ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာ ဘာကြောင့်လဲ

ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာ ချစ်စရာကောင်းတဲ့အမူအရာလို့ မိဘတွေကမြင်ကြပါတယ်။ သူတို့မျက်လုံးပွတ်နေချိန်မှာ နှာခေါင်းလေးတွေ၊ မျက်နှာလေးတွေနီလာတာကိုကြည့်ရတာလည်း ချစ်စရာကောင်းနေမှာပါ။ ဒါပေမယ့် ဘာမှမလုပ်ဘဲ ကလေးကိုပဲသေချာစောင့်ကြည့်ကြည့်ပါ။ အဲဒီအမူအရာလေးကတဆင့် သင့်ကို သူပြောပြချင်နေတဲ့ အကြောင်းတစ်ခုခုရှိနေတာသိလာရင် သင်မျက်နှာလွှဲနိုင်တော့မှာမဟုတ်ပါဘူး။ သူ အိပ်ချင်နေတာ ဒါမှမဟုတ် ပင်ပန်းနေတာ စသည်ဖြင့် အခြေအနေတစ်ခုခုကို ညွှန်ပြချင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါဟာ ကလေးတစ်ယောက်ရဲ့ခြေဟန်လက်ဟန်တစ်ခုလောက်ပဲလို့ ယူဆမယ်ဆို မှားယွင်းနေပါတယ်။ ကလေးလေးတွေက မျက်စိကို ပွတ်နေတာဟာ သူဘာလိုချင်သလဲဆိုတာ သင့်ကို သိစေချင်နေတဲ့အကြောင်းရင်းက အများကြီးရှိနေနိုင်ပါတယ်။ ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာ ဘာကြောင့်လဲ ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ မျက်စိညောင်းလာခြင်း ကလေးတစ်ယောက်ပင်ပန်းလာပြီဆိုရင် မျက်လုံးလေးတွေ စင်းလာတတ်ပါတယ်။ သူမျက်လုံးတွေ ပွတ်နေတဲ့အခါ မျက်လုံးတစ်ဝိုက်က၊ မျက်လုံးထဲက၊ မျက်ခွံထဲမှာရှိနေတဲ့ ကြွက်သားနာကျင်တောင့်တင်းမှုကို လျော့စေဖို့ လုပ်နေတာဖြစ်ပါတယ်။ ကလေးက မျက်စိညောင်းလာတဲ့အခါ သူ့မျက်လုံးထဲမှာ မျက်သား ခြောက်သွေ့လာပါတယ်။ မျက်လုံးရှေ့ဘက်ခြမ်းက အကာအကွယ်အလွှာပါးမှာ လေနဲ့ထိတွေ့တာ ကြာလာတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးတွေအတွက် အဘက်ဘက်ကနေ အကျိုးပြုနေပါတယ်။ မိဘတွေက ကလေးငယ်ရဲ့လှုပ်ရှားမှုတွေနဲ့ ဆော့ကစားတဲ့အခါမျိုးတွေမှာ အတူပါဝင်ဆောင်ရွက်ပေးခြင်းက ကလေးရဲ့ လှုပ်ရှားမှုကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ကလေးလေးတွေက သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို အခြားအရာတွေထက်ပိုမိုလုပ်ဆောင်ချင်စိတ်ရှိတတ်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပျော်မွေ့လာတဲ့အခါ ကလေးရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကလည်း တဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ကလေးရဲ့နေ့စဉ်ဆော့ကစားမှုတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းနိုင်သလိုတော်တော်ငယ်ငယ်အရွယ်လောက်မှာကတည်းက သင်ကြားပေးလို့ရနေပြီဖြစ်ပါတယ်။   ကလေး ၂ နှစ်ခွဲ နဲ့ ၃ နှစ်အရွယ်လောက်မှာဘာတွေလုပ်နိုင်ပြီလဲ။ ကလေးတွေဟာ အသက် ၂ နှစ်ခွဲအရွယ်ရောက်တဲ့အခါ - ကောင်းကောင်းပြေးနိုင်နေပြီ၊ ကစားစရာတွေပေါ် တက်တတ်၊ဆင်းတတ်ပြီ၊ ဇွန်းကိုင်ပြီး ကိုယ်တိုင်စားနိုင်ပြီ၊ ခွက်ကိုင်ပြီး ကိုယ်တိုင်သောက်နိုင်ပြီ။ ဦးတည်ချက်မှန်အောင်မချိန်ရွယ်နိုင်သေးပေမယ့်ဘောလုံးလိုမျိုး ခပ်ပျော့ပျော့အရာတွေကို ကန်တတ်ပြီ၊ လှေကားတက်တတ်ပြီ၊ ပစ်ချင်တဲ့နေရာကိုရောက်အောင်ဘောလုံးကိုပစ်တတ်ပြီ၊ ကိုယ်တိုင် အဝတ်လဲနိုင်ဖို့စသင်ယူနိုင်နေပြီ၊   ကလေးတွေ ၃ နှစ်သားအရွယ်ရောက်လာတဲ့အခါ တစ်ယောက်တည်း လှေကားတွေလည်းတက်နိုင်ဆင်းနိုင်ပြီ၊ ကလေးစက်ဘီးလိုမျိုးခြေထောက်နဲ့နင်းပြီးစီးရတာတွေကို စစီးတတ်ပြီ၊ ဟန်ချက်ညီညီလမ်းလျှောက်တတ်ပြီဖြစ်သလိုခြေဖျားထောက်ပြီး […]


