ကလေးအရေပြားကို ဘယ်အချိန်မှာ စစ်ဆေးဖို့အကောင်းဆုံးဖြစ်မလဲ
ကလေးအရေပြားမှာ ပြဿနာတစ်ခုခုရှိနေလားဆိုတာကို အတည်ပြုနိုင်မယ့် အကောင်းဆုံးအချိန်က ရေချိုးတဲ့အချိန်ပါ။ ရေချိုးပေးတဲ့အချိန်က ကလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားကို ထိတွေ့ရတာကြောင့်လည် းဖြစ်ပါတယ်။ ရေချိုးပေးချိန်မှာ မိဘတွေအနေနဲ့ ကလေးအရေပြားကို သေသေချာချာစစ်ဆေးကြည့်ဖို့လည်းလိုပါလိမ့်မယ်။
ကလေးရေချိုးတဲ့အခါ သူတို့လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာနဲ့ ချိုးပေးပါ။ ရေချိုးပေးနေချိန်မှာလည်း ကလေးကို သက်သောင့်သက်သာဖြစ်စေဖို့အတွက် နှိပ်နယ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ ရေသုတ်မယ်ဆိုရင်တော့ တဘက်နုနုလေးနဲ့ ဖြည်းဖြည်းချင်းသုတ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ပြီးရင် အစိုဓာတ်ထိန်းပေးမယ့် ခရင်မ်တစ်မျိုးမျိုးလူးပေးလို့ရပါပြီ။ ဒီလိုလေးလူးပေးတာက ကလေးအသားအရေကို ထိန်းသိမ်းပေးရာရောက်ပါတယ်။
ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာအချို့
ကလေးလေးတွေရဲ့ အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့် မိဘတွေအနေနဲ့ ကလေးအရေပြားကို ဘယ်လိုထိန်းသိမ်းပေးရမလဲ ဆိုတာနဲ့ ဘယ်လိုလက္ခဏာတွေက ဘာအရေပြားပြဿနာလဲဆိုတာကို သိထားဖို့တော့လိုအပ်မှာပါ။ ဒါကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့်သိထားနိုင်အောင် ကလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
- ကလေးဝက်ခြံ (Baby acne) – အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ အရေပြားပေါ်မှာ ပန်းရောင်အစက်လေးတွေထွက်တာပါ။ မျက်နှာပေါ်မှာအဖြစ်များပါတယ်။ မိခင်ရဲ့ဟော်မုန်းကြောင့်ဖြစ်ရတာဖြစ်ပြီး သူ့ဘာသာသက်သာသွားတတ်ပါတယ်။
- အရေပြား ပွန်းရှခြင်း – အဝတ်အစားကြောင့် ထိခိုက်ပွန်းရှတာမျိုးဖြစ်တတ်ပါတယ်။ အဝတ်စက ကြမ်းနေတာမျိုးကြောင့်ဖြစ်နိုင်သလို အဝတ်အရမ်းကျပ်ကျပ်ဝတ်ပေးထားမိလို့လည်းဖြစ်နိုင်ပါတယ်။ ကလေးကို အင်္ကျီအဝတ်အစား ချောင်ချောင်ချိချိဝတ်ပေးတာ၊ ကလေးပေါင်ဒါလူးပေးတာမျိုးတွေလုပ်ပေးပြီး ဒီပြဿနာကို ရှောင်ရှားလို့ရပါတယ်။
- မိတ်ထွက်တာ (Heatrash) – ကလေးကိုယ်ပေါ်မှာ အနီရောင်အပိမ့်သေးသေးလေးတွေ ထွက်တာပါ။ စိုထိုင်းစနဲ့ အပူရှိန်ကြောင့်ဖြစ်တာပါ။ မိတ်ထွက်နေရင် ကလေးကို အဝတ်အစားချောင်ချောင်ချိချိဝတ်ပေးပြီး အရမ်းပူတဲ့နေရာမျိုးမှာ မထားပါနဲ့။
- နှင်းခူ (Eczema) – အရေပြား နီရဲယားယံပြီး အဖတ်လေးတွေလန်နေတာမျိုးတွေ့ရတတ်ပါတယ်။ အရေပြားကို သန့်သန့်ရှင်းရှင်းခြောက်ခြောက်သွေ့သွေ့ထားဖို့လိုပါမယ်။ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။
- ကလေးဦးရေပြား အဆီထွက်များ အရေခွံကွာသည့် ပြဿနာ (Cradle Cap) – ကလေးဦးရေပြားအပေါ်ယံလွှာ ကွာတာမျိုးပါ။ ဂလင်းတွေ က overactive ဖြစ်လွန်းတာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတစ်မျိုးပါ။ ကလေးဦးရေပြားအပေါ်ယံလွှာ နူးညံ့သွားစေဖို့အတွက် ဆီလူးပေးပါ။ပြီးရင်တော့ ကလေးခေါင်းလျှော်ရည်သုံးပြီးခေါင်းလျှော်ပေးလိုက်ပါ။ ခေါင်းကို ဘီးနဲ့ဖြည်းဖြည်းချင်းဖြီးပေးပြီး ကွာနေတဲ့အရေခွံတွေကို ဖယ်ရှားပေးပါ။ မခွာလည်း အချိန်တန်ရင် သူ့အလိုလို ကွာသွားပါတယ်။
- သေးခံလောင်ခြင်း (Diaper rash) – ညစ်ပေနေတဲ့ သေးခံကို အချိန်အကြာကြီး ဝတ်မိထားတာကြောင့် ဖြစ်ရတာပါ။ သေးခံစိုနေတာတွေ့တာနဲ့ ချက်ချင်းလဲပေးပါ။သေးခံအသစ်မလဲခင်မှာ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီး Diaper cream လူးပေးတာက သေးခံလောင်တာကို သိသိသာသာသက်သာစေပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။