ဘေဘီလေး နဲ့ နွေရာသီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပူပြင်းခြောက်သွေ့လှတဲ့နွေဥတုက သက်ရှိတိုင်းနဲ့သက်ဆိုင်နေတာပါနော်။ တစ်နေ့ထက်တစ်နေ့ပိုပုလာတဲ့ အပူချိန်ကြောင့် ကိုယ်တိုင်ထက်ဘေဘီလေးကို ပိုစိတ်ပူနေမိတဲ့မေမေဖေဖေတို့များရှိနေလား။ ဒါဆိုရင်တော့နွေရာသီမှာဘေဘီလေးကို ကျန်းမာနေအောင်ဘယ်လိုထားရမလဲဆိုတာကို ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပါနော်။

ဘေဘီလေး နဲ့နွေရာသီ

နွေရာသီရဲ့ ပူပြင်းမှုဒဏ်ကဘေဘီပိစိလေးတွေအတွက်တော်ော်လေးပြင်းထန်မှာပါ။ ဒီတော့ဘေဘီလေးကို ကျန်းမာပျော်ရွှင်တဲ့နွေရာသီကို တူတူဖန်တီးပေးရအောင်လား။

နွေရာသီမှာ ကလေးကိုရေချိုးပေးလို့ရမလား

နွေရာသီက ပူပြင်းတာကြောင့် ကိုယ်တိုင်လည်းရေချိုးသလို ကလေးကိုလည်းရေချိုးပေးချင်မယ်ဆိုတာအသေအချာပါ။ ဒီတော့ရေချိုးပေးလို့ရလားလို့ သိချင်နေမှာပေါ့။ရေချိုးပေးလို့ရပါတယ်။ ကလေးကိုရေနွေးနွေးလေးနဲ့ချိုးပေးပါနော်။ တစ်နေ့ကို နှစ်ကြိမ်အထိချိုးပေးလို့ရပါတယ်။ အကြာကြီးမချိုးပေးမိဖို့တော့လိုပါမယ်နော်။

ရေတိုက်ပေးရမှာလား

နွေပူတာက ကလေးရေး လူကြီးကိုပါချွေးထွက်စေတာပါ။ ဒါကြောင့်ဘေဘီလေးကို ဆုံးရှုံးသွားတဲ့ရေဓါတ်ကာမိအောင်ရေတိုက်ပေးပါ။သောက်ရေကရေသန့် ဒါမှမဟုတ်ရေကျက်အေးကိုတိုက်လို့ရပါတယ်။ ကလေးက ငယ်သေးရင်တော့မေမေကရေများများသောက်လို့ နို့များများတိုက်ပါ။

မိတ်ပြဿနာ ဘယ်လိုဖြေရှင်းရမလဲ

နွေရဲ့ပြင်းရှရှခံစားချက်မှာ မိတ်ပေါက်တာကလည်း တစ်ခုပါပဲ။ဘေဘီလေးတွေ မိတ်ပေါက်ရင် သူတို့ခမျာတော်တော်လေးနေရခက်တာပါ။ ဒီအခါ ဘာလုပ်ပေးရမလဲမသိဖြစ်နေတယ်ဆိုရင်တော့ သနပ်ခါး ခပ်ကျဲကျဲလူးပေးတာ၊ ကရမက်ရေကျဲလေးလူးပေးတာမျိုးလုပ်ပေးပါ။ရေစိုဝတ်လေးနဲ့ တိုက်ပေးလို့လည်း၇ပါတယ်နော်။

သေးခံေလာင်နိုင်လား

ဖြစ်နိုင်တာပေါ့။ ပူလောင်နေတဲ့ ရာသီဥတုမှာသေးခံလောင်နိုင်ခြေက သာမန်ထက်ပိုများပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင်နွေရာသီမှာသေးခံ ခ့ပေးမယ့်အစားကလေးကို ချည်သားဘောင်းဘီလေးတွေပဲဝတ်ပေးလိုပ သက်တောင့်သက်သာပေးနေလိုက်ပါ။

နွေရာသီမှာဘေဘီလေးကျန်းမာပျော်ရွှင်စေဖို့

အစားအသောက် ဂရုစိုက်ပါ

နွေရာသီမှာ လူကြီးတွေတောင် အစားမှားမခံနိုင်တာ ကလေးတွေဆိုပိုဆိုးပါမယ်နော်။ ကလေးက နို့စို့အရွယ်ဆိုရင်တာ့မေမေက အစားအစာကို ဂရုစိုက်ပါ။ ကလေးကိုချွေးထွက်များနေရင် အဝတ်လဲပေးတာ၊ရေတိုက်ပေးတာ၊ နို့များများတိုက်ပေးတာမျိုးလုပ်ပေးပါ။ ကလေးက အစားစစားတတ်ပြီဆိုရင်လည်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကိုပြင်ဆင်ပေးပါ။