ကလေးငယ်ပထမနှစ်

၃၂ ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သူမ၏ စိတ်ခံစားမှုသည် ပိုပြီးရှင်းလင်းလာပါသည်။ နောက်လာမည့် လများတွင် သင့်ကလေးသည် နှစ်သက်ခြင်း၊ သူများငိုလျှင် လိုက်ငိုခြင်းကဲ့သို့သော စိတ်ခံစားမှုများ အမူအရာများကို အတုခိုးတတ်လာပါလိမ့်မည်။ ရှေ့ဆက်၍ သင့်ကလေးသည် သင် အခြားသူများကို မည်သို့ဆက်ဆံသည်ကို သူမြင်သည့်အတိုင်း သင်ယူပါလိမ့်မည်။   ၇လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည် • ထိုင်ရာမှ ထရပ်နိုင်သည်။ • ဝမ်းလျားမှောက်နေရာမှ ထထိုင်နိုင်သည်။ • လက်ခုပ်တီးတတ်ပြီး လက်ကိုဝှေ့ရမ်းနှုတ်ဆက်တတ်သည်။ • ပစ္စည်းများကို လက်ဖြင့် ကောက်ယူတတ်သည်။ • အိမ်နှင့် အနီးတဝိုက်ကို စူးစမ်းတတ်သည်။ • မေမေ၊ ဖေဖေ ခေါ်တတ်ပြီဖြစ်သည်။   ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးသည် အခြားအခန်းတွင် သီးခြားအိပ်လျှင် သင်နှင့်ခွဲရမည်ကို စိုးရိမ်စိတ်ရှိလျှင် အိပ်ရာမဝင်ခင် သင့်ကလေးကို စာဖတ်ပြခြင်း၊ ပုခက်လွှဲပေးခြင်း၊ သီချင်းဖွင့်ပြခြင်းများလုပ်ပေးပြီး သူ့အနားတွင် အချိန်ပိုနေပေးပါ။ အိပ်ရာမဝင်ခင် ပုံမှန်လုပ်တတ်သောအရာများကို လုပ်ပေးခြင်းဖြင့် သင့်ကလေးကို […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးက ဘယ်ဘာသာစကားနဲ့ ငိုသလဲ

