ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် မိဘတွေရဲ့ တာဝန်ဝတ္တရားတွေက စတင်လာပြီဖြစ်ပါတယ်။ ကလေးရဲ့ ဝေယျာဝစ္စတွေကို အသေးစိတ်ဂရုစိုက်လုပ်ဆောင်ပေးဖို့လည်း  အရေးကြီးပါတယ်။ နုနယ်လှတဲ့ ကိုယ့်ရင်သွေးလေးကို အိမ်ကိုခေါ်လာမယ့်အချိန်အတွက် အရင်တည်းကကြိုတင်ပြင်ဆင်ထားကြရတာ ဖြစ်ပေမယ့် အိမ်ကို ပြန်ရောက်လာပြီဆိုတာနဲ့ ကလေးလေးချီပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးကလေး မွေးဖွားတဲ့မိဘတွေဆို အတွေ့အကြုံမရှိတာကြောင့် မွေးပြီးနောက်ပိုင်း ဒီလိုအခက်မကြုံရအောင် မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း ကို ကြိုတင်လေ့လာထားသင့်ပါတယ်။ အသစ်စက်စက် မိခင် ဖခင်တွေအနေနဲ့ ကလေးငယ်လေးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့အချိန် စနစ်တကျနဲ့ နည်းလမ်းမှန်မှန်လုပ်ဆောင်နိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။ မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း ကလေးကို ချီတဲ့အခါ ကလေးသိပ်မချီဖူးတဲ့သူတွေ၊ ကလေးတွေနဲ့ အနေမနီးသူတွေ မိဘဖြစ်လာတဲ့အခါ ကလေးချီရင် မတော်တဆလွတ်ကျမှာကို စိုးရိမ်စရာရှိနိုင်ပါတယ်။ သတိထားသင့်တဲ့ အခြေခံတချို့ကတော့ - ကလေးမချီခင် လက်ကို သေချာဆေးကြောပါ ( သို့မဟုတ် လက်သန့်ဆေးရည်သုံးပါ)။ မွေးကင်းစအရွယ်လေးတွေဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကိုရေချိုးပေးတဲ့အခါ ဘာကြောင့်ဆပ်ပြာမပါတဲ့ပစ္စည်းတွေကို ရွေးချယ်ဖို့လိုတာလဲ

ယနေ့ခေတ်မှာ ကလေးငယ်တွေကိုပါမကျန် အသားအရေထိန်းသိမ်းပေးနေကြပြီဖြစ်သလိုဈေးကွက်ထဲမှာလည်း ကလေးအသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေအများအပြားရှိနေတာကြောင့်ဖေဖေမေမေအသစ်စက်စက်လေးတွေအတွက်ရွေးရခက်လွန်းပါတယ်။ ကလေးငယ်ကိုရေချိုးပေးဖို့အတွက်ရွေးခယ်တဲ့အခါမှာလည်း မှားယွင်းရွေးချယ်မိမယ်ဆိုရင် ကလေးငယ်မှာ အရေပြားပြဿနာအမျိုးမျိုးကိုခံစားရနိုင်ပါတယ်။ ကလးငယ်လေးတွေရဲ့ အရေပြားက နူးညံ့ပြီး တုံ့ပြန်လွယ်လွန်းတာကြောင့် ပုံမှန်သုံးနေကျဆပ်ပြာတွေက ကလေးတွေရဲ့အရေပြာအတွက် အရမ်းပြင်းနေမှာဖြစ်သလို အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် အဖြေကတော့ ကလေးငယ်တွေအတွက်သီးသန့်ထုတ်ထားတဲ့Cleansersတွေကို အသုံးပြုပေးတာပါပဲ။ ဆပ်ပြာက ကလေးငယ်တွေအတွက်ဘေးကင်းရဲ့လား ပုံမှန်အားဖြင့်တော့ ကလေးငယ်တွေရဲ့ အသားအရေက လူကြီးတွေလောက်မညစ်ပတ်ကြပါဘူး။ ဒါကြောင့်ကလေးတွေကိုရေချိုးသန့်စင်ပေးတဲ့အခါ ဆပ်ပြာသုံးဖို့မလိုပါဘူး။ ကလးဆရာဝန်တွေကတော့ ကလေးတွေကိုရေချိုးပေးတဲ့အခါ ဆပ်ပြာမသုံးကြဖို့ အကြံပြုထားပါတယ်။ ကလေးအရေပြားကို ဆပ်ပြာနဲ့ပွတ်တိုက်တာက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားစေနိုင်ပြီး အသားအရေကိခြောက်သွေ့စေနိုင်တာကြောင့်ပါ။ ဒါ့အပြင် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေကို အလွန်အကျွံအသုံးပြုမယ်ဆိုရင်လည်း ကလေးငယ်တွေမှာ နှင်းခူ (eczema)ဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အမေတွေက ကလေးငယ်ကိုဆပ်ပြာမပါဘဲ ဘယ်လိုသန့်စင်ပေးမလဲဆိုတဲ့အချက်ကမေးစရာဖြစ်လာပါပြီ။ရေစေးကိုသာသုံးရတဲ့မိသားစုတွေအတွက် ဒီမေးခွန်းကတော်တော်လေးအရေးကြီးပါတယ်။ တကယ်လို့များ ကလေးငယ်က ရွှံ့တွေဗွက်တွေပေကျံနေမယ်၊ ဆီတွေပေကျံနေမယ်ဆိုရင်ရော ဘယ်လိုများသန့်ရှင်းပေးရမလဲ။ ဒီလိုအနေအထားမျိးမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ

အရေပြားခြောက်သွေ့မှုက အသက်အရွယ်မရွေးကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ နူးညံ့ပြီး တုံ့ပြန်လွယ်သလို ခံနိုင်ရည်နည်းတဲ့ ကလေးငယ်လေးတွေမှာ အရေပြားခြောက်သွေ့တာက ပိုဆိုးပါတယ်။ ကလေးအရေပြားခြောက်သွေ့တဲ့အခါ အရေပြားမှာ နီရဲတာ၊ ခပ်တင်းတင်းကြီးဖြစ်နေတာ၊ ယားယံတာ၊ အရေပြားအဖတ် လန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အရေပြားခြောက်သွေ့တဲ့ ပြဿနာက ကလေးတွေကို  အနေရခက်စေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိရင်သွေးလေးတွေရဲ့ အရေပြားကို မခြောက်သွေ့အောင်  ကာကွယ်ပေးသင့်ပါတယ်။ ရင်သွေးလေးရဲ့ အရေပြားကို ဘာတွေက ခြောက်သွေ့စေနိုင်လဲ ဆောင်းရာသီမှာ ပြင်ပက အေးမြခြောက်သွေ့တဲ့လေနဲ့ အိမ်တွင်းက အပူပေးထားတဲ့ လေထုတွေက အသားအရေကို ခြောက်သွေ့စေတဲ့ အဓိကအကြောင်းအရင်းတွေပါ။ ဒီလိုမျိုး အပူအအေးလွန်ကဲတဲ့ လေထုက အရေပြားပေါ်က သဘာဝအစိုဓာတ်ကို ကုန်ခမ်းစေနိုင်ပါတယ်။ နွေရာသီမှာဆိုရင်တော့ နေပူရှိန်၊ လေအေးပေးစက်ကလေ၊ ဆားငန်ရေနဲ့ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ထဲက ရေတွေက ကလေးအရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့ပြင် ကလေးအရေပြားမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

ကလေးသေးခံလောင်တာ (Diaper rash) ဆိုတာက ကလေးငယ်ကိုသေးခံဝတ်ပေးထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းမှုဖြစ်တာကို ဆိုလိုတာပါ။ တစ်ခါတလေမှာ သေးခံလောင်တာကြောင့် ကလေးရဲ့အရေပြားက နီမြန်းရောင်ရမ်းပြီး ခပ်နွေးနွေးဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာလည်း ခံစားရတဲ့အနေအထားချင်းမတူတတ်ပါဘူး။ အချို့ကလေးတွေမှာ ကလေးသေးခံလောင်တာရဲ့ အနေအထားက တော်တော်လေးပြင်းထန်တတ်ပေမယ့် အချို့ကလေးငယ်တွေမှာတော့ သိပ်မပြင်းထန်တာမျိုးလည်းရှိပါတယ်။ ဘာကြောင့် ကလေးသေးခံလောင်တာ လဲ စုပ်ယူမှုအားအရမ်းကောင်းပါတယ်ဆိုတဲ့သေးခံသုံးပေးမယ်ဆိုရင်တောင်မှ သေးခံတွေက အကုန်လုံးကို စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးငယ်ရဲ့အရေပြား စိုစွတ်တာမျိုးက ဖြစ်နေစေဦးမှာပါပဲ။ ကလေးငယ်ရဲ့ သေးခံထဲမှာ ဆီးတွေ၊ ဝမ်းတွေရောသွားတဲ့အခါ ဒီအနေအထားက ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်ရလွယ်တဲ့ ဝန်းကျင်တစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဝမ်းခဏခဏသွားတဲ့ ကလေးငယ်တွေနဲ့ ဝမ်းပျက်နေတဲ့ ကလေးငယ်တွေမှာ သေးခံလောင်တဲ့ဝေဒနာကို ပိုခံစားရတာပါပဲ။ ဂရုတစိုက်နဲ့ မပြတ်တမ်းစောင့်ကြည့်ပြီး သေးခံလဲပေးနေတဲ့ မိဘတွေရဲ့ ကလေးငယ်တွေမှာလည်း သေးခံလောင်တဲ့ပြဿနာ မရှိတာတော့မဟုတ်ပါဘူး။ ထိခိုက်တုံ့ပြန်လွယ်တဲ့အသားအရေက အရေပြားပြဿနာတွေကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ အရေပြားကို သေးခံနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းရာသီမှာ ကလေးငယ်များမဖျားနာဖို့ ဆောင်ရွက်သင့်သည့်နည်းလမ်းများ

