မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ

ယခုဆောင်းပါးသည် ပံ့ပိုးမှုဖြင့်ရေးသားထားသောဆောင်းပါးဖြစ်သည်။ ကျွန်ုပ်တို့၏ ကြော်ငြာနှင့်ပံ့ပိုးမှုမူဝါဒအချက်အလက်များကို ပိုမိုသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 7, 2020 . 3 mins read
Share now

ဗိုက်ဗိုက်က နာတယ်၊ ဗိုက်အောင့်လိုက်တာလို့ သားသားမီးမီးလေးတွေကပြောတာကိုမေမေဖေဖေတိုင်းကြားဖူးကြမှာပါ။ ကလေးတွေက မအီမသာဖြစ်တဲ့အခါမှာ ခံစားရသမျှကို မဖော်ပြနိုင်ကြပါဘူး။ စကားမပြောတတ်သေးတဲ့အခါ ငိုတာမျိုး အမူအရာတစ်ခုခုလုပ်ပြတာမျိုးနဲ့ ခံစားရတဲ့ဝေဒနာကိုဖော်ပြတတ်ကြပါတယ်။ ကလေးက တစ်ခါတစ်လေမှာ ဗိုက်နာတာကပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် ကလေးက အချိန်တိုင်းလိုလို ဗိုက်ဗိုက် နာတယ်ပြောနေပြီဆိုရင်တော့ ကလေးငယ်က အစာခြေစနစ်ပြဿနာ ရင်ဆိုင်နေရတာဖြစ်ဖို့များသွားပါပြီ။

ဒီလိုအခြေအနေမျိုး မကြာခဏကြုံတွေ့နေရပြီဆိုရင်တော့ ကလေးငယ်ရဲ့ အစာခြေစနစ်ပြဿနာကိုသေသေချာချာသိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာတွေအကြောင်းဖော်ပြပေးထားပါတယ်။

ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေပြဿနာတွေက

ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာတွေကတော့ –

  • ကလေး လေနာ (Colic)
  • ဝမ်းပျက် ဝမ်းလျှော (Diarrhea)
  • အစားအစာဓာတ်မတည့်မှု (Food Allergies)
  • အစာမကြေဖြစ်ခြင်း
  • အော့အန်ခြင်း

ကလေးလေနာ

ကလေးကနေမကောင်းတာမျိုးလည်း မဟုတ်၊ ဗိုက်ဆာတာ၊သေးခံစိုနေတာ၊ အိပ်ချင်တာကြောင့်လည်း မဟုတ်ဘဲနဲ့ ကလေးက ခဏခဏငိုနေမယ်။ချော့လို့မရဘဲ အချိန်တော်တော်ကြာတဲ့အထိငိုနေမယ်ဆိုရင်တော့ ကလေးကလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဟာ ၃ လကနေ ၄ လအရွယ်မှာလေနာဝေဒနာကိုခံစားရနိုင်ခြေများပါတယ်။

ကလေးမှာလေနာဖြစ်နေမယ်ဆိုရင် –

  • တစ်နေ့ကို ၃ နာရီကျော်ကျော်လောက်ကို ငိုနေမယ်
  • တစ်ပတ်မှာ ၃ ရက်လောက်မက ငိုနေမယ်၊ ငိုတဲ့အချိန်မှန်မယ်
  • ကလေးက အကြောင်းအရင်းမရှိဘဲ ငိုနေတာက သီတင်းပတ် ၃ ပတ်ကျော်တဲ့အထိ ဆက်တိုက်ဖြစ်နေမယ် ဆိုရင် ကလေးကလေနာဖြစ်နေတာသေချာသွားပါပြီ။

ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောတာတော့ သိသိသာသာမြင်နိုင်တဲ့ ကလေးငယ်ရဲ့ အစာခြေစနစ်ပြဿနာပါ။ ကလေးက ဝမ်းအရည်တွေသွားနေမယ်။ ခဏခဏ အင်းအင်းပါနေတယ်ဆိုရင်တော့ ဘေဘီလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေပါပြီ။ ဝမ်းပျက်ဝမ်းလျှောက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာဆိုပေမယ့် ဝမ်းလျှောတာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပြင်ပကို စွန့်ထုတ်တဲ့ ဇီဝဖြစ်စဉ်တစ်ခုပါ။ ဝမ်းလျှောတာ ၁ ရက် ၂ ရက်လောက်ဆိုရင် သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ၂ ရက်ကျော်တဲ့အထိမှ ဝမ်းလျှောတာက မသက်သာဘူးဆိုရင်တော့ ဝမ်းလျှောတာက အခြားကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။ အူလမ်းကြောင်းနဲ့ အစာခြေစနစ်အတွင်းမှာပြဿနာရှိနေတာမျိုးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူလိုက်ပါ။

အစားအစာဓာတ်မတည့်မှု

အစားအစာဓာတ်မတည့်တာက စားလိုက်တဲ့ အစားအစာတစ်ခုခုကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့ အခါမျိုးမှာဖြစ်ပေါ်တဲ့ အစာခြေစနစ်ပြဿနာတစ်မျိုးပါ။ တစ်ခါတစ်လေမှာ ကလေးစားသုံးလိုက်မိတဲ့ အစားအစာက ကျန်းမာရေးကိုထိခိုက်တာမျိုးဖြစ်စေနိုင်တဲ့အခါမှာလည်း ကလေးရဲ့ ကိုယ်ခံအားတုံ့ပြန်တိုက်ခိုက်တဲ့အခါ အစားအစာဓာတ်မတည့်မှုဖြစ်လာနိုင်ပါတယ်။