မိခင်ဝမ်းထဲက ထွက်လာပြီးတဲ့အချိန်မှာ ကလေးလေးအဖို့ ပတ်ဝန်းကျင်နဲ့ ပထမဆုံးဆက်ဆံတဲ့ စကားက ငိုတာပဲ ဖြစ်ပါတယ်။ မွေးကင်းစကလေးရဲ့ ငိုသံဟာ သုတေသနအများအပြားပြုလုပ်နေကြတဲ့ ဦးတည်ချက်ခေါင်းစဉ်တခုလည်း ဖြစ်ပါတယ်။ အဆိုပါ သုတေသနတွေအနက် အချို့သော လေ့လာမှုတွေရဲ့အဆိုအရ မွေးကင်းစကလေးရဲ့ ငိုသံနဲ့ အမေရဲ့ ပင်ရင်းဘာသာစကားတို့အကြားမှာ စိတ်ဝင်စားစရာ ဆက်စပ်မှုတခု ရှိနေတာတယ်လို့ သိရပါတယ်။ အဆိုပါ ဆက်စပ်မှုကတော့ ကလေးငိုသံနဲ့ အမေ့စကားသံတို့ဟာ အသံနှုန်းတွေ၊အသံအနိမ့်အမြင့်တွေအရ တထပ်တည်းနီးပါး တူနေတာပါပဲ။     ကလေးငယ်ရဲ့ ငိုသံဟာ မိခင်ရဲ့ ပင်ရင်းဘာသာစကားနဲ့ ဘယ်လိုဆက်စပ်နေသလဲ။ ဘာသာစကားအမျိုးမျိုးမှာ မတူညီတဲ့ အသံတွေ၊စကားတွဲတွေရှိပြီး လေသံအဖိအဖော့၊အတက်အကျ၊လေယူလေသိမ်းလည်း ကွာခြားပါတယ် (တချို့ဘာသာစကားတွေမှာတော့ အခြားဘာသာစကားတွေနဲ့ နှိုင်းယှဉ်စရာ လေသံအတက်အကျ အထူးတလည် မရှိပါဘူး)။ သုတေသီတွေဟာ ပင်ရင်းဘာသာစကားမတူညီတဲ့ ကလေးတွေ ဗိုက်ဆာတဲ့အခါ၊နာကျင်တဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးတဲ့အခါ ငိုတဲ့ ငိုသံတွေကို အသံဖမ်းထားပြီး အသံအနိမ့်အမြင့်၊အတက်အကျ၊အတိုးအကျယ် စတာတွေကို နှိုင်းယှဉ်လေ့လာပါတယ်။ မွေးပြီးပထမဆုံးရက်သတ္တပတ်မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအသစ်တစ်ယောက်ရတဲ့ ဒဏ်ကိုခံနိုင်အောင် ဘယ်လိုလုပ်သင့်လဲ

သင့်ဘဝမှာ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေကို ပထမဆုံးမိဘဖြစ်ခြင်းက သယ်ဆောင်လာပေးနိုင်ပါတယ်။ အခုတော့ သင့်ကမ္ဘာမှာ သင့်ကိုသာ လုံးလုံးလျားလျား မူတည်နေတဲ့ သူတစ်ဦးရှိနေပြီ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဟာ တခါတရံမှာ စိတ်ဖိစီးမှု အများအပြားကိုလည်း သယ်ဆောင်လာနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးငယ်ရဲ့ ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။     ၁။ ကောင်းမွန်တဲ့ ကလေးငယ်စောင့်ရှောက်တဲ့ အစီအစဉ် ဆွဲပါ။ သင်ဟာ ကျန်းမာပျော်ရွှင်မှသာ ကလေးငယ်ကို စောင့်ရှောက်ဖို့ လုံလောက်တဲ့ အားအင်ရရှိမှာ ဖြစ်ပါတယ်။ ကော်ဖီလွန်ကဲစွာ သောက်ခြင်း၊ အအိပ်ပျက်ခြင်းဟာ မိခင်အသစ်တွေကို စိတ်ဖိစီးမှု ပြင်းထန်စေပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံ၊ ရေများများသောက်ခြင်း၊ အသီးဖျော်ရည် များများသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတွေ လုပ်သင့်ပါတယ်။ သင့်ကလေးအိပ်နေချိန်မှာ သင်လည်း အိပ်သင့်ပါတယ်။ ကလေးကို စောင့်ရှောက်ဖို့အတွက် အချိန်ဇယားကို သင်ရော သင့်အိမ်ထောင်ဖက်ပါ ညအချိန် စောင့်ရှောက်ဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေမှာ ဖန်တီးနိုင်စွမ်းကို ဘယ်လို မြှင့်တင်မလဲ

ဖန်တီးနိုင်စွမ်းဟာ လူတစ်ယောက်ရဲ့ အနာဂတ်အောင်မြင်မှုကို လွှမ်းမိုးနိုင်တဲ့ အကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ ကလေးတိုင်းဟာ သူတို့မှာ ဖန်တီးနိုင်တဲ့ မျိုးစေ့ရှိပါတယ်။ မိဘတွေဟာ ကလေးတွေရဲ့ မျိုးစေ့ အပင်ပေါက်လာမလား၊ ကြီးလာမလား၊ မကြီးလာဘူးလားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဓိက ကျပါတယ်။ ကလေးရဲ့ ဖွံ့ဖြိုးမှု အပြည့်အဝရရှိဖို့အတွက် မိဘတွေက ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ့် အချက် ၇ ချက်ကို ဖေါ်ပြလိုက်ရပါတယ်။     သူတို့ကို အမှီအခိုကင်းစွာ တွေးတောဖို့ အားပေးပါ။ ကလေးအများစုဟာ မိဘတွေကို အတုယူပြီး အကြံဉာဏ်တောင်းကာ မိဘတွေက အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်သူတွေလို့ ယုံကြည်ကြပါတယ်။ ပြဿနာပေါ်လာရင် မိဘတွေက အမြဲတမ်းသူတို့ကို တိုင်ပင်ဖို့ ပြောထားတဲ့အချက်ကို မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ပြဿနာတွေကို အဖြေရှာရာမှာ သူတို့ကို တွေးတောဖို့ အခွင့်အရေးပေးသင့်ပြီး မိဘတွေက အကြံဉာဏ်ကို […]