ဆောင်းရာသီသို့ ဝင်ရောက်လာသည်နှင့်အမျှ အအေးမိနှာစေးခြင်း၊ ဖျားနာခြင်းတို့အဖြစ်များလာပါတယ်။ ကိုယ်ခံစွမ်းအား ဖွံ့ဖြိုးဆဲကာလဖြစ်သည့် ကလေးအရွယ်တွင် ရောဂါပိုးမွှားများဝင်ရောက်ကာ ဖျားနာခြင်းတို့ ပိုမိုအဖြစ်များလေ့ရှိပါတယ်။ ဖြစ်မှဆေးခန်းသွားပြီး ဆေးဖိုးဝါးခကုန်မယ့်အစား မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီကာလမှာ ကိုယ်ခံအားကောင်းမွန်ဖို့ ရိုးရှင်းပြီး အစွမ်းထက်တဲ့ အောက်ပါနည်းလမ်းများကို စမ်းသပ်ကြည့်နိုင်ပါတယ်။   ၁။ နေ့စဉ် အနည်းဆုံး နို့နှစ်ခွက် ပုံမှန်တိုက်ပါ။ ကလေးများရဲ့ ကိုယ်ခန္ဓါဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် နို့ကိုရွေးချယ်တိုက်ပေးပါ။ တစ်ချို့ကလေးတွေက နွားနို့မကြိုက်တတ်တဲ့အတွက် ဗန်နီလာအရသာနဲ့လာတဲ့ Dutch Lady မလိုင်ပြည့်နို့မှုန့်ကို စမ်းတိုက်ကြည့်ဖို့ အကြံပြုလိုပါတယ်။ Dutch Lady မလိုင်ပြည့်နို့မှုန့်မှာ ကိုယ်ခံစွမ်းအားကိုတည်ဆောက်ပေးသော အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ ပရိုတင်း၊ ဇင့်နဲ့ ဗီတာမင် (D, A, B6) တွေ ဖြည့်စွက်ထည့်သွင်းထားတာဖြစ်ပြီး နွားနို့စစ်စစ်ကနေ ထုတ်ထားတဲ့အတွက် နွားနို့မှာပါဝင်တဲ့အကျိုးကျေးဇူးများအားလုံးကိုရရှိမှာပါ။ တစ်ထုတ်ချင်းအလိုက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

အရေပြားဆိုတာက ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သလို အရေးကြီးတဲ့ အစိတ်အပိုင်းလည်း ဟုတ်ပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းဖို့ကလည်း မလုပ်မဖြစ်လုပ်သင့်တဲ့ ကိစ္စရပ်တွေထဲကတစ်ခုလို့ ပြောချင်ပါတယ်။ အသားအရေထိန်းသိမ်းမှုက စောစောလုပ်နိုင်လေ ကောင်းလေပါ။ ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်ကတည်း အရေပြားစောင့်ရှောက်ပေးထားတာက အကောင်းဆုံးပါပဲ။ ကလေးရဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာက ပြောသလောက်တော့ မလွယ်ပါဘူး။ ကလေးတွေရဲ့ အသားအရေက နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် အသေးစိတ်ဂရုစိုက်နိုင်မှ တော်ရာကျပါမယ်။ ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။ ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ဆိုတော့ ကလေးငယ်ရဲ့ အရေပြားက မယ်လ်လာနင်ကို နည်းနည်းပဲထုတ်လွှတ်နိုင်သလို နေလောင်ဒဏ်ကိုလည်း ခံနိုင်ရည် နည်းပါတယ်။ ပြောချင်တာကတော့ ကလေးငယ်လေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပြီး ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်နိုင်ခြေကလည်း လူကြီးတွေအသားအရေထက် ပိုများပါတယ်။ ဓာတ်မတည့်တဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဆံသား ကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ

ကလေးတွေကို မွေးလာချိန်ကစလို့ အရွယ်ရောက်လာတဲ့အချိန်အထိ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတွေထဲမှာ ဆံသားကလည်းတစ်ခုအပါအဝင်ပါ။ ကလေးဆံသား လေးတွေက နူးညံ့လွန်းတာကြောင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုပါတယ်။ ကလေးတွေဟာ မိခင်ဝမ်းထဲကနေ မွေးလာကတည်းက နူးညံ့တဲ့ဆံသားလေးတွေနဲ့အတူ မွေးဖွားလာတာဖြစ်ပြီး ဒီဆံသားလေးတွေကို စနစ်တကျထိန်းသိမ်းပေးမှ ကျန်းမာတဲ့ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်တဲ့ ဘေဘီလေးတွေဖြစ်လာမှာပါ။ မိဘတော်တော်များများက ကလေးလေးတွေရဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဂဃနဏမသိကြပါဘူး။ ဒီတစ်ခါကတော့ ဘေဘီလေးတွေရဲ့ ဆံသားကို ဘာကြောင့်စောင့်ရှောက်ပေးဖို့လိုတာလဲဆိုတာနဲ့ ဘယ်လိုစောင့်ရှောက်ပေးသင့်လဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ ကလေးဆံပင်အကြောင်း တစေ့တစောင်း ကလေးငယ်လေးတွေရဲ့ ဆံသားက အသက်အရွယ်နဲ့ ဆံပင်အမျိုးအစားကို လိုက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဆံသားသဘာဝချင်း မတူကြပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘယ်အရွယ်ပဲဖြစ်ဖြစ်၊ ဘယ်လိုဆံသားအမျိုးအစားမျိုးပဲဖြစ်ဖြစ် ပုံမှန်ခေါင်းလျှော်ပေးဖို့လိုသလို ဆံပင်ဆီလိမ်းတာ၊ ခေါင်းဖြီးပေးတာနဲ့ ဆံပင်ရှည်လာတဲ့အခါ ညှပ်ပေးဖို့လိုတာချင်းကတော့ တူတူပါပဲ။ ကလေးဆံသား ရော ဦးရေပြားကပါ နူးညံ့ထိခိုက်ထိခိုက်လွယ်တာကြောင့် သေသေချာဂရုစိုက်ဖို့တော့ လိုပါတယ်။ ကလေးငယ်လေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

အစားအစာနဲ့ မတည့်လို့၊ ဆေးနဲ့ မတည့်လို့၊ အင်းဆက်ကိုက်ခံရလို့၊ ပန်းဝတ်မှုန်ကြောင့်၊ တခြားအရာဝတ္ထုတွေကြောင့် စသည်ဖြင့် ဓာတ်မတည့်မှု အမျိုးမျိုး ရှိနိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ အရေပြားက နုနယ်လွန်းတာကြောင့် အရေပြား ဓာတ်မတည့်မှုလည်း အဖြစ်များပါတယ်။ ဒါ့ကြောင့် လူကြီးတွေထက် ပိုဂရုစိုက်ပေးသင့်တာပါ။ ကိုယ်ခံစားနေရတာကို သေချာလည်းမပြောပြတတ်တဲ့၊ ဘာမှမသိသေးတဲ့ အရွယ်မို့ မိဘတွေက သတိထားစောင့်ကြည့်ပေးရမှာပါ။ဒီတစ်ခေါက်တော့ အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။  ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုသိနိုင်မလဲ မပြင်းထန်တဲ့ လက္ခဏာတွေက အရေပြားယားယံလာမယ် နီရဲလာမယ် နည်းနည်းရောင်လာမယ် နှာခေါင်းပိတ်မယ်၊ နှာစေးမယ် နှာချေနေမယ် မျက်လုံးယားမယ်၊ မျက်ရည်ကျမယ် ခန္ဓာကိုယ်မှာ အနီဖုလေးတွေထွက်မယ်။ ကိုယ့်ကလေးမှာ ဒီလိုလက္ခဏာတွေဖြစ်နေသလား သတိထားကြည့်ပါ။ ကာလတိုအတွင်း ပျောက်ကင်းနိုင်လောက်တဲ့ အပျော့စား လက္ခဏာတွေဆိုပေမယ့် လက္ခဏာတာရှည်လာရင် ဆရာဝန်ပြဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြားခြောက်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး ထိခိုက်လွယ်သလို ပိုပြီးတော့လည်း ခြောက်သွေ့လွယ်ပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကလည်း ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့ အရေပြားကို မခြောက်သွေ့အာင် ထိန်းသိမ်းပေးဖို့က မိဘတွေအနေနဲ့ မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဒီတစ်ခါတော့ ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးမယ်နော်။ ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက် ကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုအခြေအနေနဲ့ ပြင်ပလေတွေကြောင့် ခြောက်သွေ့နိုင်သလို အခန်းတွင်းအပူချိန်ပြင်းလွန်းရင်လည်း ခြောက်သွေ့တတ်ပါတယ်။ ကလေးက ခြောက်သွေ့လွယ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားရင်တော့ ဖေဖေမေမေတွေအနေနဲ့ ပိုပြီးဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ အရေပြားမခြောက်သွေ့အောင် ဘာလို့ကာကွယ်သင့်တာလဲ ကလေးငယ်မှာ အရေပြားခြောက်သွေ့တဲ့အခါ နောက်ဆက်တွဲအရေပြားပြဿနာတွေဖြစ်တဲ့ ယားယံတာ၊ အရေပြားအဖတ်ကွာတာ၊ Eczema (နှင်းခူ) နဲ့Ichthyosis […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်အတွက် စိတ်ချရတဲ့အသားရေထိန်းသိမ်းမှုပစ္စည်း ရွေးချယ်ကြရအောင်

မိဘတိုင်းက သားသမီးတွေကိုအကောင်းဆုံးဆိုတာတွေပဲပေးချင်မယ်ဆိုတာ အသေအချာပါပဲ။ ဒီအတွက် ကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ ကိုယ့်ရင်သွေးလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုပဲလိုချင်ကြမယ်ဆိုတာမေးစရာတောင်လိုမယ်မထင်ပါဘူး။ ရင်သွေးလေးတွေကို အကောင်းဆုံးတွေပဲပေးချင်တဲ့ဖေဖေမေမေတို့အတွက်ရွေးရခက်တာမျိုးမဖြစ်ရလေအောင်ဘေဘီလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်တဲ့အခါ သတိထားရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။   ကလေးတစ်ယောက်အတွက် လိုအပ်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းများ ကလေးတစ်ယောက်ရှိနေတဲ့အိမ်မှာ မရှိမဖြစ်ရှိထားသင့်တဲ့ ပစ္စည်းတွေကတော့ - ကလေးဆပ်ပြာ ရေချိုးဆပ်ပြာရည် ခေါင်းလျှော်ရည် ကလေးသုံး lotion diaper cream baby oil ကလေးအဝတ်အစားတွေ အိပ်ရာတွေကိုလျှော်ဖွတ်ဖို့ ဆပ်ပြာမှုန့် ကလေးပေါင်ဒါမှုန့်   ဘယ်လိုရွေးချယ်မလဲ လူတိုင်းအတွက်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက ကလေးငယ်လေးတွေရဲ့ အရေပြားကို ထိခိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေဝယ်ယူတဲ့အခါ ဒီအချက်လေးတွေသတိထားပေးပါ။   ဓာတုပစ္စည်းကင်းစင်တဲ့ အရာတွေကိုရွေးချယ်ပါ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတော်တော်များများမှာ ဓာတုပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ ဓာတုပစ္စည်းလုံးဝကင်းစင်တာမျိုးကတော်တော်လေးရှားပါတယ်။ သတိထားရမှာက အရေပြားကို ယားယံပြီး ဓာတ်မတည့်တာမျိုးဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်တာမျိုးကိုရွေးချယ်မိဖို့ပါ။   တုံ့ပြန်လွယ်တဲ့အသားအရေနဲ့ လိုက်ဖက်မယ့်ပစ္စည်းမျိုးကိုရွေးချယ်ပါ ကလေးငယ်လေးတွေရဲ့အသားအရေက ထိခိုက်လွယ်တာကြောင့် ရင်သွေးလေးအတွက်အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ တုံ့ပြန်လွယ်တဲ့အသားအရေအတွက်အဆင်ပြေပြီး အရေပြားဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေမပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ။ သေသေချာချာစမ်းသပ်မှုတွေလုပ်ထားပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း