ကလေးက –

  • အရေပြားမှာ အင်ပြင်ထွက်မယ်၊
  • အသက်ရှုကြပ်လာမယ်၊
  • အရေပြားတွေ ယားယံလာမယ်၊
  • အသက်ရှုရခက်လာမယ်၊
  • ဗိုက်အောင့်မယ်၊
  • အော့အန်မယ်၊
  • ဝမ်းသွားမယ်ဆိုရင်တော့ ကလေးက အစားအစာဓာတ်မတည့်မှုဖြစ်နေပါပြီ။

အစာမကြေဖြစ်ခြင်း

ကလေးတွေက သူတို့မှာ မအီမသာဖြစ်နေတာမျိုးကိုကောင်းကောင်းမဖော်ပြတတ်ပါဘူး။ စားလိုက်တဲ့အစားအစာက အစာကြေခဲတာ၊ အအေးမိထားတာကြောင့် အစာခြေစနစ်ကကောင်းကောင်းအလုပ်မလုပ်တဲ့အခါမျိုးမှာ အစာမကြေတာကို ခံစားရနိုင်ပါတယ်။ တစ်ခါတစ်လေလူကြီးတွေမှာတောင် အစာမကြေတာက ရင်ထဲတင်ပြည့်နေတာမျိုးမဟုတ်ဘဲ ခေါင်းထဲကပါ မူးနေသလို ကိုက်နေသလိုလိုနဲ့ မအီမသာဖြစ်နေတတ်ပါတယ်။ ထိုးအန်လိုက်မှ သက်သာသွားတာမျိုးပါ။ လူကြီးတွေတောင်ဖော်ပြဖို့ခက်တဲ့ ဒီအခြေအနေတွေကို ကလေးက ဘယ်လိုများ လိပ်ပတ်လည်အောင်ပြောတတ်ပါ့မလဲနော်။ ဒါကြောင့် ကလေးကမအီမသာနဲ့ ငိုနေမယ်၊ ဂျီကျနေမယ်ဆိုရင် သူတို့လေးတွေမှာ အစာမကြေတဲ့ဝေဒနာကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်နိုင်မယ့်နည်းလမ်းက ကလေးကို အစာကြေခဲတာမျိုးတွေမကျွေးပါနဲ့။ အစားအများကြီးတစ်ခါတည်းမကျွေးပါနဲ့။

အော့အန်ခြင်း

ကလေးမှာအော့အန်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော်တော်လေးတော့များပါတယ်။ အဖျားရှိနေတာ၊ စိတ်ဖိစီးမှုများနေတာ၊ ကားမူးတာအစာမကြေတာနဲ့ အမျိုးမျိုးသောအကြောင်းတွေကြောင့် အော့အန်နိုင်ပါတယ်။ ဒီလိုအော့အန်တဲ့နေရာမှာ အစာခြေစနစ်ကို ပိုးဝင်ကူးစက်မှုကြောင့် အော့အန်တာကတော့ စိုးရိမ်ရတဲ့ အကြောင်းအရင်းပါ။ တစ်ခါတစ်လေမှာ ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်တာကြောင့် အော့အန်နေတာမျိုးလည်းရှိနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးက ကလေးရဲ့ ခန္ဓာကိုယ်တွင်းက ရေဓာတ်တွေကို တော်တော်လေးဆုံးရှုံးစေတဲ့ အနေအထားဖြစ်စေတဲ့အတွက် ကလေးကို မိခင်နို့၊ရေ၊ကြက်စွပ်ပြုတ်၊ ဓာတ်ဆားလိုမျိုး ခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အရည်ဓာတ်တွေကို ရရှိအောင်လုပ်ဆောင်ပေးပါ။

ဒီနေရာမှာဖေဖေမေမေတို့ကို တစ်ခုအကြံပေးချင်တာက ရင်သွေးလေးတွေမှာ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကြုံရတဲ့အခါ ဆေးဝါးအကူအညီကိုရယူဖို့ပါ။ လေနာဖြစ်နေတဲ့ ကလေးငယ်ကို ဝေဒနာသက်သာစေဖို့ဆိုရင် အစာခြေလမ်းကြောင်းကို အထောက်အကူပြုပေးပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Lactobacillus reuteri bacteria ကို ထည့်သွင်းထုတ်လုပ်ထားတဲ့ အစာခြေစနစ်ကျန်းမာစေတဲ့ဆေးတစ်မျိုးမျိုးကိုတိုက်ကျွေးပေးလိုက်ပါနော်။ ကလေးက ငယ်သေးရင်တော့ အဆင်ပြေဆုံးကဆေးရည်ဖြစ်ပါလိမ့်မယ်။

ကလေးက အစာခြေစနစ်ပြဿနာကင်းဝေးတဲ့အခါပျော်ရွှင်ကျန်းမာတဲ့ ကလေးငယ်အဖြစ်ကြီးထွားဖွံ့ဖြိုးလာမှာပါ။ ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ မိမိရင်သွေးလေးတွေကို အစာခြေစနစ်ပြဿနာကင်းစင်တဲ့ ကလေးငယ်လေးတွေဖြစ်အောင် ဂရုစိုက်ပေးနိုင်ကြပါစေကြောင်း အကြံကောင်းတွေ ပါးလိုက်ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှုတမျိုး ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read