစ်နေမယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့တိုင်ပင်ကြည့်လို့ရပါတယ်။ လက္ခဏာများ ကလေးငယ်တစ်ယောက်ချင်းစီမှာ သွားပေါက်ချိန်ကြုံရတတ်တဲ့ မတူညီတဲ့လက္ခဏာကိုယ်စီရှိတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ စိတ်ကသိကအောက်ဖြစ်ရခြင်းနဲ့ အစားအသောက်ပျက်ခြင်းတို့ပဲဖြစ်တယ်။ တခြားလက္ခဏာတွေလည်းဖြစ်တတ်ပါသေးတယ် ဥပမာ- သွားရည်ကျခြင်း အမာစာများ ဝါးရခက်ခြင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေရဲ့သင်ယူလေ့လာမှုပိုမြန်ဆန်စေဖို့ ဘာတွေလုပ်ပေးမလဲ

ကလေးတွေအတွက် ရိုးရှင်းပြီးပျော်စရာကောင်းတဲ့ နည်းတွေနဲ့ကစားရင်းသင်ပေးတာက သူတို့ရဲ့ လေ့လာသင်ယူနိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။ ကျန်းမာပြီးပျော်ရွှင်တဲ့ကလေးတွေအဖြစ်တင်မကဘဲ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေဖြစ်လာဖို့လည်း မိဘတွေက လိုလားကြပါတယ်။ ဒီတော့ ကလေးတွေကို အကောင်းမြင်စိတ်နဲ့ပဲ ဆက်ဆံပြီး စကားတတ်မြောက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အိုင်ကျူစွမ်းရည်တိုးတက်စေဖို့ နေ့စဉ်လုပ်ဆောင်နေကျကိစ္စတွေမှာပဲ ကူညီသင်ပြ ပေးနိုင်ပါတယ်။ ကိုယ်က အသံ၊အနံ့၊ အထိအတွေ့၊ အရသာတွေသင်ပြပေးချိန်မှာ ကလေးကပျော်ပျော်ရွှင်ရွှင် လေ့လာနေဖို့ ၊ပတ်ဝန်းကျင်မှာရှိသမျှတွေကို စိတ်ဝင်တစားရှိနေဖို့ က အဓိကသော့ချက်ပါ။   ကလေးကိုစကားပြောပေးပါ ကိုယ့်ရဲ့တစ်နေ့တာအကြောင်း ကလေးကိုပြန်ပြောပြတာက ကလေးမှာ သူမြင်နေရတာတွေနဲ့ တွဲဖက်နားလည်နိုင်စွမ်းတိုးတက်စေပါတယ်။ စကားကိုဖြည်းဖြည်းနဲ့ ကလေးမြူသလိုပုံစံနဲ့ ပြောပေးတာက ကလေးရဲ့လေ့လာနိုင်စွမ်းကိုတိုးတက်စေတယ်လို့ သုတေသနကဖော်ပြပါတယ်။   ကလေးကိုယ်တိုင်ပါဝင်ခံစားစေပါ လမ်းလျှောက်ထွက်ရင်း ခွေးသံကြားတဲ့အခါ “ဘာသံလဲ”လို့ကလေးကိုမေးပြီး ဒါဟာခွေးဟောင်သံ(ဝုတ်ဝုတ်) ဖြစ်တဲ့အကြောင်း ကိုယ်ကပြန်ဖြေပြပေးပါ။ နောက်ကြုံတိုင်း ပြောတဲ့အခါ ကလေးက မှတ်မိပြီး ဝုဝုလို့ ကိုယ်တိုင်ဖြေနိုင်လာပါလိမ့်မယ်။ နောက်ဆုံးမှာ ခွေး ဆိုတဲ့ဝေါဟာရကို ကိုယ်တိုင်သိသွားစေမှာပါ။ အပြင်ထွက်တဲ့အချိန်မိုးဖွဲကျလာတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ

ကလေးငယ်လေးများရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက သူတို့လေးတွေရဲ့ အနာဂတ်အသိဉာဏ်စွမ်းရည်တွေတိုးတက်ဖို့ အတွက် လမ်းဖွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု တွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဘဝသက်တမ်း ပထမ ၅နှစ်တာကာလအတွင်းမှာ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ၉၀ ရာခိုင်နှုန်း ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေထဲက ၅၁ ရာခိုင်နှုန်းလောက်ကတော့ ပတ်ဝန်းကျင် အနေအထားအချင်းအရာတွေကြောင့်ဖြစ်ပေါ်လာတာလို့ယူဆရပါတယ်။ ကလေးငယ်ကို အချိန်တိုင်းမှာ ဖြစ်ပျက်တွေ့ကြုံနေရသမျှ အကြောင်းအရာအလုံးစုံကိုပြောပြပေးခြင်းဖြင့် သူတို့လေး တွေရဲ့ဘာသာစကားပြောဆိုနိုင်မှုစွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေ အနေနဲ့ ဘာသာစကားပြောစွမ်းရည်မြင့်မားတဲ့ မိသားစုမှာကြီးပြင်းလာရတဲ့ကလေးငယ် တွေက စကားပြောစွမ်းရည်နိမ့်ပါးတဲ့မိသားစုမှာမွေးဖွားကြီးပြင်းလာရတဲ့ ကလေးငယ်တွေထက် အသိဉာဏ် စွမ်းရည် ၃၈ ဆလောက်ပိုမိုမြင့်မားနေတာကိုတွေ့ရှိရပါတယ်။ အယူအဆနဲ့သဘောတရားပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြပေးခြင်းဖြင့် ကလေးငယ်တွေကို မူလတန်းကြိုအရွယ်မှာ သိရှိရမယ့် အရောင်တွေ၊ပုံစံတွေ၊ရာသီဥတုတွေ၊သစ်သီး၊ ခြံမွေးတိရစ္ဆာန်တွေနဲ့ အခြားအခြေခံကျတဲ့ အကြောင်း ချင်းရာတွေကို သိရှိနားလည်စေနိုင်မှာဖြစ်ပါတယ်.။ ကလေးငယ်ကို စာအုပ်တစ်အုပ်ဖတ်ပြပြီး စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို သူ့ရဲ့စကားလုံးတွေ နဲ့ပြန်ပြောပြစေတဲ့နည်းလမ်းနဲ့ကလေးငယ်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သစ်သီကွင်းတွေကိုအသုံးပြုပြီးပဲဖြစ်ဖြစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့ အရေပြားကို အာဟာရဓာတ် ပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့မော်လီကျူးလေးတွေက အရေပြားကနေ အဆီကို အလွယ်တကူစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲလ်အတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှူးတွေအထိ ရောက်ရှိစေပါတယ်။ ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ က ဒါတင် မကသေးပါဘူး။ ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ကလေးဦးရေပြား ခြောက်သွေ့ပြီး အရေခွံကွာတာ (Cradle Cap)  ကလေးဦးရေပြား ခြောက်သွေ့တာမျိုးဖြစ်နေရင် အုန်းဆီ လူးပေးလို့ရပါတယ်။ ဦးရေပြား ခြောက်သွေ့ပြီး အဖက်လန်တာ ဖြစ်နေရင် ကလေးခေါင်းကို အုန်းဆီရွဲနေအောင် လူးပြီး မိနစ် ၂၀ ဒါမှမဟုတ် တစ်ညသိပ်ထားပါ။ နောက်ရက်မှာ ဘီးအပျော့လေးနဲ့ ဖြီးချလိုက်ရင် အဖက်လေးတွေ ပါလာပါလိ့မ်မယ်။ ပြီးမှ ခေါင်းလျှော်ပေးပါ။ နှင်းခူနာ (eczema) နှင်းခူနာဖြစ်တဲ့အခါ ကလေးအရေပြားက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို နှိပ်နယ်ပေးခြင်းရဲ့အကျိုးကျေးဇူများ

ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးတွေကို အနားရစေပြီး ပိုမိုအိပ်ပျော်စေနိုင်တဲ့အပြင် အငိုလည်း နည်းစေနိုင်ပါတယ်၊ လို့The Cochrane Library ကလေ့လာမှုတစ်ရပ်အရသိရပါတယ်။ မွေးကင်းစကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက မိခင် နဲ့ ကလေးတို့ကြားက အပြန်အလှန်နားလည်မှုရရှိစနိုင်မှာဖြစ်တဲ့အပြင် ကလေးရဲ့အိပ်စက်မှုပိုင်းမှာလည်း အထောက်အကူပြုပြီး ကလေးငိုတာကိုလည်း သက်သာစေတဲ့အပြင် ကလေးတွေကိုနှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဥပမာပြောပြရရင် ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းကြောင့် ကလေးငယ်တွေမှာ ဆီးခဏခဏသါားတာမျိုးကိုသက်သာလျော့ပါးစေပါတယ်။ လေ့လာမှုတွေအတွင်း ကလေးကိုအချိန်ဘယ်လောက်ကြာအောင်နှိပ်ပေးတာ နဲ့ ဘယ်လ်ုနှိပ်ပေးတာကကောင်းလဲဆိုတာတွေကိုလေ့လာခဲ့ပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးငယ်ရဲ့ကြီးထွားမှုကိုထိခိုက်မှုမရှိစေသလို အန္တရာယ်ရှိစေတာမျိုးလည်းမရှိပါဘူး၊ လို့သိရှိရပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာနဲ့ပတ်သက်ပြီးနောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ကြည့်ဖိုတော့လိုအပ်ဦးမှာဖြစ်ပါတယ်။ မိမိရဲ့ ကလေးငယ်ကိုနှိပ်နယ်ပေးချင်တယ်ဆိုရင်တော့ အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးငယ်လေးတွေကို ဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက အရမ်းကိုအရေးကြီးပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတဲ့နေရာမှာ အရေးကြီးဆုံးအချက်တစ်ခုက မှန်ကန်တဲ့ဆီရွေးချယ်မှုပဲဖြစ်ပါတယ်။ ညင်ညင်သာသာနှိပ်နယ်ပေးတာက ကလးငယ်ကိုစိတ်ခံစားမှုကောင်းမွန်စေပြီး ကလေးငယ်ရဲ့အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓါတ်ကိုပြည့်ဝစေပါတယ်။ ကလေးငယ်ရဲ့အရေပြားမှာလိုအပ်တဲ့ အာဟာရဓါတ်ပြည့်ဝစေဖို့အတွက်ကရွေးချယ်တဲ့ အဆီအပေးမှာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း