ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လူရယ်လို့ဖြစ်လာရင် အညစ်အကြေးတွေ၊ပေကျံစေတဲ့အရာတွေ၊ရောဂါပိုးတွေကို ကိုင်တွယ်ထိတွေ့မိနိုင်ပါတယ်။ ဒီထိတွေ့မိမှုတွေကြောင့်ရောဂါမစြဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ ရိုးစင်းတဲ့နည်းလမ်းလေးရှိပါတယ်။ ဒါကတော့ လက်ဆေးတာပါ။ ဒါဆိုရင်မေးစရာရှိလာတာက ပက်လက်ကလေးပဲနေနေရတဲ့ဘေဘီလေးတွေ နဲ့ အရွယ်မရောက်သေးတဲ့ဘေဘီပေါက်စလေးတွေရော လက်ဆေးဖို့လိုမလားဆိုတဲ့ ကိစ္စပါ။ ဒီအဖြေကို သိချင်ရင်ဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်နော်။

ဘေဘီပိစိ လက်ဆေးဖို့လိုမလား…….

နုနယ်တဲ့အရွယ်မှာ ထိခိုက်လွယ်တာကြောင့် အစစအရာရာဂရုစိုက်ဖို့လိုပါမယ်။ ဒါမှရောဂါကင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ်ကြီးပြင်းအရွယ်ရောက်လာမှာပါ။ဘေဘီလေးတွေက သူတို့ရဲ့လက်ကလေးတွေနဲ့ဘာမှမကိုင်ဘူးဆိုပေမယ့်ပြင်ပလေထုထဲက မမြင်ရတဲ့ရောဂါပိုးတွေကတော့ ဘေဘီလေးရဲ့ လက်မှာ ကပ်ငြိနိုင်ပါတယ်။ ဒါကြောင့်ဘေဘီပိစိလေးကိုလည်း လက်ဆေးပေးဖို့လိုပါမယ်။ အရမ်းငယ်သေးတဲ့ဘေဘီလေးကိုတော့ ဂွမ်းစ၊ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးမှာရေနွေးနွေးလေးစွတ်ပြီး လက်ချောင်းလေးတစ်ချောင်းချင်းစီ၊ လက်ဖဝါး နဲ့ လက်ခုံတွေကိုသေချာလေးသန့်စင်ပေးဖို့လိုပါမယ်။ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Wet tissue ကို အသုံးပြုပေးလို့လည်းရပါတယ်။

လက်ဆေးတာက ကျန်းမာရေးအတွက် တကယ်ပဲ အထောက်အကူပြုတာလား…….

လက်ဆေးတာကရောဂါပိုးမွှားတွေပြန့်ပွားကူးစက်မှုကို အထိရောက်ဆုံးတားဆီးပေးနိုင်တဲ့ လွယ်ကူရိုးစင်းတဲ့နည်းလမ်းပါ။ဘေဘီလေးတွေမှာ အဖျားဝင်တာ၊ ဝမ်းကိုက်ပိုးဝင်တာအပါအဝင် အခြားသောရောဂါပိုးတွေ ကူးစက်ခံရမှုကနေအထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ရောဂါပိုးတွေကို ကာကွယ်ဖို့အတွက်ရော တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ပါ ထိရောက်ရိုးစင်းတဲ့နည်းလမ်းပါ။

နောက်တစ်ချက်ကမေမေဖေဖေတို့က ကိုယ်တိုင်လည်း လက်ဆေးမယ်။ဘေဘီလေးကိုလည်း ငယ်ငယ်ကတည်းက လက်ဆေးတဲ့အကျင့်ကိုသင်ထားပေးမှ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်စေမှာပါ။ဘေဘီလေးကို ငယ်စဉ်ကတည်းက အစားမစားခင်၊ ညစ်ပေတဲ့အရာတွေကိုကိုယ်တွယ်ပြီးတိုင်းမှာ လက်ဆေးတဲ့အကျင့်ကိုမွေးမြူပေးထားပါ။

ဘေဘီလေးကို လက်ဆေးပေးတော့မယ်ဆိုရင်

ဘေဘီလေးကိုလက်ဆေးပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို အဆင့်လိုက်လုပ်ဆောင်ပေးဖို့လိုပါမယ်။

  • အရင်ဆုံးရေကိုဖွင့်ပါ။
  • လက်ဖမိုးနဲ့ရေအပူချိန်ကို စမ်းကြည့်ပါ။
  • လက်နှစ်ဖက်စလုံးကို ဖွင့်ထားတဲ့ရေပိုက်အောင်မှာထားပါ။
  • လက်ကိုရေစိုအောင်လုပ်ပြီးတဲ့အခါ လက်ဖဝါးထဲကို ဆပ်ပြာထည့်ပါ။
  • ပြီးရင် လက်ကို အသာအယာလေးပွတ်ပေးပါ။
  • လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြားလေးတွေကိုပါမကျန်သေချာပွတ်တိုက်ပေးပါ။ စက္ကန့် ၂၀လောက်ကြာအောင်သေချာပွတ်တိုက်ပေးပါ။ ဒါမှရောဂါပိုးတွေစင်မှာပါ။
  • ပြီးရင်တော့ လက်ကိုရေလောင်းချလို့သေချာလေးဆေးကြောပေးပါ။
  • နောက်ဆုံးအဆင့်ကတော့ အစီအစဉ်တကျဆေးကြောထားတဲ့ လက်ကလေးတွေကို အဝတ်စသန့်သန့်လေးနဲ့ခြောက်သွေ့အောင်သုတ်ပေးဖို့ပါ။

ဘေဘီလေးကို ငယ်ငယ်ကတည်းက လက်သေချာဆေးကြောတတ်တဲ့ အကျင့်ကိုမွေးမြူပေးပါ။ ဒါမှ ကလေးက တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလိုက်နာတတ်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

ဗီဇပြောင်း COVID-19 မျိုးစိတ်သစ်တွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတယ်။ အဲဒီမျိုးစိတ်သစ်တွေထဲမှာ ကာကွယ်ဆေးမတိုး တဲ့ အမျိုးအစားလည်း ပါဝင်လာပါတယ်။

ရေးသားသူ Ye Zon Aung

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်ပါ။ ဒါမှ မွေးကတည်းကတစ်ပါတည်းပါလာခဲ့တဲ့ သက်တော်စောင့်လေးက ရောဂါတွေ၊ ပိုးမွှားတွေ အန္တရာယ်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးနေတဲ့အရာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာကနေ တားပေးဖို့ဆိုပေမယ့် အရေပြားကိုယ်တိုင်ကလည်း ရောဂါပိုးတွေ ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
နေပူထဲ မှာ အနေကြာပြီး ဖျားတဲ့အခါ

နေပူထဲ မှာ အနေကြာပြီး ဖျားတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ဂျိမ်းစဘွန်း ရုပ်ရှင်ထဲကလို သေနတ်ထိ ပေမယ့် အသက်ရှင်တာမျိုး ဖြစ်နိုင်လား......

သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 9, 2021 . 2 mins read
ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read