ကလေးငယ်ပထမနှစ်

ကလေးငယ်ကို ဉာဏ်ပိုကောင်း အောင် ဘယ်လိုလုပ်မလဲ

ကလေးငယ်ကို ဉာဏ်ပိုကောင်း စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ‌ကလေးလေးတွေ ဉာဏ်ကောင်းမကောင်းဆိုတာက သူ့ရဲ့ မျိုးရိုးဗီဇနဲ့လည်း ဆိုသလို မွေးလာပြီးတဲ့အခါမှာ မိဘတွေက ဘယ်လိုပြုစုပေးလဲဆိုတဲ့ parentingနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် ကလေးလေးတွေ မွေးလာပြီးရင် မိဘတွေအနေနဲ့ ဘယ်လိုလေး ပြုစုပျိုးထောင်ပေးရမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။ ကလေးငယ်ကို ဉာဏ်ပိုကောင်း အောင် ဘယ်လိုလုပ်မလဲ  (၁) မမွေးခင် ဗိုက်ထဲမှာကတည်းကစတင်ပါ။ ကိုယ်၀န်ဆောင်စဉ်မှာ ကျန်းမာအောင်နေပါ။ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံကို မွေးယူပါ။ တချို့သော ဆေးဝါးအပါအ၀င် ကဖင်းဓာတ်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဘယ်ဆေးပဲဖြစ်ဖြစ် မသောက်သုံးခင်မှာ ဆရာဝန်နဲ့တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ဆေးလိပ်ငွေ့ကိုရှူရှိုက်မိခြင်းဟာ မွေးလာမယ့်ကလေးရဲ့ ဉာဏ်းရည်ကို အများကြီးထိခိုက်စေပါတယ်။ မူးယစ်ဆေးဝါးစွဲသူမိခင်ကနေ မွေးဖွားလာတဲ့ကလေးတွေဟာ သင်ကြားရေးအပိုင်းမှာ ဆိုးဆိုးရွားရွားထိခိုက်နိုင်ပြီး ကြမ်းတမ်းတဲ့ အပြုအမူတွေကိုလည်း ပြုလုပ်တတ်ကြပါတယ်။  (၂) ကလေးစကားပြောလာနိုင်ဖို့နှိုးဆွပေးပါ။  ကလေးက ဝူးဝူးဝါးဝါးမပီကလာ ပီကလာ ပြောလိုက်တိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးဖွံဖြိုးတိုးတက်မှုကို ဘယ်လိုအားပေးကူညီမလဲ

ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုဟာ ကိုယ်ခန္ဓါက တိကျတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်စေဖို့ မတူညီတဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးမှုမှာ အပိုင်းနှစ်ပိုင်းခွဲခြားနိုင်ပြီး gross motor skills နဲ့ fine motor skills တွေပဲ ဖြစ်ပါတယ်။ Gross motor skills တွေဟာ ကိုယ်ခန္ဓါရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ လက်၊ ခြေထောင် လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဖြစ်ပြီး fine motor skills ကတော့ လက်ချောင်း၊ ခြေချောင်း၊ တံတောင်ဆစ် အစရှိတာတွေက ပြုလုပ်တဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကိုယ်ခန္ဓါဖွံ့ဖြိုးမှုဟာ အရေးပါတာကြောင့် ကလေးရဲ့ ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့ လှုပ်ရှားမှုလေးမျိုးကို စမ်းကြည့်သင့်ပါတယ်။     ၁။ စာရေးခြင်းနဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ် လုံလောက်တဲ့ မိခင်နို့ရရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ

ကလေးငယ်ဟာ မိခင်နို့ အလုံအလောက်ရရှိမှု ရှိမရှိဆိုတာဟာ မိခင်အသစ်တွေ အတွက် စဉ်းစားစရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ မိခင်အားလုံးဟာ သူတို့ရဲ့ ကလေးငယ်တွေ လိုအပ်တဲ့ အာဟာရကို ရရှိစေလိုကြပါတယ်။ ဒါပေမယ့် သင်က ကလေးကို မိခင်နို့တိုက်ကျွေးချိန်မှာ ကလေးငယ်က ဘယ်လောက် ရရှိတယ်ဆိုတာ မြင်နိုင်ခြင်းမရှိပါဘူး။ မိခင်အများစုက ကလေးငယ် သောက်နိုင်သလောက် မိခင်နို့တိုက်ကျွေးလေ့ရှိပေမယ့် အချို့ကလေးငယ်တွေအတွက် လုံလောက်မှု မရှိပါဘူး။ ဒီလိုအခြေအနေတွေ ကြာမြင့်တဲ့အခါ သင့်ကလေးငယ်ဟာ ရေဓာတ်ကုန်ခမ်းခြင်းနဲ့ အာဟာရချို့တဲ့ ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ် လုံလောက်တဲ့ မိခင်နို့ရရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ ။ ကလေးငယ် နဲ့ မိခင်နို့ရည် သင့်ကလေးငယ်ဟာ သူမရဲ့ တစ်ရှူးတွေထဲမှာ အရည်အချို့နဲ့ မွေးဖွားလာပါတယ်။ ဒီအရည်တွေဟာ ပထမ ၄၈ နာရီအတွင်းမှာ ကိုယ်ခန္ဓာပြင်ပကို စွန့်ထုတ်လိုက်မှာ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်ခြင်းက ကလေးစားသောက်ပုံကို ဘယ်လိုသက်ရောက်စေလဲ

ကလေးမွေးဖွားပြီး တစ်နှစ်အတွင်းမှာ ကလေးမှာ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ ခံစားချက်ဆိုင်ရာတွေ အလျင်အမြန်ပဲ တိုးတက်ကြီးထွားလာတတ်ပါတယ်။ ဒီအချိန်အတွင်းမှာ စားသောက်မှုပုံစံကလည်း တိုးတက်လာပြီး အစာတစ်မျိုးတည်းစားတဲ့ကလေးအဖြစ်ကနေ (ဆိုလိုတာက မိခင်နို့ ဒါမှမဟုတ် နို့ဗူးပဲသောက်ရာကနေ) အခြားစားစရာအမျိုးမျိုးကိုလည်း စားတတ်တဲ့အရွယ်ရောက်လာပါပြီ။ စားသောက်ပုံကတော့ လူကြီးတွေနဲ့ တူလာပြီပေါ့။ ဒီပြောင်းလဲနေတဲ့အချိန်အတွင်းမှာ အခြားသူတွေရဲ့ စားသောက်ခြင်း အလေ့အထတွေကို လေ့လာရင်းနဲ့ ကလေးငယ်တွေကို တိုက်ရိုက်ခံစားကြည့်ခိုင်းခြင်းအားဖြင့် အစားအစာတွေအကြောင်း သင်ယူတတ်ပါစေ။ လေ့လာသူတွေကတော့ လမ်းလျှောက်တတ်စအရွယ်မှာ မိခင်နို့တိုက်ကျွေးခြင်းနဲ့ အုပ်ထိန်းမှုပုံစံတွေက ကာလရှည်စားသောက်မှု အလေ့အထတွေအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ မိခင်နို့မစို့ရတဲ့ ကလေးငယ်တွေဟာ သူတို့ကြီးထွားဖွံ့ဖြိုးစဉ်အချိန်မှာ မိဘတွေစားတဲ့ အလေ့အထကနေပြီး သူတို့အတွက် ကောင်းကျိုးတွေအများကြီး ရနေဆဲပါပဲ။ မိခင်နို့တိုက်ကျွေးခြင်းဟာ ပထမ ၆လအတွက် အကောင်းဆုံးအစာဖြစ်ပြီး ဒါဟာ ကလေးရဲ့ နောက်ပိုင်း စားသောက်မှုအလေ့အထတိုးတက်လာမှုအတွက် ကောင်းကျိုးတွေဖြစ်စေတယ်လို့ သက်သေပြုချက်တွေရှိထားပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ဗိုက်ဆာတဲ့အချိန်နဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း