သောက်သုံးရေ သတိပြုပါ

သောက်သုံးရေကိုလည်း အသန့်ရှင်းဆုံးဖြစ်အောင်ဂရုစိုက်ပါ။ရေသန့် ဒါမှမဟုတ်ရေကျက်အေးတိုက်ပေးပါ။ ကလေးကချွေးထွက်များနေတယ်ဆိုရင်တော့ဘေဘီလေးအတွက်သီးသန့်ထုတ်ထားတဲ့ ဓါတ်ဆား ဒါမှမဟုတ် အုန်းစိမ်းရည်တိုက်ပေးပါ။ ကလေးရေဓါတ်ပြည့်ရဲ့လားဆိုတာကို ဆီးအရောင်ကနေတဆင့် ကြည့်နိုင်ပါတယ်။

ခြင်အန္တရာယ်ကာကွယ်ပါ

ရာသီဥတု ပူရင်ခြင်ပိုကိုက်ပါတယ်နော်။ ဒါကြောင့်နွေပူပူမှာ ကလေးကိုခြင်နဲ့ အင်းဆက်တွေအန္တရာယ်ကနေသေချာလေးကာကွယ်ပေးပါ။ ကလေးနေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရျင်း သပ်ရပ်နေအောင်ဂရုစိုက်ပါ။ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို ဖယ်ရှားရှင်းလင်းပေးပါ။

အပြင်သွားမှသေးခံဝတ်ပါ

နွေပူရတဲ့အထဲ ကလေးကို အပူထပ်မပေးပါနဲ့။ အပြင်သွားစရာရှိမှ ကလေးကိုသေးခံဝတ်ပေးပါ။ အိမ်မှာတစ်ချိန်လုံးသေးခံဝတ်ပေးထားတာမျိုးတော့မလုပ်ပါနဲ့။ ကလေးကို သက်တောင့်သက်သာပေးနေပါ။

မလိုအပ်ဘဲ ကလေးကို အင်္ကျီထူထူတွေမဝတ်ပေးမိပါစေနဲ့

နွေပူရတဲ့အထဲ ကလေးကို အနွေးထည်ဝတ်ပေးတာမျိုး၊စောင်ခြုံပေးတာမျိုးမလုပ်ပါနဲ့။ ကလေးကို အိပ်ရာခင်းပေးတဲ့အခါမှာလည်းမွေ့ရာတွေစောင်တွေ အထပ်ထပ်ခင်းပေးတာမျိုးမလုပ်ပါနဲ့နော်။ သင်ဖြူးဖျာလေးပေးမှာ အနှီးလေးခင်းလို့ သိပ်ပေးရင်ကိုရပါပြီနော်။

ဒါတွေအပြင် ထပ်သတိထားရမှာကဘေဘီလေးကို အပြင်ခေါ်သွားတိုင်း ထီးဆောင်းပေးတာ၊ ချည်သားလက်ရှည်လေးတွေဝတ်ပေးတာ၊ နေလောင်ကာခရင်မ်လူပေးတာတွေလုပ်ပေးဖို့မမေ့ပါနဲ့။ ကလးကိုလေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာထားပေးဖို့လည်း မမေ့ပါနဲ့နော်။ အခုပြောခဲ့တဲ့အချက်လေးတွကို တူတူလုပ်ကြည့်လို့နွေရာသီကိုဘေဘီလေးတို့ကို ကျန်းမာပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်အောင် ကူညီပေးလိုက်ရအောင်လား…………………

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား

မိခင်တွေဟာကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်ကြတာဟာသဘာဝပါ။ တစ်မျိုးပြီးတစ်မျိုး စားချင်ကြပါတယ်။ အစပ်စားချင်တာမျိုး ရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။ ဘေဘီလေးတို့ အိပ်ပျော်စေဖို့ သတိပြုစရာလေးတွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့ ဒါတွေ စားဖို့ မမေ့နဲ့နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် အသားအရေ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အသားအရေလေး လှမြဲတိုင်း လှနေစေဖို့ ဘာတွေစားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေနဲ့ အသင့်တော်ဆုံး သောက်စရာ

ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် ဘေဘီလေးကို လွယ်ထားချိန်မှာ အချိုရည်​တွေ မသောက်နဲ့ ကလေး ထိခိုက်မယ်။ကော်ဖီ၊ လက်ဖက်ရည်တွေ မသောက်နဲ့ သံဓာတ် အားနည်းမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
ဘေဘီလေးနဲ့ နေကြာစေ့

ဘေဘီလေးနဲ့ နေကြာစေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 29, 2020 . 4 mins read