ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 20, 2020 . 1 min read
Share now

တံတွေးတွေထွက်အောင် အထိ တဗူးဗူးနဲ့ ဗူးမှုတ်တတ်တဲ့ ကလေးတွေ၊ နှုတ်ခမ်းကို လျှာနဲ့သပ်တတ်တဲ့ကလေးတွေက စကားစပြောတတ်ဖို့ ပိုလွယ်တယ်လို့ အင်္ဂလန်နိုင်ငံLancaster Universityရဲ့ သုတေသနကဖော်ပြခဲ့ပါတယ်။

နှုတ်ခမ်းလှုပ်ရှားမှုတွေနဲ့ ကလေးရဲ့ဘာသာစကားစွမ်းရည်တွေကြားမှာ ဆက်နွှယ်မှုကြီးမားတယ်လို့ သုတေသီတွေကပြောပါတယ်။

ကလေးတွေကို လျှာနဲ့နှုတ်ခမ်းသပ်တတ်အောင် သင်ပေးတာ၊ ဗူးမှုတ်ဖို့ သင်ပေးတာ၊ ကစားနည်းလုပ်ပေးတာကမှ စကားလုံးတွေ အသံထွက်တတ်လာအောင် သူတို့ရဲ့သင်ယူလေ့လာနိုင်စွမ်းကို ပိုကောင်းစေမယ်လို့ ဆိုပါတယ်။

သုတေသနမှာ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် အယောက် ၁၂၀ကျော်ကိုလေ့လာခဲ့ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက စကားလုံးအသစ်တွေသင်ယူမှုပိုမြန်တာဖြစ်ပါတယ်။ လေ့လာမှုရလဒ်တွေအရ နှုတ်ခမ်းလှုပ်ရှားမှုသိပ်မရှိတဲ့ ကလေးတွေဟာ ဘာသာစကားစွမ်းရည်မှာ အားနည်းကြတယ်လို့ သုတေသီ Dr Katie Alcock ကပြောပါတယ်။

ကလေးတွေကို နှုတ်ခမ်းလှုပ်ရှားမှုများများလုပ်ရတဲ့ ကစားနည်းတွေ ကစားပေးတဲ့၊ ချော့မြှူတဲ့မိဘတွေနဲ့ဆို ကလေးကစကားပိုတတ်ကြတယ်လို့ သုတေသနကထောက်ပြခဲ့ပါတယ်။

“ ကလေးတွေက တစ်နှစ်ခွဲရောက်တဲ့အခါ ထက်ဝက်လောက်က စကားလုံး ၁၀၀ လောက် စပြောတတ်နေပြီး စာကြောင်းတွေပါ ဆက်ပြီးပြောတတ်နေပြီ။ နောက်တစ်ဝက်ကတော့ မရဘူး။ ကလေးတွေရဲ့ ၅ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း လောက်က စကားတတ်တာအရမ်းနည်းတယ်။” လို့ သူကပြောပါတယ်။

ကလေးကို စကားတတ်စေချင်၊ ဘာသာစကားကျွမ်းကျင်စေချင်ရင် ဗူးမှုတ်မှာကိုမကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။ ဒီနည်းလေးတွေနဲ့ ကလေးရဲ့ လေ့လာသင်ယူမှုမှာ ကူညီပေးပါ။

  • ကလေးက လုပ်လိုက်တဲ့အသံလေးတွေအတိုင်း အသံလိုက်ထွက်ပေးပါ။ ကလေးနဲ့စကားပြောပါ။ စကားပြောတဲ့အခါ အသံအသစ်အဆန်းလေးတွေထည့်ပြောပါ။ ကလေးက လိုက်တုသလား ကြည့်ပါ။
  • ကလေးကို သီချင်းဆိုပြပါ။မြန်မာဓလေ့အရ ပုခက်လေးထဲထည့် သီချင်းဆိုသိပ်တာ သိပ်ကောင်းတဲ့နည်းပါ။ အသံအနိမ့်အမြင့်အမျိုးမျိုးနဲ့ တချို့နေရာမှာ အသံမြှင့်ပြီး တချို့နေရာမှာ တိုးတိုးညှင်းညှင်းဆိုပါ။
  • ကလေးမှတ်မိလောက်တဲ့ ဆိုနေကျသီချင်းကိုပဲ ဆိုပြပြီး သူနှုတ်ခမ်းလိုက်လှုပ်သလားကြည့်ပါ။
  • ကလေးနဲ့ ရွယ်တူလို အဖော်လုပ်ကစားပေးပါ။ ဖုန်းဆက်တဲ့ပုံလို လုပ်ပြီးသူနဲ့စကားပြောနေသယောင် လုပ်ပေးပါ။
  • သင့်ကလေးက သင့်အသံအမြဲကြားနေပါစေ။ တတ်နိုင်သလောက် ခဏခဏစကားပြောပေးပါ။ အထူးသဖြင့် သူ့ကိုစကားပြောလိုက်တဲ့အခါ သူ့ဘက်က မျက်နှာကြွက်သားလှုပ်ရှားတဲ့တုံ့ပြန်မှုဖြစ်လာအောင် ကြိုးစားပါ။ ဥပမာမြှူလိုက်လို့ပြန်ရယ်ပြတာဆိုရင် မျက်နှာကြွက်သားလှုပ်ရှားပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကောင်းကောင်းအိပ်ပျော်ချင်ရင် ဒါတွေစားပါ

ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ အစားအစာနဲ့ ပံ့ပိုးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အိပ်ရေးဝဝအိပ်ချင်သူတွေ သောက်သုံးပေးသင့်တဲ့ အဖျော်ယမကာ ၁၀ မျိုး

အိပ်မပျော်တဲ့ ဒီအခြေအနေကို ကုစားပေးနိုင်မယ့် နည်းလမ်းကတော့ အိပ်ယာဝင်ခါနီးမှာ သင့်လျော်တဲ့ အဖျော်ယမကာ တချို့ကို မှီဝဲ သောက်သုံးပေးတာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့

အမြဲစိတ်ဓာတ်တွေကျနေရင် ဘယ်လိုလုပ် ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်နိုင်တော့မှာလဲ။ ဒီတော့ စိတ်ဓာတ်ကျ (Depression) နေပြီဆိုရင် တိုက်ထုတ်လိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မိုဘိုင်းလ်ဖုန်းကို လက်ကမချနိုင်ဖြစ်နေတာ ဘာကြောင့်လဲ

ဘယ်အချိန်မဆို ဖုန်းကို တကိုင်ကိုင်နဲ့ ဖြစ်နေတယ်ဆိုရင် ဒါက မိုဘိုင်းလ်ဖုန်းကို နှစ်သက်တဲ့အခြေအနေးမဟုတ်တော့ပါဘူး။ စွဲလမ်းတဲ့အဆင့်ကို ရောက်နေတာဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

မိုးမိလို့ ဖျားတယ်ဆိုတာ တကယ်လား၊ ဂျင်းသက်သက်လား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2020 . 1 min read

ကလေးရေကူးကန်တွေက ဘာကြောင့်ပိုညစ်ပတ်တာလဲ

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2020 . 2 mins read

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2020 . 3 mins read
အိပ်မပျော်ရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

အိပ်မပျော်ရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2020 . 2 mins read